လူစွမ်းကောင်းတွေ ကိုးကွယ်နေကြရဆဲလား

0
56

ငယ်ငယ်က  အမေ့အိပ်ရာဝင် ပုံပြင် တွေထဲက ဖန်ဆင်းရှင်တွေ၊ လူစွမ်း ကောင်းတွေကို အိပ်မက် မက်ခဲ့ဖူးသည်။ တတ်သိ နားလည်တတ်ကာစ အရွယ်မှာ လည်း စူပါမင်းတို့၊ စပိုက်ဒါမင်းတို့လို လူစွမ်းကောင်းတွေကို အားကျခဲ့ဖူးသည်။ ကိုယ်မလုပ်နိုင်သောအရာ မစွမ်းဆောင် နိုင်သည့်အရာများကို အဲသည် လူစွမ်းကောင်း တွေက ရုပ်ရှင်ထဲမှာ စွမ်းဆောင်ပြသွား ကြပေသကိုး။ ခုရော၊ ပစ်္စက်္ခဘ၀မှာ လူစွမ်း ကောင်းတွေ ကိုးကွယ် နေကြရဆဲလား။ တွေးစရာ ဖြစ်သည်။

မည်သည့် အခြေအနေတွေမှာ လူစွမ်းကောင်း မျှော်ကြပါသလဲ။

အားကိုး ဆောက်တည်ရာမဲ့၊ ကိုယ် တိုင် မစွမ်းနိုင်ကောင်းသော အခြေအနေ တွေမှာ ကျွန်တော်တို့တွေ လူစွမ်းကောင်း ကို မျှော်တတ်ကြပါသည်။ ငယ်နုသေး စဉ်အချိန်မှာ ကိုယ့်အိပ်မက်ထဲက လူစွမ်း ကောင်းသည် ဘာမဆို လုပ်နိုင်သူ။ ဘယ်သူနဲ့ ရန်ဖြစ်ဖြစ် အဲသည်လူစွမ်းကောင်း သာရှိလျှင် ကိုယ့်အတွက် ဘေးမဖြစ်။ အဲသည် လူစွမ်းကောင်း နဲ့ တိုင်ပြောမယ် စသဖြင့် စကားနိုင်ယူကြသည်။  အဲသလောက် အထိ မိမိတို့ စိတ်မှာ လူစွမ်းကောင်းကြောင့် လုံခြုံသည်ဟု ခံစားကြရသည်။

မူလတန်းပညာ နည်းနည်းပါးပါး တတ်သိလာချိန်မတော့ လူစွမ်းကောင်း သည် လူသားတွေ ဖြစ်လို့လာသည်။ ဆိုပါစို့၊ အဖေသည်လည်းကောင်း၊ အမေသည်လည်းကောင်း ကိုယ့် လူစွမ်းကောင်းတွေ ဖြစ်လာကြသည်။ ကိုယ့်လက် ကိုယ့်ခြေ ကိုယ့်အတွေး အခေါ်ဖြင့် လက်တွေ့ကျကျ တွေးတော ရပ်တည်လာနိုင်သည်နှင့်အမျှ လူစွမ်းကောင်း မျှော်သည့်အလေ့၊ လူစွမ်းကောင်း ကိုးကွယ်သည့်အလေ့သည်လည်း တဖြည်း ဖြည်း ပြောင်းလဲလာသည်။ သို့တိုင် အခြေအနေအချို့မှာ လူစွမ်း ကောင်းကို အားထားနေကြရဆဲ၊ မျှော်နေ ကြရဆဲ ဖြစ်ပါ၏။ အဘယ်ကြောင့် ဆိုသော် မိမိတို့လုပ်နိုင်စွမ်းကို မယုံကြည် ကြရသေးသည့်အတွက်တည်း။

ဆိုရလျှင် လူစွမ်းကောင်းဝါဒ ထွန်းကား သော မြန်ပြည်တွင် သည်နေ့ သည်အချိန် အထိ လူစွမ်းကောင်းကို မျှော်နေကြဆဲ၊ မျှော်နေရဆဲ။ အဘယ်ကြောင့်နည်း။ မူဝါဒဟူ၍ ပီပီပြင်ပြင် မချမှတ်နိုင်သည့် အနေအထားတွင် လူစွမ်းကောင်း မျှော်ကြ သည်။ မည်သို့ပင် ဆိုစေကာမူ၊ ခြွင်းချက် အားဖြင့်ဆိုသော် စသည်တို့ဖြင့် လက်တစ် လုံးခြား လုပ်ကြသည့်အခါ ဖြစ်စေ၊ မိမိ တို့ကိုယ်ကို မိမိပညာဖြင့် အကာအကွယ် မပြုနိုင်သည့်အခါ ဖြစ်စေ၊ တည်ဆဲ ဥပဒေ ကို လက်တစ်လုံးခြား အသုံးပြုကြသူတွေ ကြောင့် အောက်ခြေ ပြည်သူတွေ နစ်နာ ကြသည့် အခါဖြစ်စေ လူစွမ်းကောင်းကို မျှော်ကြသည်။ မျှော်သည် ဆိုရုံ။

ဘာအားထုတ်မှုမျှ ပါမလာ။ ဘယ်အဆင့် ဘယ်သူတွေက ဘယ်လို ကြိုးစားကြရမည် စသည့် အဖြေရှာသည့် အဆင့်ကို မရောက်။ မေမေသာရှိရင်ဆို သည့် လူစွမ်းကောင်းအပေါ်မှာသာ အနာဂတ်ကို ၀ကွပ်အပ်လျက် မိမိတို့ တာဝန်နှင့် လုပ်ကြရမည့် အပိုင်းတို့ကို သိအောင် မကြိုးစားကြတော့။ ဖြစ်လာ လျှင် ခဏတာ ၀ူးဝူးဝါးဝါး ဖြစ်ကြသည်။ နောက်တော့ အေးဆေး မေ့လွယ် ပျောက် လွယ် ဖြစ်သွားကြသည်။ အစတေးခံရသူ တို့အဖို့ ကံ၊ ကံ၏အကျိုးရယ်လို့ ယိုးမယ် ဖွဲ့ကာ အကြွေးဆပ်ကြရသူတွေက ဆပ် ကြရသည်။ အသက်ပေးရတာ၊ ထောင်ကျ တာတွေမှသည် ဘ၀တွေပါ ပျက်ကြသည်။ အတွေးမှာတော့ လူစွမ်းကောင်းသာ လာခဲ့လျှင် ကယ်တင်ခြင်းခံရမည်ဟူလို။

ဖြတ်သန်းခဲ့သော အတိတ်ကာလမှာ အာဏာရှင်တို့က လူစွမ်းကောင်းဝါဒကို အသက်သွင်းခဲ့ကြသည်။ လူစွမ်းကောင်း ၀ါဒဖြင့် အဆင့်တစ်ခုထားကာ အဲသည် အာဏာရှိသူက သေစေ၊ ရှင်စေ ပိုင်းဖြတ် လျက် အုပ်ချုပ်ခဲ့ကြသည်။ ၎င်းင်းတို့ ပါးစပ် သည် အချုပ်အခြာအာဏာပိုင်သည်။ ၎င်းင်းတို့ သဘောကျ ပညာရှင်တို့က ဥပဒေကို လက်တစ်လုံးခြား ဘောင်ဝင် အောင် လုပ်ပေးကြရသည်။

၎င်းင်းအတွက် အကျိုးရှိကြသူ ခရိုနီ သန်းကြွယ် ကုဋေကြွယ် သူဋ္ဌေးတွေ များစွာ ပေါ်လျက် တိုင်းပြည်က ချွတ်ခြုံကျသွား သည်။ ပညာရှင်တို့က အဘယ့်အတွက် ကြောင့် ယင်းတို့ သဘောကျ ဘောင်ဝင် အောင် လုပ်ပေးကြသနည်း။ အဂတိတရား ကြောင့် ဖြစ်ပါ၏။ အဂတိတရားလေးပါး အပါအ၀င်ဖြစ်သော ဘယာဂတိကြောင့် အချို့က သဘောကျ လုပ်ပေးကြသည်။ ဘေးဖြစ်မှာ ကြောက်သဖြင့် ၎င်းင်းတို့တတ် သည့်ပညာဖြင့် စည်းလွတ်ဝါးလွတ် ကိစ်္စတွေမျိုးကိုပင်လျှင် ဘောင်ဝင်အောင် လုပ်ပေးကြသည်။ အဆိုပါ သိတတ်သူတို့ ကို အာဏာ ပိုင်စိုးသူက တစ်ဖက်ကလည်း ကယ်တင်ရှင်အဖြစ် အဆင့်တစ်ခုမှာ အကာအကွယ် ပြန်ပေးသည်။ ဆိုပါစို့ ဥပဒေအကြောင်းအရ အစွပ်စွဲခံရ စေကာမူ လူစွမ်းကောင်းက ကာကွယ်ပေးလျှင်၊ ခွင့်လွှတ်လျှင် အပြစ်မဖြစ်။ ယင်းကာလ များမှာ လူစွမ်းကောင်းဝါဒသည် တိတ်တဆိတ် ရှင်သန် အားကောင်းလို့ နေသည်။

ဖိနှိပ်သွေးအစုပ်ခံ တဖြစ်လဲ အုပ်ချုပ် ခံ ပြည်သူတို့ တစ်ခဲနက် ညီညွတ်မှုကြောင့် ခေတ်သည် တစ်စိတ်တစ်ပိုင်း ပြောင်းလဲ လုလု လမ်းပေါ် ရောက်လာသည်။ ပြောင်း ကား မပြောင်းသေး။ လူစွမ်းကောင်း အပြောင်းအလဲ ဖြစ်လာတာကလွဲလျှင် အပြောင်းအလဲ လမ်းကြောင်းပေါ် မရောက် လာ။ အပြောင်းအလဲကို မလိုသည့် ယခင် ခေတ်နှင့် စနစ်တွင် သာယာနေကြသူတွေ နှင့် သည်ဖက် ခေတ်တစ်ခေတ် အပြောင်း အလဲကို လိုလားသူတွေအကြား အားပြိုင်မှု ရှိလာသည်။ ခေတ်အပြောင်းကို လိုလား ကြသူတွေမှာလည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင် အလုပ်လုပ်ကြဖို့ထက် လူစွမ်း ကောင်းဝါဒကိုသာလျှင် မျှော်နေကြဆဲ။

သမိုင်းအလှည့်အပြောင်းမှာ ခေတ် သည် အပြောင်းအလဲ လမ်းကြောင်းပေါ်သို့ ရောက်သာ ရောက်လာသည်။ တညီတည်း ကုန်းလို့ ရုန်းကြဖို့ အသင့်မဖြစ်ကြသလို စနစ်တကျလည်း ယင်းသို့ ဖြစ်အောင် စီမံထားခဲ့ကြသည်။ လွဲနေမြဲ လွဲနေဆဲ အဆင်အပြင်တွေနှင့် ခရီးဆက်နေ ကြသလို အချို့အရေးအရာများကိုတော့ အဲသည့်အလွဲလမ်းကြောင်းပေါ်မှာပဲ ၀ဲလည်လည်အောင် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ  စီမံလို့ထားပြီး ဖြစ်သည်။

ဆိုပါစို့၊ တစ်နိုင်ငံလုံး အလုံးစုံ  ငြိမ်းချမ်းရေး လမ်းကြောင်းသည်လည်း ကောင်း၊ တိုင်းနှင့်ပြည်နယ်အချို့၏ အုပ်ချုပ်ရေး ယန်္တရားသည်လည်းကောင်း ယင်းသံသရာမှာ ၀ဲလည်လည် ဝေ့လည် လည် ဖြစ်နေသည်။

တစ်ဖက်မှာ အုပ်ချုပ်သူတို့ဘက်က လည်း  မူဝါဒကို တိတိပပ ချမပြနိုင်ပါဘဲ လူကို ကြည့်ကာ အုပ်ချုပ်နေကြရလေသော အနေအထားမှာ အကျပ်အတည်းကို ဖြေရှင်းလို့မရ။

ဆိုပါစို့ လျှပ်စစ်မီး ကဏ္ဍမှာ ပေး ဆောင်ကြရမည့် အကြွေးအတွက် ၀န်ကြီးဌာန နှင့် တိုင်းအစိုးရတို့ ဝေ့လည်လည် ဖြစ်နေ ချိန်မှာ ထောက်ပြဝေဖန်သူ ကိုဇော်ဟိန်း သည် လူစွမ်းကောင်း ဖြစ်လာသလို နိုင်ငံတော် အတွက် ပေးဆောင်ရမည့် ပေးဆောင်ကြ ရမည့် အခွန်အခ ကြွေးကျန် မပေးသွင်း သူတို့က တစ်ဖန်ပြန်လည်  သတင်းစာ ရှင်းလင်းသည့် အနေအထားသည် လှလှ ပပတော့ မဟုတ်။

ပင်လယ်ပြင် ငါး သယံဇာတ ထိန်းသိမ်း ရေးအတွက် အဆိုတင်သူက တင်သည်။ စီမံချက် အကြီးကြီးတွေ ချကာ အလုပ် အမှန် လုပ်ကြချိန်မှာတော့ ၀ါလတ်၊ ၀ါးတန်း လှေကြီးတွေအတွက် ခြွင်းချက်အားဖြင့် အချိန်ကာလ တစ်နှစ်တိုးမြှင့် သတ်မှတ် ပေးရ မခက်သော်လည်း ကင်းမွန်လှေငယ် တို့အတွက်ကျတော့ ခြွင်းချက်အားဖြင့်ဆို သော်ဟူသည့် ကန့်သတ်ချက်အတွက် လျှော့ပေါ့ပေးသည့် ခြွင်းချက်က အချိန်မီ ထွက်လာဖို့ ခဲခက်နေပြန်သည်။ အဲသည်မှာ ၀မ်းစာရေးအတွက် ငါးဖမ်းထွက်ကြသူ တွေ ပင်လယ်ပြင်မှာ အဖမ်းခံကြရ ဥပဒေအရ ထောင်သို့မြန်းကြရသည်။ အလားတူ သစ်တော ကဏ္ဍတွင်ရောသည် နည်းနှင်နှင် ခံကြရဆဲ။ ခြွင်းချက်အားဖြင့် ဆိုသော်ဆိုသည့်စည်းအတွင်း ဘောင်အတွင်း က ပါးပါးလှပ်လှပ် သစ်တောကို ခုတ်လှဲ သော်လည်း အပြစ်မဖြစ်ငြား မိမိအတွက် လှေထွင်းဖို့ ၊ အိမ်ပြင်ဖို့ သစ်ခုတ်သူတို့ သစ်တောဥပဒေဖြင့် ထောင်နန်းစံကြရ သည်။

မူးယစ်ဆေးဝါး ကဏ္ဍတွင်လည်း သည်နည်းနှင်နှင်သာ။

လူစွမ်းကောင်းတွေ ထပ်ခါ ထပ်ခါ ပေါ်လာကြပါသည်။ ခေတ်နှင့် စနစ်ကို ပြောင်းစေလိုကြလေသော၊ ခေတ်ကို ဝေဖန်ပိုင်းဖြတ်ချင့်ချိန်ကာ ဆွေးနွေးလို သော လူစွမ်းကောင်းတွေ ပေါ်လာကြ သည်။ ကိုဇော်ဟိန်း၊ ကိုထူးနေအောင်၊ ကိုစိုးသူရဇော်  စသဖြင့် ခေတ်ကို ထောက် ပြဝေဖန်ကြသူ လူစွမ်းကောင်းတွေ ပေါ်လာကြသည်။ သို့သော် လက်တစ်လုံး ခြား အဖြစ်များအတွက် သေးသေး ငယ်ငယ် မသိနားမလည်သူတွေက အပြစ်ဒဏ်ကို ခံနေရသည့်အဖြစ်မျိုးမှ ကယ်ထုတ်နိုင်မည့် နည်းလမ်းက မရှိ သေး။ အဲသည်အထိ တွေးတောကာ အလုပ် လုပ်နိုင်စွမ်းသူ ပေါ်မထွက်လာသေး။

အကောင်းဘက်က မြင်ကြည့်ပါလျှင် လူစွမ်းကောင်းတို့ကို ၀န်းရံကြခြင်းကြောင့် လူစွမ်းကောင်းတို့သည် အပြောင်းအလဲ လမ်းကြောင်း တစ်ခုအပေါ် ဆွဲတင်နိုင်တန် ကောင်းသည်ဟု ယုံကြည်ရဆဲ ဖြစ်ပါ၏။ လက်တွေ့လည်း လမ်းစပေါ်လာခဲ့သည့် ဥပမာ များစွာ ရှိနေပါသည်။ ဒေါက်တာ စိုးသူရဇော်၏ ဇီးပင်ကြီးစစ်တမ်း ရေးသား ဝေဖန်ကာမျှဖြင့် နှိပ်ကွပ်ခံရကြမည့် အနေအထားမှသည် အရွေ့တစ်ခုအဖြစ် လမ်းကြောင်းပေါ် တင်လာနိုင်သလိုမျိုး ကိုဇော်ဟိန်း၏ ပင်လယ်ပြင်မှ တိုက်ရိုက် သက်စွန့်ဆံဖျား လွှင့်ပေးခြင်းမှလည်း အကောင်းဘက်သို့ တွန်းတင်လာနိုင်သည် ဟု ဆိုရမည်ဖြစ်ငြား လူစွမ်းကောင်းဝါဒကို အားပေးနေကြရဆဲဟု ဆိုသော် ရ၏။

လူကရေးသော ဥပဒေတွင် အားနည်း ချက်များ ရှိနေနိုင်ပါသည်။ ယင်းတို့ကို ပြင်ဆင်နိုင်ဖို့ ဥပဒေ ပညာရှင်တွေနှင့် အတူ ဥပဒေပြုသူတွေ တာဝန်ရှိလာပါ၏။ ဆိုပါစို့။ သရုပ်ဆောင် သီဟတင်စိုး မတရား ကျင့်ပါသည်ဟု အစွပ်စွဲခံရသည့် အမှုမျိုး တွင် အမျိုးသားတို့အဖို့ အစွပ်စွဲခံရသည် နှင့် ဥပဒေ လုပ်ထုံးလုပ်နည်းအရ အချုပ်လွတ် ထုချေခွင့်မရပါ။ ချင်းပြည်နယ်မှ ကျန်းမာ ရေးဆရာမ ဒေါ်သန်းသန်းမြင့် မော်တော် ဆိုင်ကယ်အတွင်း မူးယစ် ဆေးထည့်ကာ အဖမ်းခံရသည့်အမှုမှာ အချုပ်လွတ် ချေပခွင့် ယခင်က မရဖူးပါ။ ယခုအခါမှာ တော့ လူမှုကွန်ရက် ကယ်မမှုကြောင့် သာ ၎င်းင်းတို့အတွက် သက်သာခဲ့ကြရ သည်။ ခေတ်အဆက် ဆက်မှာ  ယင်းကဲ့သို့ နစ်နာကြသူတွေ မနစ်နာကြဖို့ရာ ပြင် ဆင်ကြရမည့်အချက်တွေ များလှပါသည်။ မပြင်နိုင်သေးသမျှ နစ်နာကြရသူတွေ ရှိခဲ့ ရှိနေဆဲ။

ပြောင်းလဲလာသော ခေတ်မှာ ပြည်သူ့ ထောက်ခံမှုကြောင့် တာဝန်ရှိလာ သူတို့ အဖို့ အဘခေတ်ကလို စူပါပါဝါ မရှိကြ။ ဥပဒေကို ကျော်လွန်လျက် “ကယ်မ” နိုင်သော အစွမ်းမရှိကြ။ ဆိုပါစို့။

ရေလုပ် ငန်းဥပဒေအရ တရားစွဲထောင် အချခံရ လုလု ရေလုပ်သားငယ်တွေ အတွက် တစ်ခေတ်တစ်ခါက အဘတို့ လက်ထက် မှာ အဘက လွတ်စေဆိုကာမျှဖြင့် အမှု မကြီးသော်ငြား သည်ဖက်တစ် ခေတ်မှာ လွတ်ဖို့ မမြင်။ ထိုသောအခါ အစာအိမ် နှင့် လူမှုဘ၀ကို အထိခံရသော အောက်ခြေ ပြည်သူတို့အနေဖြင့် လူစွမ်းကောင်းလို အစွမ်းမရှိဟု မြင်လာကာ အနာဂတ်မှာ ပြည်သူ့ထောက်ခံမှု အတန်အသင့် ဆုံးရှုံး မည့်သဘော ရှိလာသည်။

ခေတ်အပြောင်းကို လိုပါလျှင် စနစ် တကျ ပြောင်းလဲမှုကို ဖော်ဆောင် နိုင်သော အမြင်နှင့် ဦးဆောင်စွမ်းအား ရှိဖို့ လိုအပ်သလို ဘယ်လမ်းကြောင်းဖြင့် သွားကြမည်ဟူသည့် အခြေခံမူကို ပီပီ ပြင်ပြင် ချပြနိုင်ရပါမည်။ လူစွမ်းကောင်း တွေ ကယ်မခြင်းထက် ပီပြင်သော လမ်း ကြောင်းဖြင့် မူဝါဒရှိရှိ ရှေ့သို့ ဆက်ကြရ မည့် အခြေအနေမှာ အချို့တွေက ယင်းသို့ တိတိပပ လမ်းမပြ မူချမပြ ပါဘဲ တော်လှန်ရေးလမ်းကြောင်းပေါ်က မဆင်းနိုင်ကြသေးသည်ကလည်း ရှိနေ ပြန်ပါ၏။

ဖြစ်လာလျှင် အရာရာ တာဝန်မယူ တာဝန်မခံသော “ဘူးတစ်လုံးဆောင် အို အောင်မဆင်းရဲ” ဟူသည့် အရူးကွက်နင်း သူ၊ “ခရိုနီနှင့်ပေါင်းလမ်းကြောင်း မစောင်း”ဟူသည် မိုးခါးရေသောက်ကြသူတွေ ပြည့်နှက်နေသည့် အနေအထားမှာ ပြင် ကြရမည့် ကစားကွက်နှင့် လူစားလဲမှု အတွက် တာဝန်ရှိသော နည်းပြက လူစားမလဲရဲသလို ကစားကွက်ကိုလည်း မပြင်နိုင်ကြသေးပါချေ။  သည်အခြေမှာ ကျွန်တော်တို့တွေ လူစွမ်းကောင်းကို မျှော်နေကြရဆဲအခြေလော။ တွေးစရာ များလှပါ၏။

အားကိုး ဆောက်တည်ရာမဲ့၊ ကိုယ် တိုင် မစွမ်းနိုင်ကောင်းသော အခြေအနေ တွေမှာ ကျွန်တော်တို့တွေ လူစွမ်းကောင်း ကို မျှော်ကြပါသည်။ ငယ်နုသေးစဉ် အချိန်မှာ ကိုယ့်အိပ်မက်ထဲက လူစွမ်း ကောင်းသည် ဘာမဆို လုပ်နိုင်သူ။ ဘယ်သူနဲ့ ရန်ဖြစ်ဖြစ် အဲသည်လူစွမ်း ကောင်းသာရှိလျှင် ကိုယ့်အတွက် ဘေးမ ဖြစ်။ အဲသည် လူစွမ်းကောင်းနဲ့ တိုင် ပြောမယ် စသဖြင့် စကားနိုင်ယူကြသည်။  အဲသလောက်အထိ မိမိတို့ စိတ်မှာ လုံခြုံသည်ဟု ခံစားကြရသည်။ သည်ဘက် ခေတ်မှာ လုံခြုံမှုရဖို့ရာ စွမ်းဆောင်ရှင် လူစွမ်းကောင်းလာပါမှ ဖြစ်လာ နိုင်ပါ မည်လော။ တွေးမိပါသည်။

အခြေခံမူ တစ်ခုဖြင့် လမ်းကြောင်း မှန်ကို ချပြပြီး အဲသည် လမ်းမှန်ပေါ်သို့ မတွန်းတင်ကြပါဘဲ လူစွမ်းကောင်း တစ်ယောက်တည်းက ကွင်းထဲ ပတ်ပြေးရင်း ကစားနေကြသည့် ကစားပွဲတွေ ရင်မောစွာကြည့်ရင်း လူစွမ်းကောင်း ကယ်မချိန်ကို ကျွန်တော်တို့ မျှော်နေရ ဆဲလား။ တွေးမိပါသည်။   ။

ကိုရိုးဆေး