တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာတွင် ဘာသာတွဲမှားယွင်း ဖြည့်စွက်မိပါက ပြင်ဆင်ခွင့်မပြုဟုဆို

0
1388

တက္ကသိုလ်ဝင်စာမေးပွဲ ၀င်ခွင့် လျှောက်လွှာတွင် ဘာသာတွဲမှားယွင်း ဖြည့်စွက်မိပါက ဖြည့်စွက်သည့် ဘာသာ တွဲကိုသာ ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ပြောင်း လဲပြင်ဆင်ခွင့်ပြုမည်မဟုတ်ကြောင်း မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနက သတ်မှတ်ထား သည်။

“မှားယွင်းဖြည့်စွက်မိရင် ဥပမာ အတွဲ ၂ နဲ့တင်လိုက်ပြီးပြီဆိုရင် အတွဲ ၁ နဲ့ ဖြေမရတော့ဘူး”ဟု ထားဝယ်မြို့နယ် ဒုတိယပညာရေးမှူး ဦးကြည်ရှိန်က ပြော သည်။

စာမေးပွဲဝင်ခွင့် လျှောက်လွှာများကို ဖြေဆိုမည့်ဘာသာတွဲ အမှတ်စဉ် ၁၊ ၅၊ ၆၊ ၇၊ ၈  ကို အစိမ်းရောင်၊ ဖြေဆိုမည့် ဘာသာတွဲအမှတ် ၂၊ ၃၊ ၄ ကို ပန်းရောင် ကတ်ပြားများဖြင့် အရောင်ခွဲခြားသတ် မှတ်ထားကြောင်း ၎င်းင်းက ဆိုသည်။

တက်္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာတစ်စောင်လျှင် ငွေကျပ် ၂၀၀ နှင့် စာမေးပွဲဝင်ကြေးအတွက် ငွေကျပ် ၇၀၀ တန် ပညာရေးဝန်ကြီးဌာန၏ ငွေသွင်း တံဆိပ်ခေါင်းတို့ကို သက်ဆိုင်ရာကျောင်း နှင့် မြို့နယ်ပညာရေးမှူးရုံးများထံတွင်  ၀ယ်ယူကာ လျှောက်လွှာတင်သွင်းရမည် ဖြစ်ကြောင်း ဦးကြည်ရှိန်က ပြောသည်။

အခြေခံပညာ အထက်တန်းကျောင်း များ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်း များနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း များမှ ၀င်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းအုပ်ကြီး များထံတွင် ဖြေဆိုခွင့်လျှောက်လွှာဝယ် ယူကာ လျှောက်ထားရမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ပြင်ပဖြေဆိုသူများမှာမူ သက်ဆိုင် ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် ဖြေဆိုခွင့်လျှောက်လွှာဝယ်ယူကာ လျှောက် ထား ရမည်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

လျှောက်လွှာပုံစံနှင့် ငွေသွင်းတံဆိပ် ခေါင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ရုံးတွင် စက်တင်ဘာ ၂ ရက်မှ စတင် ရောင်းချပေးမည်ဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်နောက်ဆုံးထား တင်သွင်းရမည်ဖြစ် ကြောင်း တိုင်းပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းနောင်က ပြော သည်။

ပြီးခဲ့သည့်နှစ်က တနင်္သာရီတိုင်း တွင် တက်္ကသိုလ်ဝင်စာမေးပွဲဝင်ရောက် ဖြေဆိုသူ ၂၁၅၉၇ ဦးရှိကြောင်း တိုင်းပညာ ရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

မိုးမြင့်