မော်လမြိုင် သံလွင်တံတားထိပ်တွင် စိတ်ကြွဆေးပြား တစ်သိန်းခွဲနှင့် ဘိန်းဖြူ ဖမ်း

0
510

မွန်ပြည်နယ် မော်လမြိုင်မြို့ သံ လွင်တံတားအဆင်း မော်လမြိုင်ဘက် ခြမ်းတွင် စိတ်ကြွဆေးပြား တစ်သိန်းခွဲ ကျော်နှင့် ဘိန်းဖြူ ဘလောက်တုံးတစ်တုံး ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ် မော် လမြိုင်မြို့ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ သိရသည်။
ဇူလိုင် ၅ ရက် ညပိုင်းက မွန်ပြည်နယ် မှုခင်းအကူဌာနစုမှ ရဲအုပ် ကျော်ဆန်းဦးစီးသည့် ပူးပေါင်းအဖွဲ့ သည် မူးယစ်ဆေးဝါးသတင်းအရ အ ထက်ပါနေရာ၌ စောင့်ဆိုင်းနေစဉ် မုတ္တမ ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင် လာသည့် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရာ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ယာဉ်နောက်ခန်းတွင် WY စာ တမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေး ပြား တစ်သိန်းခွဲကျော် (၁၅၃၄၆၅ ပြား)၊ WY စာတမ်းပါ အစိမ်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား တစ်ထောင်ကျော်(၁၅၄၀ ပြား)နှင့် အလေးချိန် ၃၅၀ ဂရမ်ရှိ ဘိန်းဖြူ ဘလောက်တုံး ၁ တုံးတို့အား သိမ်းဆည်းရမိခဲ့သည်ဟု ရဲမှတ်တမ်း အရ သိရသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးများ ၏တန်ဖိုးမှာ ကျပ်သိန်း ၈၀၀၀ ကျော် ရှိသည်။
“မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ လတ်တလောဖမ်း ဆီးရမိမှုက အများဆုံးပေါ့”ဟု မော်လ မြိုင်မြို့ ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်း စ ခန်းမှူး ရဲအုပ် ကျော်သူရက ပြောသည်။

အဆိုပါယာဉ်အား ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နေ ယာဉ်မောင်းဦးစံဝင်း (၂၈)နှစ်နှင့်အတူ မော်လမြိုင်မြို့နေ ဦးစန်းလွင် (၃၇) နှစ်တို့ မောင်းနှင်လိုက် ပါလာကြောင်း အထက်ပါ ရဲစခန်းမှ သိ ရသည်။
သိမ်းဆည်းရမိသော မူးယစ်ဆေး များနှင့်ပတ်သက်ပြီး ဦးစံဝင်းနှင့် ဦးစန်းလွင် တို့အား မေးမြန်းရာ ရှမ်းပြည်နယ်၊ မိုးနဲ မြို့နယ်၊ နမ်းမလင်းရွာနေ ဒေါ်တင်တင် လှ(ခ) ဒေါ်နန်းစံတွမ်း (၅၇) နှစ်၏ ပစ္စည်းများဖြစ်ပြီး မော် တော်ယာဉ်ဖြင့် လိုက်ပါလာကြောင်း ထွက်ဆိုသဖြင့် ပူးပေါင်းအဖွဲ့သည် အနီးဝန်းကျင်အား လိုက်လံရှာဖွေရာ မန္တလေးရပ်ကွက်ရှိ ပြည်နယ်ခန်းမအ နီးတွင် တွေ့ရှိသဖြင့် စစ်ဆေးရာ ဒေါ်တင်တင်လှ၊ ၎င်း၏ သားဖြစ်သူနှင့် ယာဉ်မောင်းတို့ကို ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

အဆိုပါ ၃ ဦးတွင် မူးယစ် ဆေးဝါး နှင့် ပတ်သက်သည့် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိဘဲ ပိုက်ဆံ ကျပ် ၁ သိန်းနှင့် ဖုန်း၊ ဆင်းကတ်တို့ကိုသာ ရှာဖွေသိမ်း ဆည်းရမိသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးစံဝင်း၊ ဦးစန်းလွင်၊ ဒေါ်တင်တင်လှ အပါအဝင် ၅ ဦးကို ဒိုင်းဝန်ကွင်းနယ် မြေရဲစခန်းတွင် မယ (ပ) ၁၀ / ၂၀၁၈၊ မူးယစ်ဆေးဝါး ဥပဒေပုဒ်မ ၁၉(က) /၂၀(က) /၂၁ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းမှ သိရသည်။