တနင်္သာရီတိုင်းအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်အချို့ကို ဒေါ်အောင်ဆန်းစုကြည် ခေါ်တွေ့

0
1342

တနင်္သာရီတိုင်းအစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်အချို့အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၁၃ ရက်က ခေါ်ယူ တွေ့ဆုံခဲ့ကြောင်း တိုင်းဒေသကြီး ၀န်ကြီး ချုပ်ထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုအစိုးရသို့ တင်ပြ ထားသည့် တိုင်းအစိုးရတစ်ခုတည်း သဘောဖြင့် မလုပ်ဆောင်နိုင်သော ကိစ်္စ ရပ်များအတွက် ပေါင်းစပ်ညှိနှိုင်းလုပ် ဆောင်ရန် ဆွေးနွေးခဲ့ကြကြောင်း တနင်္သာရီတိုင်း ၀န်ကြီးချုပ်ဦးမြင့်မောင် က ပြောသည်။

“မြေနဲ့ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ ကိစ်္စတွေများ ပါတယ်” ဟု ဦးမြင့်မောင်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ရာတွင် တိုင်းအစိုးရအဖွဲ့ဝင်များ အပြင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သုံးဦး ပါဝင်ခဲ့ကြောင်း ၎င်းက ပြော သည်။

နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ နှစ်နာရီအကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း ၀န်ကြီးချုပ်ထံမှ သိရသည်။

တနင်္သာရီတိုင်းသည် ဒေါ်အောင်ဆန်း စုကြည် ခေါ်ယူတွေ့ဆုံခဲ့သည့် ဒုတိယမြောက်တိုင်းဒေသကြီးဖြစ်ပြီး ပထမဆုံး အနေဖြင့် စစ်ကိုင်းတိုင်းကို ခေါ်ယူ တွေ့ဆုံခဲ့ပြီးဖြစ်သည်ဟု သိရကြောင်း ဦးမြင့်မောင်က ပြောသည်။

Dawei Watch