ကံပေါက်လျှပ်စစ်စီမံကိန်း ကနဦးတိုင်းတာမှုများကြောင့် ထိခိုက်နစ်နာ ရှိခဲ့ဟု ဒေသခံရေလုပ်သားအချို့ဆို

0
684

ကံပေါက်ဒေသရှိ ဟိန္ဇဲချောင်း အတွင်း LNG လျှပ်စစ်စီမံကိန်း ကနဦး တိုင်းတာမှုများကြောင့် ထိခိုက်နစ်နာမှု များရှိခဲ့ကြောင်း ပသျှူးရေကျေးရွာနေ ရေလုပ်သားအချို့က ပြောသည်။
နိုဝင်ဘာလ ၂၇ ရက်မှ စတင်ကာ သင်္ဘောငယ်တစ်စီးဖြင့် ဟိန္ဇဲချောင်း အတွင်း တိုင်းတာရေးလုပ်ငန်းများ လုပ် ဆောင်နေသည့်အတွက် ငါးဖမ်းလုပ်ငန်း ရပ်နားထားရပြီး၊ သဘောင်္ နှင့်ငါးဖမ်း ပိုက် ချိတ်မိကာ ရေလုပ်သားသုံးဦး၏ ငါးဖမ်းပိုက် များဆုံးရှုံးခဲ့ကြောင်း ပသျှူး ရေရွာနေ ရေလုပ်သားအချို့က ဆိုသည်။

ပြင်သစ်အခြေစိုက် တိုတယ်ကုမ္ပဏီ နှင့် ဂျာမဏီနိုင်ငံအခြေစိုက် SIEMENS ကုမ္ပဏီတို့ ပေါင်းကာ ကံပေါက်ဒေသရှိ အုန်းပင်ကွင်း ရွာတွင် မဂ္ဂါဝပ် ၁၂၃၀ ထွက် မည့် သဘာဝဓာတ်ငွေ့ရည်သုံး လျှပ်စစ် စီမံကိန်းတစ်ခုကို အကောင်အထည်ဖော် ရန် ကနဦး တိုင်းတာရေးလုပ်ငန်းများ လုပ် ဆောင်နေခြင်း ဖြစ်သည်။
ဟိန္ဇဲချောင်းမှာ ချောင်းဟုဆိုသော် လည်း သာမန်မြစ်တစ်ခု၏ အကျယ်ထက် ပိုမိုကျယ်ဝန်းသည့်ချောင်း ဖြစ်သည်။
နိုဝင်ဘာလ ၂၇ ရက်က ပသျှူးရေ ရွာအနီးရှိ ရေပြင်တွင် ငါးဖမ်းပိုက်ထောင် ထားစဉ် တိုင်းတာရေးလုပ်ငန်ဆောင်ရွက် နေသည့် သင်္ဘောနှင့် ချိတ်မိကာ ငါးဖမ်း ပိုက် ၂၂ ဖုံ ဆုံးရှုံးခဲ့ရကြောင်း ပသျှူးရေရွာ မှ ရေလုပ်သားတစ်ဦးဖြစ်သူ ဦးအောင် ဆန်းဝင်းက ပြောသည်။
“အခုဆိုရင် ငါးဖမ်းပိုက်လည်း မရှိ တော့ဘူး၊ စားဝတ်နေရေးအတွက် ဒုက္ခ ရောက်ပြီပေါ့”ဟု ဦးအောင်ဆန်းဝင်းက ဆိုသည်။
ငါးဖမ်းပိုက်တစ်ဖုံလျှင် ပေ တစ်ရာ ကျော် အရှည်ရှိသည်။

တိုင်းတာရေးသင်္ဘောရောက်လာ ပြီးနောက် ငါးဖမ်းလုပ်ငန်းများ ရပ်နား ထားရသည့်အတွက် ဝင်ငွေမရှိတော့ဘဲ မိသားစု စားဝတ်နေရေးနှင့် ကလေးပညာ ရေးစရိတ်အတွက် အခက်အခဲကြုံတွေ့ရ ကြောင်း အထက်ပါရွာနေ ရေလုပ်သား တစ်ဦး ဖြစ်သည့် ဦးမြင့်ဦးက ပြောသည်။
ကုမ္ပဏီသင်္ဘော၏ လုပ်ငန်းဆောင် ရွက်မှုများကြောင့် ငါးဖမ်းပိုက်များဆုံး ရှုံးခြင်း၊ ငါးဖမ်းဆီးရမိမှုနည်းပါးလာ ခြင်း၊ ငါးများအစုလိုက်အပြုံလိုက် သေဆုံး ခြင်းတို့ ကြုံတွေ့ခဲ့ရသည့်အပြင် သင်္ဘော မောင်းသူများက ငါးဖမ်းပိုက်များကို ဖယ်ရှားစေခြင်း၊ ရေတပ်နှင့် ခြိမ်းခြောက် ခြင်းစသည်တို့ကို လုပ်ဆောင်ခဲ့ပြီး ဒေသခံများအနေဖြင့် အဘယ်ကြောင့် ယင်းသို့ လုပ်ဆောင်နေသည်ကို မသိရှိခဲ့ ရကြောင်း ဒေသခံရေလုပ်သားအချို့က ဆိုသည်။

ယင်းကြောင့် ဒေသခံများထံ လာ ရောက်ဆွေးနွေးရှင်းလင်းပေးရန် တိုတယ် ကုမ္ပဏီ၏ LNG To Power Project  မှ လူမှုဆက်ဆံရေးအရာရှိထံ ဒီဇင်ဘာလ ၃ ရက်က စာပို့ခဲ့ကြသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ LNG To Power Project   မှ လူမှုဆက်ဆံရေး တာဝန်ခံ ဦးစိုးမိုးက ဒီဇင်ဘာလ ၅ ရက် တွင် ပသျှူးရေကျေးရွာနေ ဒေသခံများ နှင့် လာရောက်ဆွေးနွေးညှိနှိုင်းခဲ့သည်။
အထက်ပါ သင်္ဘောက ရေအောက် မျက်နှာပြင်နှင့် ရေအတိမ်အနက်ကို တိုင်းတာသည့် လုပ်ငန်းလုပ်ဆောင်ခြင်း ဖြစ်ပြီး မည်သည့်ဓာတုပစ္စည်းကိုမျှ သုံး စွဲခြင်းမရှိကြောင်း ဦးစိုးမိုးက ဆိုသည်။
ရေတပ်နှင့် ခြိမ်းခြောက်ပြောဆိုခဲ့ သည်ဆိုသည့်အချက်မှာ တစ်ဆင့်ခံ စကားများကြောင့် နားလည်မှုလွဲမှားခြင်း သာဖြစ်နိုင်ကြောင်း ၎င်းက တုံ့ပြန်သည်။

လက်ရှိတိုင်းတာရေးသင်္ဘော၏ လုပ်ငန်းများကို ရေကြောင်းပြဗော်ယာနှစ်ခုအတွင်း၌သာ လုပ်ဆောင်ရန် ပြော ဆိုထားပြီး ဒေသခံငါးဖမ်းလှေများအနေ ဖြင့် သတ်မှတ်ထားသည့် ရေလမ်းကြောင်း အပြင်ဘက်တွင် ငါးဖမ်းလုပ်ငန်း လုပ် နိုင်ကြောင်း ဦးစိုးမိုးက ဆိုသည်။
ဒေသခံများကမူ အထက်ပါ သင်္ဘော က သတ်မှတ်ရေလမ်းကြောင်း အပြင် ဖက် ကမ်းခြေအနီးအထိ ဝင်ရောက် လုပ် ဆောင်နေသည့်အတွက် ငါးဖမ်းပိုက် များဆုံးရှုံးမည်ကို စိုးရိမ်ကာ ငါးဖမ်းလုပ် ငန်းများ ရပ်နားထားရသည်ဟု ပြောသည်။
တိုင်းတာရေးသင်္ဘောကြောင့် ဒေသခံရေလုပ်သားများ ငါးမဖမ်းရဲသည့် ကိစ္စနှင့် သင်္ဘောနှင့်ချိတ်ကာ ငါးဖမ်း ပိုက်များ ဆုံးရှုံးခဲ့ရသည်ဆိုသည့် အချက် များကို မှတ်သားကာ ၎င်းအထက်အရာရှိ ထံ ပြန်လည်တင်ပြပေးမည်ဖြစ်ကြောင်း ဦးစိုးမိုးက ဆိုသည်။
ဒေသခံရေလုပ်သားများ ထိခိုက် နစ်နာမှုများကို ညှိနှိုင်းဖြေရှင်းနိုင်ရန် ကုမ္ပဏီတာဝန်ရှိသူများအနေဖြင့် လာ မည့်တစ်ပတ်အတွင်း ဒေသခံရေလုပ် သားများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ဦးစိုးမိုးက ဆိုသည်။

“ဒေသခံတွေနဲ့ အချိန်တစ်ပတ် အတွင်းမှာ ပြန်တွေ့ပြီး ညှိနှိုင်းဖြေရှင်း သွားဖို့ရှိတယ်”ဟု LNG To Power Proeject  မှ လူထုဆက်ဆံရေးတာဝန်ခံ ဦးစိုးမိုးက ဒီဇင်ဘာလ ၅ ရက်တွင် ဒေသခံများကို ပြောသည်။
ပသျှူးရေကျေးရွာအနီးချောင်းအတွင်းတွင် တိုင်းတာရေးလုပ်ငန်းကို ဒီဇင်ဘာလ ၅ ရက်နောက်ဆုံးထား လုပ်ဆောင်မည်ဖြစ်ပြီး မော်ငန်းနှင့် အနီး တစ်ဝိုက်ကျေးရွာများတွင်မူ ဒီဇင်ဘာလ ၉ ရက်အထိ လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးစိုးမိုးက ဆိုသည်။
လူထုဆက်ဆံရေးတာဝန်ခံ ဦးစိုးမိုး ပြောဆိုခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဒေသခံရေလုပ်သားအချို့ကမူ အယုံအ ကြည်မရှိကြောင်း ဖွင့်ဟကြသည်။

“သူက လူကြီးကို ပြန်တင်ပြပြီး တွေ့မယ်ပြောတာ ကျွန်တော်တော့ မယုံ ဘူး၊ ကိုယ်က လက်ရှိခံစားနေရတာ”ဟု ငါးဖမ်းပိုက် ၂၂ ဖုံ ဆုံးရှုံးခဲ့သည့် ဦးအောင်ဆန်းဝင်းက ပြောသည်။
တိုင်းတာရေးသင်္ဘော၏ လုပ်ငန်း များကို သတ်မှတ်ရေလမ်းကြောင်းဖြစ် သည့် ရေကြောင်းပြဗော်ယာနှစ်ခုအတွင်း တွင်သာ လုပ်ဆောင်မည်ဖြစ်ပြီး သတ် မှတ်ရေလမ်းကြောင်း အပြင်သို့မထွက် ရေးအတွက် ၎င်းအနေဖြင့် တာဝန်ယူ ကြောင်း ဦးစိုးမိုးက ပသျှူးရေကျေးရွာ ဒေသခံများနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့ သည်။
ဦးစိုးမိုးနှင့် ဒေသခံများတွေ့ဆုံပြီး နောက် နာရီပိုင်းအကြာတွင် တိုင်းတာ ရေးသင်္ဘောက သတ်မှတ်ရေလမ်းကြောင်း အပြင်ဘက် ကမ်းစပ်အနီးထိ ဝင်ရောက် ကာ လုပ်ငန်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။