ရှေးဟောင်းစကား

0
511

ဒီနှစ် နှစ်စတည်းက ဗြတ်စာတို့ ထားဝယ်ဒေသမှာ ယဉ်ကျေးမှုအမွေ အနှစ်တွေနဲ့ ပတ်သက်ပြီး အသံလေးတွေ ထွက်လာတယ်။ အသံထွက်လာတယ်လို့ သုံးလိုက်ကတည်းကိုက ချီးကျူးထောက်ခံ သံတွေဆိုတာထက် ဝေဖန်သံတွေဆိုတာ သိမှာပါ။
မှတ်မှတ်ရရ ဗြတ်စာသတိထား မိတာ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာမှာရှိတဲ့ ရှင်ဓာတ်ဝဲစေတီ ပြန် လည် ပြုပြင်မွမ်းမံတဲ့ကိစ္စ၊ ထားဝယ်မြို့ လယ်ခေါင်က တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးဘေး ခေတ်မီတိုးချဲ့အဆောက် အအုံဆောက်တဲ့ကိစ္စ၊ ထားဝယ်မြို့ ဟောင်းတစ်ခုဖြစ်တဲ့ သာဂရမြို့ဟောင်း အနီးတစ်ဝိုက် လမ်းတွေချဲ့ထွင်လို့ ရှေးဟောင်းမြို့ရိုး၊ ကျုံးတွေ ဆုံးရှုံးတဲ့ ကိစ္စတွေပါ။

တစ်ဆက်တည်း စဉ်းစား မိတာတစ်ခုက ရှင်မုတ္ထီးကျေးရွာမှာ မြေရှင်းရင်း ရှေးဟောင်းအုတ်ခွက်ဘုရား တွေ ပေါ်လာတဲ့ကိစ္စတွေပါ။
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဆိုတာ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာပါ။ ဒီရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ အရေး ကြီးကြောင်း အစိုးရ အဆက်ဆက်က တိုက်တွန်း ပြောဆိုလေ့ရှိကြပေမဲ့ ဒါဟာ သူတို့အတွက်တော့ လေထဲမှာ ပျောက် ကွယ်သွားတတ်တဲ့ စကားလုံးတွေပါပဲ။

ဒီလို တိုက်တွန်းပြောဆိုမှုတွေကို အဓိက ချေဖျက်တာတွေကလည်း အစိုးရတွေပဲ ဖြစ်နေတတ်ကြပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ခေါင်းစဉ် အောက်မှာ ယဉ်ကျေးမှု အမွေအနှစ် တွေဟာ ဖျက်ဆီးခံလိုက်ရတာချည်းပါပဲ။ ရှေးဟောင်းယဉ်ကျေးမှု အမွေနှစ်တွေနဲ့ အပြိုင် အားပြိုင်လွန်ဆွဲရတာကလည်း ဖွံ့ဖြိုးတိုးတက်ရေး အစီအမံတွေပဲလို့ ဗြတ်စာယူဆသဗျ။

နောက်တစ်ချက်က စေတနာသဒ္ဓါ တရား ထက်သန်လွန်ကဲမှုပါ။ ရှေး ဟောင်း အမွေအနှစ်အပေါ်မှာ စေတနာ သဒ္ဓါတရားလွန်ကဲပြီး လိုအပ်တာထက် ပြုပြင်မွမ်းမံတာတွေဟာလည်း ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေ ပျက်သုဉ်း ခြင်းရဲ့ အခြေခံ အကြောင်းတရားတွေပါ ခင်ဗျ။ ဗြတ်စာတို့ ဒေသထဲက ရှင်ဓာတ်ဝဲ စေတီတော် ပြုပြင်မွမ်းမံတဲ့ကိစ္စဆိုရင် လည်း စေတနာသဒ္ဓါတရား ထက်သန် လွန်းမှုကြောင့် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးမူကို ချိုးဖောက်မိသလို ဖြစ်သွာတာမျိုးလို့ သုံးသပ်မိပါတယ် ခင်ဗျ။
ထိုနည်းတူ သာဂရမြို့ဟောင်းမှာ မြို့ရိုးဟောင်းတွေ၊ ကျုံးတွေအနေအထား ပျက်ယွင်းသွားအောင် လမ်းတွေတိုးချဲ့ တာ၊ ကျုံးနေရာဟောင်းတွေမှာ မြေဖို့ ပစ်တာ စတဲ့လုပ်ရပ်တွေဟာ ဒေသဖွံ့ဖြိုး ဖို့ဆိုပေမဲ့ ဒေသတွင်း သမိုင်းအစဉ်အလာ ကြီးမားတဲ့၊ နိုင်ငံတကာ သုတေသနပညာ ရှင်တွေတောင် လာရောက်လေ့လာနေရတဲ့ နေရာမျိုးမှာ လုပ်ဆောင်တာမျိုးကတော့ စီမံချက်ဆွဲ သူတွေရော၊ အကောင်အထည် ဖော်ဖို့ ခွင့်ပြုသူတွေရော လက်လွတ်စပယ် နိုင်လွန်းတယ်။

ဘာကိုမှ တွေးခေါ်မြော်မြင်ပြီး မလုပ်ဆောင်တတ်ဘူးဆိုတာ ပေါ်လွင် နေတာပဲခင်ဗျ။ ဒီလို မြို့ဟောင်းနေရာ မျိုးတွေမှာ ဖြစ်နိုင်ရင် မူရင်းလက်ရာ မပျက် ထိန်းသိမ်းထားမယ်။ ဆက်ပြီး မပြိုမပျက်အောင် စနစ်တကျစောင့်ရှောက် ထားပြီး ခရီးသွားဧည့်သည်တွေကို ဆွဲ ဆောင်နိုင်အောင် လုပ်မယ်ဆိုရင် ဒေသ အတွင်း အလုပ်အကိုင်အခွင့်အလမ်း တွေရပြီး ကျေးရွာအတွက်လည်း စီးပွား တိုးတက်ဖို့ တစ်ဖက်တစ်လမ်းက အထောက်အကူပြုမှာပဲ ခင်ဗျ။
ခုတော့ လမ်းတွေ ကောင်းအောင်၊ ကျယ်အောင်လုပ်မှ တိုးတက်တယ်လို့ မြင်ရင် အဲဒီကိစ္စတွေကို စီမံခန့်ခွဲသူဟာ အစွန်းရောက် ဖွံ့ဖြိုးတိုးတက်ရေး သမား လို့ ဆိုချင်ပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း ဒေသတွင်း လူမှုကွန်ရက် စာမျက်နှာတွေမှာ ရိုက် ခတ်ခဲ့ပြီး အများပြည်သူစုပေါင်းပြီး လက်မှတ်ရေးထိုး၊ နိုင်ငံတော်အဆင့်အထိ တင်ပြခဲ့ဖူးတဲ့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးဘေးမှာ တိုးချဲ့ခေတ်မီအဆောက် အအုံကြီးတစ်ခုဆောက်တဲ့ ကိစ္စလည်း ဒီလိုပါပဲ။ ပါးစပ်ကာ အမြှုပ်တစီစီ ထွက်မတတ် ယဉ်ကျေးမှုအမွေအနှစ်ကို ချစ်ပါတယ်လို့ ပြောတတ်သူတွေက ဆင်ခြေဆင်လက်တွေပေးပြီး တဇွတ်ထိုး တည်ဆောက်လိုက်ကြတာ..။
အများပြည်သူတွေရဲ့ ဝေဖန်အကြံ ပေးတာတွေကိုတောင်မှ နားမထောင်၊ ပြန်လည်ဆွေးနွေးတိုင်ပင်ခြင်းလည်း မရှိဘဲ ဗြတ်စာတို့ ထားဝယ်ဒေသရဲ့ ပုံရိပ် တစ်ခုကို ဖျက်ဆီးလိုက်ကြတာ..။ ပြည်သူတွေရဲ့ဆန္ဒကို အနည်းစု ပြည်သူ ပါ၊ ငါတို့က အများအတွက် လုပ်တာလို့ ယူဆခဲ့ကြရင်လည်း အနည်းစုရဲ့ ဆန္ဒကို အလေးမထားတဲ့ ဒီမိုကရေစီ အာဏာရှင် တွေအဖြစ် နောင်တစ်ချိန် သမိုင်း မှတ်တမ်းမှာ ကျန်နေခဲ့မှာပါ။

နောက်တစ်ခု ဆက်စပ်စဉ်းစားမိလာ တာက ခုနောက်ဆုံး လွန်ခဲ့တဲ့ ရက်ပိုင်း အတွင်းက ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီး ကျေးရွာမှာ ကျေးရွာသားတစ်ဦး ခြံမြေ ရှင်းလင်းရာကနေ ရှေးဟောင်းအုတ်ခွက် ဘုရားတွေ ထွက်လာတဲ့ အကြောင်းပါ။ ရှင်မုတ္ထီးဆိုတာ ထားဝယ်ရှေးမြို့ဟောင်း တွေထဲမှာ ထင်ရှားတဲ့မြို့ဟောင်း တစ်မြို့ ပါ။ ခုမှပေါ်လာတဲ့ မြို့ဟောင်းတစ်ခု မဟုတ်ပါဘူး။ အုတ်ခွက်ဘုရား ဆိုလည်း ခုမှပထမဆုံး ရှင်မုတ္ထီးမှာ တွေ့ရတာ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ နှစ်လောက်ကတည်းက တွေ့ရှိခဲ့ဖူးပြီး ဒေါက်တာနိုင်ပန်းလှ သုတေသနလုပ်ဆောင်မှုတွေကြောင့် နိုင်ငံတကာ ရှေးဟောင်းယဉ်ကျေးမှု နယ်ပယ်မှာ ဩုနအ့င ဠသအငလန Tဘေူနအ ရယ်လို့ အခိုင်အမာ ထင်ရှားခဲ့ပါတယ်။ တကယ်တော့ ရှင်မုတ္ထီးမှာ မြို့ဟောင်းရာ တွေလည်း အထင်အရှား ရှိပြီးသားပါ။ခေတ်အဆက်ဆက် အစိုးရတွေကလည်း သိခဲ့သလို၊ သက်ဆိုင်တဲ့ ရှေးဟောင်း သုတေသနဌာနရုံးတွေကလည်း သိပါ တယ်။ ဒါပေမဲ့ ထိန်းသိမ်းမှု အားနည်း လွန်းခဲ့ပြီး တချို့နေရာတွေမှာဆို မြို့ရိုး ဟောင်းတွေ ဖြိုချပြီး အိမ်ရာတွေ ဆောက်တာ၊ မြို့အဝန်းအဝိုင်းလို့ ယူဆ ထားတဲ့နေရာတွေမှာ ခြံကွက်တွေ ဖော် ထုတ်စိုက်ပျိုးခဲ့တာတွေကိုတောင် တွေ့ရ ပါတယ်။ ဒါဟာ တာဝန်ရှိခဲ့တဲ့ အစိုးရ အဆက်ဆက်ရဲ့ တာဝန်မဲ့မှုလို့ ဗြတ်စာ ဆိုချင်ပါတယ်။

ခုချိန်မှ ယဉ်ကျေးမှု အမွေအနှစ် တွေ့တဲ့ နေရာတွေမှာ ထိန်းသိမ်းမယ် ဆိုပြန်ရင်လည်း ပိုင်ဆိုင်မှုတွေ ရှိနေပြီး ဖြစ်တဲ့ ပိုင်ရှင်တွေအတွက် အခက်အခဲ ဖြစ်စေမှာ အမှန်ပဲဗျ။ တကယ်တော့ ပိုင်ဆိုင်မှုတွေ မရှိသေးခင်အချိန်က တည်းက သတ်မှတ် ထိန်းသိမ်းခဲ့ရမှာ ပါ။ နှုတ်ကသာ ရှေးဟာင်းအမွေအနှစ် ထိန်းသိမ်းရေး တဖွဖွပြောနေပြီး အမွေ အနှစ်ရဲ့ တန်ဖိုးကို မသိလေတော့၊ နောင်ခါလာ နောင်ခါဈေးလို့ သဘော ထားခဲ့သမျှ လက်ရှိအချိန်မှာ လုပ်ကိုင် ရခက်တွေ့တော့တာပါ။ ဒါကြောင့် စေတနာမှန်တဲ့ အစိုးရဆိုရင် ရေတိုကိစ္စ တစ်ခုတည်း မကြည့်ဘဲ ရေရှည်အတွက် ပါ တွေးခေါ်မြော်မြင်ပြီး လုပ်ဆောင် တတ်တဲ့ အစိုးရမျိုးဖြစ်စေဖို့ တိုက်တွန်း ပါရစေခင်ဗျ။

ဒါကြောင့်မို့ ဗြတ်စာတင်ပြခဲ့တာ တွေ ပြန်ချုပ်ရရင် ဒေသတစ်ခုရဲ့ ဂုဏ် သိက္ခာဖြစ်တဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းရာမှာ တာဝန်အရှိဆုံးဟာ အစိုးရဖြစ်ပြီး၊ အပြောမဟုတ် လက်တွေ့ပြသထိန်း သိမ်းရမယ့် တာဝန်လည်း ရှိပါတယ်။ အစိုးရတစ်ရပ်ဟာ ဒေသဖွံဖြိုးတိုးတက်ဖို့ လုပ်ဆောင်ရန် တာဝန်ရှိသလို တစ်ဖက် ကလည်း ဒေသအတွင်းက ရှေးဟောင်း သမိုင်းဝင် မြို့ဟောင်းနေရာတွေ၊ စေတီ ပုထိုးတွေ၊ အဆောက်အဦတွေကို ထိန်း သိမ်း စောင့်ရှောက်ရမယ့် တာဝန်ရှိပါ တယ်။

မိမိတို့လက်ထက်မှာ ဘယ်လောက် တိုးတက်ခဲ့တယ်ဆိုတာကို ပြလိုဇောနဲ့ လုပ်ကွက်တွေဖော်၊ သဒ္ဓါတရားတွေ လွန်ကဲ၊ ရှေးလက်ရာတွေ ဖုံးကွယ်သွား လောက်အောင် ပြုပြင်တည်ဆောက် နေမယ်ဆိုရင်လည်း ဒေသရဲ့အရေးပါတဲ့ သမိုင်းကြောင်းဟာ ဟန်ချက်မညီဘဲ ဖြစ်နေတတ်တာမို့ ဒေသသမိုင်းကြောင်း ရော၊ အစိုးရသမိုင်းကြောင်းရော လှဖို့ လက်တို့လိုက်ပါရစေဗျာ။