ပလတွင် အမျိုးသားတစ်ဦး အသတ်ခံရ

0
401

မြိတ်ခရိုင် ပုလောမြို့နယ် ပလမြို့ အမှတ် ၄ ရပ်ကွက်ပိုင် ကားလမ်းမကြီး နံဘေးတွင် ဇွန်လ ၂၇ ရက်နေ့က အမျိုးသားတစ်ဦး အသတ်ခံထားရ ကြောင်း အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေး မှူး ဦးဟိုလွင်ထံမှ သိရသည်။
အမှတ် ၄ ရပ်ကွက်ရှိ ဈေးတန်းအနီး ကွင်းပြင်အစပ်တွင် နဖူးကြားမှ အပေါ် နှုတ်ခမ်းအထိ ပြတ်ရှထားသည့် ဒဏ်ရာ ဖြင့် လူတစ်ဦးသေဆုံးနေသည်ဟု ရပ် ကွက်နေပြည်သူတစ်ဦးက ၂၇ ရက်နေ့ နံနက်ငါးနာရီခန့်က သတင်းပေးပို့ခဲ့ ကြောင်း အုပ်ချုပ်ရေးမှူး ဦးဟိုလွင်က ပြောပြသည်။

“ဓားဒဏ်ရာလို့တော့ ပြောလို့မရ သေးဘူး။ ပြတ်ရှဒဏ်ရာတွေပါ”ဟု အုပ် ချုပ်ရေးမှူး ဦးဟိုလွင်က ပြောသည်။
အဆိုပါ အမျိုးသားသေဆုံးနေ သည့်ဖြစ်စဉ်သည် သာမန်မဟုတ်ဘဲ တစ်စုံတစ်ဦး၏ ပယောဂကြောင့် ဖြစ် နိုင်ကြောင်း အုပ်ချုပ်ရေးမှူး ဦးဟိုလွင် က ပြောပြသည်။

သေဆုံးသူအမျိုးသားသည် အသက် ၃၃ နှစ်အရွယ်ရှိပြီး အမှတ် ၄ ရပ်ကွက် တွင် နေထိုင်သူဖြစ်ကြောင်း ၎င်းကပြော သည်။
သေဆုံးသူမှာ ဆွေမျိုးသားချင်းများ မရှိဘဲ တစ်ယောက်တည်းနေထိုင်သူ ဖြစ်ပြီး ဒဏ်ရာမှာ ပုဆိန်ဖြင့် ခုတ်ထားသည့် ဒဏ်ရာဖြစ်နိုင်ကြောင်း အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်က ပြောသည်။

ယင်းကဲ့သို့ မျက်နာတို့တွင် ဒဏ် ရာများဖြင့် သေဆုံးနေသည့်အတွက် ပုလောမြို့မရဲစခန်းက လူသတ်မှုဖြင့် အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။