မြို့နယ်အားလုံးတွင် အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲများ နှစ်စဉ်ကျင်းပမည်

0
588

တနင်္သာရီတိုင်းအတွင်း ထူးချွန်သည့် အမျိုးသမီးဘောလုံး အားကစားသမား များ ထွက်ပေါ်လာစေရန်အတွက် ယခုနှစ်မှစ၍ မြို့နယ်အားလုံးတွင် အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံး ပွဲများ နှစ်စဉ်ကျင်းပတော့မည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီး ဌာနထံမှ သိရသည်။

မြို့နယ်များတွင်ကျင်းပပြီးစီးပါက ခရိုင်အဆင့်ပြိုင်ပွဲကျင်းပမည်ဖြစ်ပြီး ခရိုင်အဆင့်ပြိုင်ပွဲတွင် တိုင်းနှင့်ပြည်နယ် ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်ရန်အတွက် လူရွေးချယ်မည်ဖြစ်ကြောင်း ယင်းဌာန ထံမှ သိရသည်။

တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲအတွက် ရွေးချယ်ခံရသည့် ကျောင်းသူများအတွက် စာမေးပွဲဖြေဆိုမည့်အချိန်ကို သီးခြား စီစဉ်ပေးရန် တိုင်းပညာရေးမှူးရုံးနှင့် ညှိနှိုင်းထားကြောင်း အထက်ပါဌာန ညွှန် ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

“ဒီလိုသာ သုံးနှစ်လောက် ဆက် တိုက်လုပ်လိုက်ရင် နောက်ဆို တနင်္သာရီ တိုင်းမှာ အမျိုးသမီး ဘောလုံးသမားတွေ အပြင် သူနဲ့ ဆက်စပ်နေတဲ့ ပိုက်ကျော်ခြင်း တို့၊ ပြေးခုန်ပစ်တို့မှာပါ အမျိုးသမီး ကစားသမားတွေ ရှိလာမှာ” ဟု ဦးစိုးမိုးနိုင် က ဆိုသည်။

လက်ရှိတွင် တိုင်းအတွင်းရှိ မြို့နယ် အားလုံးတွင် အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပွဲများကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများနှင့် ပူးပေါင်း ကာ ကျင်းပနေပြီး မြို့နယ်အချို့တွင် ယင်း ဘောလုံးပွဲများ ကျင်းပပြီးစီးနေပြီဖြစ် ကြောင်း ၎င်းင်းက ပြောသည်။

သုံးခရိုင် အသက် ၁၉ နှစ်အောက် ပြိုင်ပွဲကို စက်တင်ဘာလ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ထူးချွန်သည့် အမျိုးသမီးဘောလုံး အားကစားသမားများထွက်ပေါ်ရေး အတွက် အခြေခံပညာဌာနနှင့် ပူးပေါင်း ကျင်းပနေသော်လည်း ကျောင်းပြင်ပမှ အမျိုးသမီးကစားသမားများလည်း ပါဝင် နိုင်ကြောင်း တိုင်းအားကစားနှင့် ကာယ ပညာဦးစီးဌာနထံမှ သိရသည်။

Dawei Watch