ကမြောကင်းလမ်းဘေးရှိ လမ်းကို ကျောက်ရောမြေလမ်းခင်းမည်

0
1604
ကမြောကင်းလမ်းဘေးရှိ လမ်းကို ကျောက်ရောမြေလမ်းခင်းမည့်နေရာကိုတွေ့ရစဉ်
ကမြောကင်းလမ်းဘေးရှိ လမ်းကို ကျောက်ရောမြေလမ်းခင်းမည့်နေရာကိုတွေ့ရစဉ်။

ထားဝယ်မြို့ ကမြောကင်းလမ်းရှိ အိမ်များ၏မျက်နှာစာရှိလမ်းကို ကျောက် ရောမြေခင်းမည်ဖြစ်ကြောင်း ထားဝယ် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါလမ်းကို လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ်သိန်းပေါင်း ၃၆၀ နီးပါးအသုံးပြုကာ လမ်းခင်းမည် ဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။

အဆိုပါလမ်းမှာ ထားဝယ်မြို့သစ် စတင်ဖော်ဆောင်ချိန်ကတည်းက ဖောက် လုပ်ထားသည့်လမ်းဖြစ်ပြီး လက်ရှိတွင် ဆိုင်အချို့နှင့် အိမ်အချို့က ပစ္စည်းများစုပုံ ထားကြကြောင်း မြို့နည်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးအောင်ကိုဦး က ဆိုသည်။

“ကားတွေထား ပစ္စည်းတွေပုံနေတာ။ အိမ်ထဲ(အရှေ့) က လမ်းပေါ့”ဟု ဦးအောင်ကိုဦးက ပြောသည်။

အဆိုပါလမ်းတွင် အရှည်ပေ ၂၉၀၀၊ အကျယ်၁၈ ပေနှင့် ထု ၂ပေရှိ ကျောက်ရော မြေလမ်းခင်းမည်ဖြစ်ပြီး ငွေကျပ်သိန်းပေါင်း ၃၅၉ သိန်းကျော် အသုံးပြုမည် ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ ထံမှ သိရသည်။

အထက်ပါ လမ်းအပြင် ဆန်းချီလမ်းဆုံရှိ တြိဂံကိုလည်း ထားဝယ်၏ အမှတ်သင်္ကေတအရုပ်များဖြင့် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း အထက်ပါ အဖွဲ့ ထံမှ သိရသည်။

Dawei Watch