ငါးဖမ်းလှေများကို မူးယစ်ဆေး လိုက်ရောင်းသည့်လှေတစ်စီး ဖမ်းမိ

0
1024

ဘုတ်ပြင်းမြို့နယ်ရေပြင်တွင် ပင်လယ် အတွင်း ငါးဖမ်းလှေများကို မူးယစ်ဆေး လိုက်ရောင်းသည့် လှေတစ်စီးကို တပ်မတော်စစ်ရေယာဉ်က ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

နိုဝင်ဘာလ ၁၈ ရက် ည ၈ နာရီခန့်က ဆင်ဖြူကျွန်းအရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာတွင် မသင်္ကာဖွယ်ရာ အမည်မရှိ လှေတစ်စီးကို စစ်ရေယာဉ်က တွေ့ရသည့်အတွက် စစ်ဆေးကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အလျား ၂၈ ပေခွဲ၊ အနံ ၅ ပေရှိ သစ်သားလှေပေါ်တွင် ဘုတ်ပြင်းမြိူ့နယ် နေ အသက် ၃၉ နှစ်နှင့် ၄၄ နှစ်အရွယ် အမျိုးသားနှစ်ဦးကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အဆိုပါလှေပေါ်တွင် WY စိတ်ကြွ ဆေး ၇၃၅ ပြား၊ ဘိန်းစာမှုန့် ၁.၆ ကီလို ဂရမ်နှင့် ICE မူးယစ်ဆေး ၆၃၀ ဂရမ် ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

လှေပေါ်တွင် ဖမ်းဆီးရမိသူများကို စစ်ဆေးရာ အဆိုပါ မူးယစ်ဆေးများကို ကျွန်းစုမြို့နယ်နေ အသက် ၄၀ နှစ်အရွယ် ရှိ အမျိုးသားတစ်ဦးထံမှ ဝယ်ယူခဲ့ပြီး ပင်လယ်ပြင်ရှိ ငါးဖမ်းလှေများကို လိုက်လံရောင်းချနေစဉ် ဖမ်းဆီးခံရသည်ဟု ထွက်ဆိုကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အထက်ပါ အမျိုးသားသုံးဦးကို သက်ဆိုင်ရာမူး စိတ်ပုဒ်မများဖြင့် ဘုတ်ပြင်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch