မသန်စွမ်း ကျောင်းသားနှစ်ဦး တက္ကသိုလ်ဝင် စာမေးပွဲ အခက်တွေ့နိုင်

0
440

ပုလောမြို့နယ် ကျောက္ကာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ ရှိ မသန်စွမ်းကျောင်းသားနှစ်ဦး တက္က သိုလ်ဝင် စာမေးပွဲဖြေဆိုရာတွင် အခက် တွေ့နိုင်ကြောင်း ကျောင်းအုပ်ဆရာ ဦးကိုကိုလေးက ပြောသည်။
အဆိုပါကျောင်းသားနှစ်ဦးမှာ ကိုယ်အင်္ဂါမသန်စွမ်းသဖြင့် စကားပြော ရာနှင့် စာရေးရာတွင် တခြားသူများ နားလည်ရန် ခက်ခဲနေသောကြောင့် လာ မည့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရာတွင် အခက်တွေ့နိုင် ကြောင်း ဦးကိုကိုလေးကပြောသည်။

သူငယ်တန်းမှ န၀မတန်းအထိ တက်ရောက်ခဲ့စဉ်အချိန်ကမူ ၎င်းတို့ကို သင်ကြားပေးသည့် ဆရာများက ၎င်းတို့ ၏ ပြောစကားအချို့နှင့် အရေးအသား များကို နားလည်နေပြီဖြစ်သောကြောင့် အခက်အခဲမရှိခဲ့ကြောင်း ဦးကိုကိုလေးက ပြောသည်။

“သူတို့ ဘာရေးတယ်ဆိုတဲ့ လက် ရေးကို သူတို့ (ဆရာမ)တွေက အမြဲစစ် နေကျဆိုတော့ သိနေပြီလေ။ ဒီတော့ အဲဒီကလေးတွေ ဘာရေးတယ်ဆိုတာ သိနေတော့ အဲလိုနည်းနဲ့ စာမေးပွဲ စစ်ပြီး တော့ အောင်အောင်ပေးတာ”ဟု ဦးကိုကို လေးက ဆိုသည်။
တက္ကသိုလ်ဝင်တန်း နောက်ဆုံး အတန်းတင် စာမေးပွဲအဖြေလွှာများကို မြန်မာနိုင်ငံ စာစစ်ဦးဌာနက စစ်ဆေး မည်ဖြစ်သောကြောင့် ယင်းမသန်စွမ်း ကျောင်းသားများ၏ လက်ရေးကို နား လည်နိုင်မည်မဟုတ်သဖြင့် အခက်အခဲ ရှိနိုင်ကြောင်း ၎င်းကပြောသည်။
တနင်္သာရီတိုင်း ပညာရေးမှူး ဒေါ်မြင့်စိန်က မသန်စွမ်းကျောင်းသား များအတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေရန် နည်းလမ်းနှစ်ခုရှိကြောင်း ပြောသည်။

ပထမနည်းမှာ မသန်စွမ်းကျောင်း သားများရှိသည့် စာစစ်ဌာနမှ အတော် ဆုံး ဆယ်ဦးစာရင်းဝင် န၀မတန်း ကျောင်းသားတစ်ဦးကိုရွေးချယ်ပြီး မသန်စွမ်းကျောင်းသားပြောပြသမျှ န၀မတန်းကျောင်းသားက ရေးဖြေ ဖြေ ပေးရမည်ဖြစ်ပြီး ဒုတိယနည်းမှာ ကွန် ပြူတာဖြင့် ဖြေဆိုရသည့်နည်းဖြစ်သည်။
ယင်းအပြင် မသန်စွမ်းကျောင်းသား များအတွက် စာမေးပွဲဖြေဆိုချိန် သုံးနာရီ အပြင် နောက်ထပ် မိနစ်သုံးဆယ် ပိုဖြေ ဆိုခွင့်ရှိကြောင်း တိုင်းပညာရေးမှူးထံမှ သိရသည်။