ကော့သောင်းဆလုံကျွန်း ဘုရားထီးတော်တင်ပွဲ ကျင်းပမည်

0
436

ကော့သောင်းမြို့နယ်၊ ဆလုံ ကျွန်းပေါ်တွင် တည်ထားကိုးကွယ်ထားသောဒီပါအောင်မြေစိန်ရောင်ခြည်မြစေတီတော်တင်ပွဲကိုဧပြီလ ၂၄ရက်နေ့တွင်ကျင်းပမည်ဖြစ်ကြောင်း ပြည်တော် အေးဂေါပကအဖွဲ့ထံမှသိရသည်။

စေတီတော်၏ စိန်ဖူးတော်မှာ မတ်လ၅ရက်တွင် သဘာဝဘေး အန္တရာယ်ကြောင့် မြေခခဲ့ရသည့်အတွက် ထီးတော်အသစ်ပြန်တင်ခြင်း ဖြစ်ကြောင်း ပြည်တော်အေးဂေါပက ဥက္ကဋ္ဌ ဦးကျော် ကျော်မိုးက ဆိုသည်။

ထီးတော်တင်ပွဲသွားရောက်မည့် ဒေသခံများအတွက် ပဲ့ချိတ်များကိုမနက် ၆နာရီမှစ၍ အကြိုအပို့ အခမဲ့ စီစဉ် ပေးထားသည်ဟု ဦးကျော်ကျော်မိုးက ပြောသည်။

ယင်းစေတီတော်ကို၂၀၁၁ ခုနှစ်ကနောက်ဆုံးထီးတော်တင်ခဲ့သည်ဟုသိရသည်။
ဒီပါအောင်မြေစိန်ရောင်ခြည်မြစေတီတော်ကြီးကိုဆလုံကျွန်းပေါ်တွင် ၁၉၉၈ခုနှစ်မှ စ၍ တည်ထားကိုးကွယ် ခဲ့သည်။