လူမှုတရားမျှတမှု ရှာပုံတော်

0
287

ယခင်အပတ်မှ အဆက်

စိန်ခေါ်မှုများ

ဦးရဲအောင်အပါအ၀င် ဘန်ကောက်မြို့ကို ထွက်လာကြတဲ့ ခမောင်းသွယ်သား တွေမှာ စိန်ခေါ်မှုတွေ အပြည့်နဲ့ပါ။ ခရီး စဉ်အောင်မြင်ပါ့မလား၊ ဘယ်လိုအခက် အခဲတွေ ရှိလာနိုင်မလဲ၊ အိမ်မှာကျန်ခဲ့တဲ့ မိသားစုဝင်တွေက နဂိုကတည်းကမှ ခု လိုရပ်ဝေးမြေခြားကို မသွားစေချင်ကြ။ ပိုဆိုးတာက ပြည်ပခရီးတစ်ခါဖူးမျှ မ သွားဖူးတဲ့သူတွေလည်း ၅ ယောက် ၆ ယောက်ပါတော့ အရာရာတိုင်းက သူတို့ အတွက် စိန်ခေါ်မှု။

တင်ကြို စိတ်ပူခဲ့သလိုပါပဲ။ ဘန်ကောက်လေဆိပ် လူဝင်မှုကြီးကြပ်ရေးကောင်တာရောက်တာနဲ့ ပြဿနာက စတော့တာပါပဲ။ ရှပ်အင်္ကျီ တစ်ပတ်နွမ်း နဲ့ ပုဆိုးဝတ်ပြီး ညှပ်ဖိနပ်စီးထားသူ အများစုပါတဲ့ ရိုးရိုးအအ တောင်သူကြီး တွေဖြစ်တဲ့ ဦးရဲအောင်တို့တစ်သိုက်ကို ထိုင်း လ.၀.ကက မေးခွန်းပေါင်းသောင်း ခြောက်ထောင် စမေးပါပြီ။ ထိုင်းစကား မပြောတတ်၊ အင်္ဂလိပ်လိုပြောတတ်တဲ့ ခရီးစဉ်စီစဉ်သူတွေ ပြောတာကိုလည်း နားမထောင်ဘဲ “ဘာ ဩ ရှင်တို့က ဒီ ပုံစံနဲ့ အလည်လာတာလား၊ ဘယ်သွားမှာ လဲ၊ ဘာလုပ်စားသလဲ၊ တောင်ယာလုပ် တယ်တဲ့လား”စတဲ့ အထင်သေးသလို မျက်နှာထားတဲ့ လေသံမြှင့်ပြောနေတဲ့ အဲသည်ထိုင်း လူဝင်မှုကြီးကြပ်ရေးအရာရှိ အမျိုးသမီးကို ဦးရဲအောင် အတော်လေး မျက်စိစပါးမွှေးစူးမိတယ်။ တစ်ပြိုင်နက် မှာ အားငယ်စိတ်လည်း ဖြစ်မိတယ်။

နောက်ဆုံး ခရီးစဉ်စီစဉ်တဲ့အဖွဲ့က ထိုင်းအမျိုးအမီးရောက်လာပြီး ခပ်တင်း တင်းပြောတော့မှ ပြည်ဝင်ခွင့်ပေးတယ်။ ခရီးစဉ် တတိယနေ့မှာ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရောက်လို့ ကော်မရှင်နာမင်းကြီးက လေဆိပ်မှာ ဖြစ်ခဲ့တဲ့ပြဿနာကို သူကြားရကြောင်း၊ ထိုင်းနိုင်ငံသားတစ်ယောက်အနေနဲ့ရော လူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူ တစ်ဦးအနေနဲ့ပါ သူစိတ်မကောင်းကြောင်း၊ တောင်းပန်ပါကြောင်းပြောမှ ရင်ထဲက အကျိတ်အခဲ ကြေသလိုဖြစ်ရတယ်။

အမှန်တကယ်တော့ ထိုင်း လ.၀.က မှာ ကြုံခဲ့ရတဲ့ စိန်ခေါ်မှုထက် ကိုယ့်ဒေသ မှာ ကြုံရမယ့် စိန်ခေါ်မှုတွေကို ဦးရဲအောင်တို့ပိုပြီးတော့ စိုးရိမ်မိပါသေး တယ်။ ထားဝယ်အထူးစီးပွားရေးဇုန်ဟာ ဒေသတွင်းက လူပေါင်းများစွာကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီး ပေးပြီး စီးပွားရေးတိုးတက်လာမယ်ဆိုတဲ့ ရွှေရောင်အိပ်မက် မက်လုံးတွေကြောင့် လည်း ဒီစီမံကိန်းနဲ့ဆက်စပ်စီမံကိန်း တွေအပေါ် မေးခွန်းထုတ်တာသော်လည်း ကောင်း၊ အခြားရှုထောင့်တစ်ခုခုကနေဝေဖန်ရင်သော်လည်းကောင်း အချို့လူ တွေ အသည်းတဆတ်ဆတ်တုန်ပြီး ရန် တွေ့ကြတာ ခမောင်းသွယ်သားတို့သိ တယ်လေ။

နိုင်ငံအစိုးရတာဝန်ရှိသူတွေနဲ့   ကန်ချနဘူရီ-ထားဝယ်လမ်းပိုင်းကို  အဆင့်မြှင့်တင်ရာမှာ လိုအပ်တဲ့ ငွေကြေး ကိုထုတ်ချေးပေးမယ့် နြီဗ ကိုယ်တိုင် က ဒီလမ်းဟာ ထားဝယ်အထူးစီးပွားရေး ဇုန်စီမံကိန်းနဲ့ ပတ်သက်မှုမရှိပါဘူးလို့ တွင်တွင်ပြောနေတာတောင်မှ ဒီလမ်းကို အထူးစီးပွားရေးဇုန်ပါလို့ မြင်နေသူတွေ ဒုနဲ့ဒေး။

နောက်ပြီး ဦးရဲအောင်တို့စိုးရိမ်တာ က စီမံကိန်းထောက်ခံသူအများစုဟာ တကယ့်အရေးကြီးတဲ့ သတင်းအချက် အလက်တွေကို ခရေစေ့တွင်းကျသိကြသူ နည်းပြီး ထစ်ကနဲရှိ ဆဲကြမယ်ဆိုတဲ့သူ တွေ များနေတာကိုပဲ။

ဒီအကြောင်းအရာတွေကို အသေး စိတ် ဥပဒေရှုထောင့်ကနေဖြစ်စေ၊ တခြား နိုင်ငံတွေမှာဖြစ်နေတဲ့ လက်တွေ့အဖြစ် အပျက်တွေကို ဥပမာပေးပြီး ချက်ကျ လက်ကျထောက်ပြဝေဖန်သူတွေကိုဖြစ်              စေ စီမံကိန်းကန့်ကွက်သူလို့ တံဆိပ်ကပ် ကြတာက စိတ်ပျက်စရာကောင်းလှပါ တယ်။

ဒီမှာထင်ရှားတဲ့ဥပမာကိုပြရရင် ၂၀၁၀ အီတာလျှံ ထိုင်းကုမ္ပဏီလမ်းအူကြောင်းစဖောက်စဉ်ကတည်းက ဒီနေ့ အထိ မဖြေရှင်းရသေးတဲ့ လမ်းနဲ့ပတ် သက်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုတဲ့သူတွေကို စီမံကိန်းကန့် ကွက်သူတွေဆိုပြီး ခေါင်းစဉ်တပ်ကြတာ ပါပဲ။ NEDA က ချေးငွေပေး။မပေးကို ဆုံးဖြတ်နိုင်ဖို့အတွက်  ၂၀၁၉  ခုနှစ် ဖေဖော်ဝါရီလကနေ စက်တင်ဘာလအထိ ၈ လတာအချိန်ယူပြီး ထိုင်းနိုင်ငံက နည်း ပညာကုမ်္ပဏီ ၃ ခုကို ငှားရမ်းလုပ်ကိုင်စေခဲ့ တယ်။ စာချုပ်အရ အဲဒီကုမ္ပဏီ ၃ ခုဟာ ၈ လတာအတွင်းမှာ အစီရင်ခံစာကို အ ပြီးသတ် ရေးသားရမှာဖြစ်ပြီး ဒီကာလ အတွင်း ဒေသနေပြည်သူလူထုတွေနဲ့ တွေ့ဆုံညှိနှိုင်းမှု ၂ ကြိမ် ပြုလုပ်မယ်လို့လည်း ဆိုထားတယ်။

အဲဒီလိုသဘောတူညီမှုတွေရှိထားပေမယ့် သြဂုတ်လကုန်ပိုင်းအထိ လမ်း ဖြတ်သွားမယ့် ခမောင်းသွယ်ဒေသအပါ အ၀င်အရှေ့တောတစ်ခွင်က ကျေးရွာတွေ ကို တာဝန်ရှိသူတွေ မရောက်လာကြဘူး။ လမ်းနဲ့ပတ်သက်တဲ့ တွေ့ဆုံပွဲကို နဘုလယ်ဒေသမှာ ပြုလုပ်တဲ့သတင်းကို ခမောင်းသွယ်သားတွေ သဲ့သဲ့ကြားမိပေ မယ့် ဒီဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး              အမှန်တကယ် ထိခိုက်ခံစားခဲ့ရသူတွေ ကျယ်ကျယ်ပြန့်ပြန့် မသိနေကြဘူး။

“ရွာမှာက အစည်းအဝေးလုပ်ဖို့ ထိုင်စရာတွေ သိပ်အဆင်မပြေဘူး၊ ပြီး တော့ မိုက်ခရိုဖုန်းတွေလည်း မရှိဘူးလေ။ ဒါကြောင့် နဘုလယ်က ရေနက်ဆိပ်ကမ်း ရုံးမှာ တွေ့ဆုံပွဲလုပ်တာပါ” လို့ NEDA ဒုဥက္ကဋ္ဌက ဘန်ကောက် သူ့ရုံးခန်းက တွေ့ဆုံပွဲမှာပြောတော့ ဦးရဲအောင်တို့ အံ့သြမိတာအမှန်။ ထိုင်းတက်္ကသိုလ်တစ်ခု ကနေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ    သိပ္ပံမေဂျာနဲ့ဒေါက်တာဘွဲ့ရလာပြီးစီမံကိန်းပေါင်းများစွာကို လုပ်ကိုင်ဖူးတဲ့အတွေ့အကြုံရှိပါတယ်လို့ သူ့ကိုယ်သူမိတ် ဆက်ခဲ့သူက ခုလိုစကားမျိုး ပြောထွက် တာကို ခမောင်းသွယ်သားတို့ စိတ်မ ကောင်းလည်း ဖြစ်မိတယ်။

အဆိုးဆုံးကတော့“တိုင်းပြည်ဖွံ့ဖြိုး ရေးလုပ်တဲ့နေရာမှာ ဒေသနေပြည်သူ တွေ အနစ်နာခံရမယ်” ဆိုတဲ့စကားကို သူပြောလိုက်တဲ့အချိန်ပါပဲ။ “ကျွန်တော့် ခေါင်းကို မိုးကြိုးပစ်လိုက်သလို ခံစားရ တယ်”လို့ ဦးရဲအောင်က လေးလေးပင်ပင် ပြောတယ်။ သူ့ခေါင်းထဲမှာတော့“ကျွန်တော်တို့က ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ကန့်ကွက်နေသူတွေ မဟုတ်ပါဘူးခင်ဗျ။ တာဝန်ယူမှုရှိတဲ့၊ ကောင်းမွန်ပြီး နိုင်ငံသူ နိုင်ငံသားတွေရဲ့ရေရှည်အကျိုးစီးပွား ဖြစ် ထွန်းမယ့် စီမံကိန်းမျိုးဖြစ်အောင် ဘယ် လိုလုပ်ကြမလဲဆိုတာကို ဆွေးနွေးနေတာ ဖြစ်ပါတယ်” လို့ အကြိမ်ကြိမ်ရေရွတ်မိနေ လေရဲ့။

သတင်းအချက်အလက်ရရှိမှု

စီမံကိန်းအကောင်အထည်ဖော်မယ့် နေရာဟာ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့အတွက် KNU ဗဟိုနဲ့ တွေ့ဆုံတောင်းဆိုခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့။

တကယ်တော့ ဒီခရီး မစတင်မီက တည်းက ဒီလမ်းစီမံကိန်းအဆင့်မြှင့်တင် ခြင်းနဲ့ပတ်သက်ရင် တာဝန်ရှိသူတွေ ထည့်သွင်းစဉ်းစားသင့်တဲ့ အကြံပြုချက် တွေကိုပေးဖို့ မြန်မာအစိုးရ တာဝန်ရှိသူ တွေကို ခမောင်းသွယ်သားတို့ ဆက်သွယ် ခဲ့တယ်။ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မီတီ (နေပြည်တော်)ကနေ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မီတီ(ထားဝယ်)ကို ပြန်လွှဲ တယ်။ အဲဒီကော်မီတီတာဝန်ရှိသူက ဒီ လမ်းဟာ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မီတီရဲ့ စီမံခန့်ခွဲမှုအောက်မှာ မရှိ တော့ကြောင်းနဲ့လမ်းဦးစီးဌာနက ပြုလုပ် မယ့် သြဂုတ် ၂၉  နဘုလယ်တွေ့ဆုံပွဲမှာ သွားပြောဖို့ ပြောလာပြန်တယ်။

စုံစမ်းကြည့်တော့ လမ်းဦးစီးဌာနက ပြုလုပ်မယ့် သြဂုတ် ၂၉  တွေ့ဆုံပွဲကို လမ်းဖြတ်သွားမယ့် ထိုင်း-မြန်မာ နယ် စပ်တစ်လျှောက်ကျေးရွာတွေက ရွာသူရွာ သားအတော်များများ မသိကြ။ ရေဖြူ ဘက်မှာတော့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ နောက်တစ်ဦးတက်ရောက်ဖို့ ဖိတ်ထား တယ်ဆိုပြီး သိရတယ်။

ဦးရဲအောင်တို့ ဆွေးနွေးလိုတာက အပေါ်မှာပြောခဲ့သလို လမ်းအူကြောင်း ပြဿနာကို ဘယ်လိုရှင်းကြမှာလဲ၊ ဘယ် သူက တာဝန်ယူမှာလဲ။ နောက်ပြီးအရေး ကြီးတာတစ်ခုက ဒီလမ်းမကြီးဟာ ဘန်းချောင်းနဲ့ ကမိုသွေး(ခမောင်းသွယ်) ချောင်းတို့ မေတ်္တာမြို့မှာ ပေါင်းဆုံပြီး တနင်္သာရီ မြစ်မကြီးဖြစ်လာတဲ့ ရေဝေရေ လဲ ဒေသကြီးကို ဖြတ်သွားရမှာ။ ၂၀၁၀ ITD လမ်းအူကြောင်းဖောက်ခဲ့စဉ် ကတည်းက ကမိုသွေးချောင်းထဲကို စီး ၀င်တဲ့ ချောင်းလက်တက်တွေ၊ ရေဝေ ရေလဲဧရိယာတွေ ဖုံးသွားတာ၊ ပျက်သွား တာတွေ အများကြီး ရှိခဲ့တယ်။

ဒီဒေသတွေဟာ ဦးရဲအောင်တို့လိုခမောင်းသွယ်သားတောသူတောင်သားတွေအတွက် အသက်သွေးကြောတွေဆိုက လည်း မမှား။ ဒီချောင်းလက်တက်တွေက နေ သောက်ရေရတယ်။ ဖား၊ ငါး     ရာသီမရွေး ရှာဖွေစားသောက်လို့ရတယ်။ “ကျွန်တော်တို့ရွာတွေမှာ မြို့ပေါ်လို စူပါ မားကတ်တွေ၊ ဈေးတွေမရှိပေမယ့် ဒီ ချောင်း၊ ဒီတော၊ ဒီတောင်တန်းတွေဟာ ကျွန်တော်တို့တွေရဲ့ စူပါမားကတ်ကြီး တွေပါပဲ”လို့ ခမောင်းသွယ်သားတွေ ဂုဏ်ယူတဲ့အသံနဲ့ ပြောခဲ့တာကြားရတိုင်း ကြက်သီးတဖြန်းဖြန်းထရတယ်။ နောက် တစ်ခုက ကမိုသွေးချောင်းမကြီးကို ဖြတ် ပြီး ချောင်းဟိုမှာဘက်မှာ စိုက်ပျိုးလုပ်ကိုင်စားသောက်ကြသူတွေဟာ အကယ်၍ များ ဒီလမ်းမကြီး ဖောက်ပြီးသွားရင် ဘယ်လိုဖြတ်သန်းသွားလာကြရမလဲ။ဘယ်နေရာကနေ ဖြတ်ကြမလဲ။ ပြီးတော့ ကမ်္ဘာပေါ်မှာ မျိုးသုန်းပျောက်ကွယ်သွား တော့မယ့် တောရိုင်းတိရိစ်္ဆာန်တွေ နေ ထိုင်ကျက်စားရာဖြစ်တဲ့ ဒီဧရိယာကြီးဟာ ဒေါန-တနင်္သာရီရိုးမကြီးရဲ့ အသည်း  နှလုံးနေရာ။ ဒီတောဒီတောင်မှာ ဒီအ ကောင်တွေ ဘယ်လိုဖြတ်သန်းကျက်စား ကြမလဲ။ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာထိန်း   သိမ်းစောင့်ရှောက်ရေးနဲ့ ပတ်သက်ရင် လည်း ပြောစရာတွေ ခမောင်းသွယ်သား တို့ရင်မှာအပြည့်။

ဒါကြောင့်လည်း တာဝန်ရှိသူတွေကို သူတို့ရဲ့ကျေးရွာတွေအထိလာပြီး ဒီလမ်း စီမံကိန်းနဲ့ပတ်သက်ပြီး ရွာသူရွာသား တွေနဲ့ လာဆွေးနွေးစေလိုတာ။

“ကျွန်တော်တို့အင်တာနက်မှာ သတင်းအချက်အလက်တချို့တင်ပေး ထားတယ်။ ဆွေးနွေးပွဲဖိတ်စာတွေလည်း ရှိပါတယ်။ အင်တာနက်ကနေ စာပို့ပြီး သိလိုတာတွေ မေးချင်ရင်မေးလို့ရပေမယ့် စာပို့လာတဲ့သူ သိပ်မရှိဘူး” လို့ NEDA ဒုဥက္ကဋ္ဌပြောတော့ ဦးရဲအောင် သူ့ကိုအ တော်ကလေး အံ့သြသွားတယ်။ ဌာနေကရင်တိုင်းရင်းသားခရစ်ယာန်ဘာသာကိုးကွယ်သူအများစုနေထိုင်တဲ့ အရှေ့ တောတစ်ခွင်မှာ ရွာသူရွာသားအများစုက တနင်္လာနေ့ဆို ချောင်းဖျား (တောင်ပေါ်) ကို ရိက်္ခာထုပ်ထမ်းပြီး အိမ်ကနေခွာကြပြီ လေ။ ကလေးတွေနဲ့ သက်ကြီးရွယ်အို အများစုသာ အိမ်မှာ ကျန်ကြတာများ တယ်။ တစ်ပတ်လုံးလုံး တောင်ယာ၊ ကွမ်းသီးခြံတွေမှာ အလုပ်လုပ်ကြပြီး သောကြာ ဒါမှမဟုတ် စနေနေ့မှ ရွာပြန် လာတတ်ကြတာကိုး။ နောက် တနင်္ဂနွေ ဘုရားကျောင်းတက်ပြီး တနင်္လာနေ့ တောပြန်တက်ကြ။ တယ်လီဖုန်းလိုင်းတွေ ရနေကြပြီဆိုသော်လည်း ဆက်သွယ် ရေးမရသေးတဲ့ရွာတွေ အများကြီးရှိပါ သေးရဲ့။ အင်တာနက်ဆိုတာ ဂျိုနဲ့လားလို့ မေးမယ့် ရွာသူရွာသားတွေအများစုနေကြ တဲ့ဒေသမှာ စီမံကိန်းအကောင်အထည် ဖော်မယ့်သူတွေက ဒေသအကြောင်းကို တော့ အသေးစိတ်မဟုတ်တောင် အကြမ်း ဖျဉ်းတော့ လေ့လာသင့်ရဲ့။

ကမ်းလက်များ

ထိုင်းနိုင်ငံပြင်ပကိုထွက်ပြီး ရင်း   နှီးမြှုပ်နှံမှုစီမံကိန်းတွေ ပြုလုပ်ကြတဲ့ ထိုင်းနိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ စီးပွား ရေးလုပ်ငန်းတွေကြောင့် လူ့အခွင့်အရေး နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက် မှုတွေလျှော့ချဖို့နဲ့ လူမှုတရားမျှတမှုရှိ လာဖို့အရေး အစဉ်တစိုက်တောင်းဆိုနေ ကြတဲ့ ထိုင်းနိုင်ငံသား သုတေသီတွေနဲ့လူ့ အခွင့်အရေး လှုပ်ရှားသူတချို့ဟာ       ခမောင်းသွယ်သားတွေရဲ့  ပြဿနာဇာစ် မြစ်ကို သိကြသူတွေ ဖြစ်တယ်။ (ထိုင်း) နိုင်ငံဖြတ်ကျော်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ တာဝန်ယူတာဝန်ခံမှုရှိစေရေး(ထိုင်း )အစိုးရက ဆောင်ရွက်ရန် တိုက်တွန်း ပြောဆိုမှု လှုပ်ရှားမှု ဆောင်ရွက်သူတွေက ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေး  ကော်မရှင်နဲ့ ဦးရဲအောင်တို့ကို တွေ့ဆုံနိုင် ဖို့ စီစဉ်ပေးခဲ့ကြတယ်။

ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်   အရေးကော်မရှင်နာမင်းကြီးနဲ့ကော်မရှင် အဖွဲ့ဝင်တွေ၊ အမြဲတမ်းအတွင်းရေးမှူးနဲ့ ရုံးအဖွဲ့ဟာ သူတို့နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကြောင့် စီမံကိန်းအကောင် အထည်ဖော်ရာဒေသက ပြည်သူလူထုအ များ ဆိုးကျိုးမဖြစ်စေရေးနဲ့ ဖြစ်ခဲ့ပြီးတဲ့ ဆိုးကျိုးတွေကို ပြန်လည်ကုစားနိုင်ရေး ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ ခမောင်းသွယ်သား တို့ကို ကတိပေးခဲ့ကြတယ်။ ဒါ့အပြင် အာဆီယံအဆင့် လူ့အခွင့်အရေးကော်မ ရှင်အတွင်းရေးမှူးများ အစည်းအဝေးမှာ လည်း ဒီအကြောင်းအရာတွေကို ထည့်သွင်းဆွေးနွေးပေးဖို့ သဘောတူခဲ့ တယ်။

ထိုင်းအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဟာ ထိုင်းစီးပွားရေးလုပ်ငန်းတွေ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ သူတို့လုပ်နိုင်စွမ်းရှိသမျှ အစွမ်းကုန်ကြိုး စားနေပါတယ်ဆိုတဲ့ ကော်မရှင်နာမင်း ကြီးရဲ့စကားဟာ ခမောင်းသွယ်သားတွေ ရင်မှာ ဆူးတစ်ချောင်းလိုစူးနေဆဲဖြစ်တဲ့ ဘန်ကောက်လေဆိပ်က လ.၀.က အရာရှိ အမျိုးအမီးရဲ့ မသတီစရာ ဆက်ဆံရေးကို အပြီးတိုင် ဆွဲနုတ်ပစ်နိုင်ခဲ့တယ်။ ဒီခရီး ဟာ သူတို့ရှာဖွေနေတဲ့ လူမှုတရားမျှတ မှုကို တွေ့ရှိနိုင်မယ့် ခရီးစဉ်ဖြစ်တယ်ဆို တာကိုလည်း ဦးရဲအောင်အနေနဲ့ ယုံကြည် ချက် ပိုမိုခိုင်မာလာခဲ့တယ်။

   ဆက်လက်ဖော်ပြပါမည် –

အောင်လွင်(ကပေါက်သား)