ရဲမှူးကြီး နေမျိုးနှင့် တွေ့ဆုံခြင်း

0
817

ပြီးခဲ့သည့်ရက်သတ္တပတ်က နာမည် ကျော် မလေးရှား မူးယစ်အမှုနှင့် ဆက်စပ် ၍ ထားဝယ်တွင် လုပ်ငန်းရှင်တစ်ဦးကို ဖမ်းဆီးခဲ့သည်။ များမကြာမီပင် သမ္မတ ၏အမိန့်ဖြင့် မူးယစ်ဆေးဝါး ဖမ်းဆီးရေး အထူးဖွဲ့ ဖွဲ့စည်းကြောင်း ထုတ်ပြန်လိုက် သည်။ မူးယစ်ဆေး သတင်းပေးသူများကို ဆုချီးမြှင့်မည်ဖြစ်ပြီး ဖမ်းသူ ရဲတပ်ဖွဲ့ ဝင်များလည်း ဝေစုရမည် ဖြစ်သည်။ လက်ရှိ နာမည်ကျော်နေသော အမှုအပါ အဝင် မူးယစ်ဆေးဝါး ဖမ်းဆီးရေးကိစ္စများ ကို တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးနှင့် မေးမြန်ထားပါသည်။

တနင်္သာရီအပတ်စဉ်။ ။ မူးယစ် ဆေးဝါးဖမ်းဆီးရေး အထူးအဖွဲ့ ဖွဲ့တာနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲခင်ဗျား။

ရဲမှူးကြီးနေမျိုး။ ။ကောင်းတာပေါ့၊ ပိုပြီးတော့ ထိရောက်မှုရှိလာမှာပေါ့ အရင် ထက်စာရင်။ ထိရောက်မှုရှိအောင်လို့ အဲဒီရည်ရွယ်ချက်နဲ့ လုပ်တာလေ။ ဖမ်းဆီး မှုတွေ ပိုပြီးမြန်ဆန်လာမယ် ထိရောက် လာမယ်ပေါ့။ ဒီလိုအဖွဲ့ ဖွဲ့လိုက်တဲ့အတွက် မူးယစ်ဆေးဝါး ဖမ်းဆီးမှုတွေက ပိုပြီး တော့မှ ကောင်းလာမယ်။ နောက် ဝိုင်းဝန်း ကူညီပံ့ပိုးတာတွေက ပိုပြီးမြင့်လာမယ်လို့ ယူဆတာပေါ့။
တနင်္သာရီအပတ်စဉ်။ ။လက်ရှိ တိုင်းထဲမှာပေါ့နော် မူးယစ်ဆေးဝါး ဖမ်း ဆီးရမိမှုအပေါ်မှာ တိုင်းရဲတပ်ဖွဲ့အကြီး အကဲတစ်ယောက် အနေနဲ့ အားရကျေနပ် မှု ရှိလားခင်ဗျား။

ရဲမှူးကြီးနေမျိုး။ ။ ဖမ်းဆီးရမိမှု တွေက အားရကျေနပ်မှုရှိတယ်။ ၂၀၁၅ ခုနှစ်နဲ့ဆိုရင် ၂၀၁၇ ခုနှစ်မှာ နှစ်ဆ ကျော်လောက် ဖမ်းပစ်လိုက်တယ်။ ၂၀၁၆ ခုနှစ်နဲ့ စာရင်လည်း ၂၀၁၇ ခုနှစ် မှာ ၉၆ မှု ပိုဖမ်းထားတယ်။ ဒီလက်ရှိနှစ်မှာ လည်း အမှုပေါင်း ၃၀၀ ကျော် ဖမ်းထား ပြီးပြီ။ ဒီနှုန်းအတိုင်းဆိုလို့ရှိရင် ဖမ်းဆီး ရမိမှုတွေက တိုးမြင့်နေမှာ။ ဘာပဲဖြစ်ဖြစ် တပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်သည် တစ်နှစ် ထက် တစ်နှစ်တော့ တိုးမြင့်ပြီး ဖမ်းဆီး နိုင်တာဖြစ်တဲ့အတွက် အားရကျေနပ် တယ်။

တနင်္သာရီအပတ်စဉ်။ ။ရဲမှူးကြီး ပြောဖူးတာရှိတာပေါ့ခင်ဗျား။ မူးယစ်ဆေး ပင်ရင်းတွေက မြို့မျက်နှာဖုံးတွေ ဖြစ်နိုင် တယ် ဆိုပြီးတော့လေ။ အခုထားဝယ်မှာ မိတဲ့သူကလည်း အတော်အတန် ချမ်းသာ တဲ့ မလေးရှားမူးယစ်အမှု ကွင်းဆက် ဖြစ် နေတယ်ဆိုပြီးတော့ ရဲတပ်ဖွဲ့ဌာနချုပ်က ထုတ်ပြန်ထားတာ ရှိတာပေါ့ခင်ဗျား။ဆိုတော့ ဦးအောင်လွင်ကရော လက်ရှိ ဘယ်လိုအခြေအနေရှိလဲ။ တိုင်းထဲမှာပဲ ဖမ်းထားတာလား။

ရဲမှူးကြီးနေမျိုး။ ။ဦးအောင်လွင် ကို ထားဝယ်မှာဖမ်းတာ ဟုတ်တယ်၊ မူးယစ်ဗဟိုနဲ့ ကွင်းဆက်အနေနဲ့ သူ့ကို ဖမ်းတယ်။ ဖမ်းပြီး သူ့ပိုင်ဆိုင်မှုတွေ စစ်တဲ့အခါမှာ ရဲဌာနချုပ်က ထုတ်ပြန် ထားတဲ့အတိုင်းပဲ။ သိန်းပေါင်းများစွာ တွေ့ရတယ်ပေါ့နော်။ ဒီမှာလည်း သူပိုင် ဆိုင်တဲ့အဆောက်အအုံတွေ ဘာတွေ မူးယစ်ဗဟိုနဲ့ စာချုပ်စာတမ်းတွေ ထိန်း သိမ်းထားတာတွေရှိတယ်။ ရှိတာဖြစ်တဲ့ အတွက် သူသည် ကာလအတွင်းမှာ ဒီလောက်များစွာရှိတဲ့ငွေတွေကို သူဘယ် လိုနည်းနဲ့ရလဲဆိုတာတွေကို မူးယစ် ဗဟိုက စစ်နေတာတွေရှိတယ်။ လက်ရှိ အနေအထားက မှန်းထားတာက သူသည် မလေးရှားမှာလည်း နေခဲ့တယ်။

ဟိုလူတွေ နဲ့လည်း ပေါင်းစပ်တဲ့အနေအထားတွေရှိတဲ့အတွက် ဒီရတဲ့ငွေတွေကတော့ မူးယစ်ဆေးဝါးက ရတဲ့ငွေလို့ပဲ သုံးသပ် တယ်။ သူသည် မူးယစ်ဆေးဝါးနဲ့ ချမ်းသာ ကြွယ်ဝလာတဲ့အနေအထားတွေ တွေ့ရ တယ်ပေါ့။ အဓိကကတော့ ဟိုဘက်ကနေ ရောင်းဝယ်တဲ့အပေါ်မှာ မူတည်ပြီးတော့ အမြတ်အစွန်း အများကြီး ရတဲ့သဘောရှိ တယ်။
မြို့မျက်နှာဖုံးဆိုတာ ပြောခဲ့တဲ့ အနေအထားကတော့ ဒီလိုလူမျိုး ပုံစံမျိုး ပဲ။ မြို့မှာတော့ မဟုတ်တဲ့ဟာတွေဖျောက် ထားပြီးတော့မှ သူကတော့ စီးပွားရေး လုပ်ငန်းတွေ လုပ်နေတဲ့ပုံစံမျိုးတွေ ဖန် တီးထားတာပေါ့နော်။ အခုက မလေးရှား ကွင်းဆက်ပေါ်လာတဲ့ အခါမှာကျတော့ သူ့ရဲ့မျက်နှာဖုံးက ပေါ်လာတဲ့ အနေ အထားပဲ။

တနင်္သာရီအပတ်စဉ်။ ။တိုင်းထဲမှာ ဒီလိုလူမျိုးတွေ ထပ်ပြီးဖော်ထုတ်ဖို့ရှိနိုင် သေးလားခင်ဗျား။ထပ်ပြီး ပေါ်ဖို့ ရှိသေးလား။

ရဲမှူးကြီးနေမျိုး။ ။ဖော်ထုတ် တာကတော့ ဖော်ထုတ်နေတာပဲ။ ရသလောက်တော့ ဖော်ထုတ်နေတာပဲ။ ခိုင်မာတဲ့သတင်းတွေ ဘာတွေ အတိအကျ ရဖို့လိုတယ်။ လူတိုင်းကို သံသယနဲ့ သွားလုပ်လို့တော့ မရဘူး။ ဖော်ထုတ်တာကတော့ အရင်နှစ်ကလည်း ဖော် ထုတ်နေတယ်။ အခုမှ ဖော်ထုတ်တာ မဟုတ်ဘူး။ ပင်လယ်ပြင်(မြိတ်)မှာ လှေတစ်စီးကိုမိတဲ့အခါမှာ ဖျာပုံက မြို့မျက်နှာဖုံး သူဌေးတစ်ယောက်ကို ဖော်ထုတ်ခဲ့ တယ်။ အခုလည်းဒီလိုပဲ အဲလိုကွင်းဆက် တွေရတိုင်း ရတိုင်း ဖော်ထုတ်ဖမ်းဆီးနေမှာပဲ။ တချို့တွေကလည်း ဖုံးကွယ်နေတဲ့ လူတွေလည်း ရှိကောင်းရှိနေမှာပဲလေ။