ဖွံ့ ဖြိုးခြင်း အမြင်အမျိုးမျိုးကြားမှ ထားဝယ်

0
476

မြန်မာနိုင်ငံတောင်ပိုင်း၊ တနင်္သာရီ တိုင်းရဲ့ မြို့တော်ဖြစ်တဲ့ ထားဝယ်မြို့က ပန်းခြံတစ်ခုမှာ ကျင်းပတဲ့ “တို့ချစ်တဲ့ ထားဝယ်” ပွဲတော်မှာ လူအုပ်ကြီး စုဝေး မိချိန်မှာ မှောင်ရီပျိုးစ ဖြစ်နေပါပြီ။ ဒေသခံအနုပညာရှင်တွေနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက အနုပညာရှင်တွေရဲ့ စုံလင် လှတဲ့အနုပညာပြကွက်နဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကလည်း ပွဲတော်လာ ပရိသတ်အမျိုးမျိုးကို ဆွဲဆောင်နေပါ တယ်။

ပွဲကျင်းပတဲ့နေရာမှာ ထားဝယ်ဖွံ့ ဖြိုးမှုနဲ့ဆိုင်တဲ့ စကားဝိုင်းတစ်ခုလည်း ပြုလုပ်ခဲ့ပါတယ်။
ပွဲတော်ကို ထားဝယ်နဲ့ထိုင်းက လူမှုအဖွဲ့အစည်း ၂၀ကျော်ရဲ့ ပူးပေါင်း ကြိုးပမ်းမှုနဲ့ ကျင်းပခဲ့ပါတယ်။ ထားဝယ် မှာ အခြားဖွံ့ဖြိုးရေးလမ်းကြောင်း တစ်ခု အနေနဲ့ ခရီးသွားလာရေးလုပ်ငန်းကို ဒေသခံတွေအတွက် အားပေးဖို့ ရည်ရွယ် ပြီး ဒီဇင်ဘာလ ၃ရက်မှာ ကျင်းပခဲ့တာ ပါ။ စက်မှုစီမံကိန်းကြီးတွေ အပေါ်မှာသာ အဓိက မှီခိုနေခြင်းက ဒေသခံတွေရဲ့ လူနေမှုဘ၀နဲ့ သဘာဝ ပတ်ဝန်းကျင်ကို အန္တရာယ်ပြုစေမယ်ဆိုတာကို အဖွဲ့ အစည်းတွေက စိုးရိမ်ပူပန်နေကြပါတယ်။

ကျွန်တော်တို့ ထိုင်းသတင်းထောက် တွေပါတဲ့ အဖွဲ့ငယ်တစ်ဖွဲ့ဟာ အရင်က ထားဝယ်ကို အကြိမ်ပေါင်းများစွာ လာလည်ဖူးပါတယ်။ အရင်က မြို့ငယ် လေးဖြစ်ဖူးတဲ့ ဒီမြို့ရဲ့ပြောင်းလဲလာပုံကို လည်း ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။ ၂၀၁၂ ခုနစ်က ကျွန်တော်တို့ရဲ့ ခရီးစဉ်အ တွင်းမှာတော့ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ် နှံထားတဲ့ အထူးစီးပွားရေးဇုန်များနဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းများအပေါ် ဒေသခံတွေရဲ့ သဘောထားအမြင်တွေကို နားထောင်ဖို့ ပထမဦးဆုံး လာရောက် ခဲ့ဖူးပါတယ်။

အဲဒီအချိန်တုန်းက ထားဝယ်ဟာ နိုင်ငံခြားသား ဧည့်သည်တွေကို ကြိုဆိုဖို့ အသင့်ဖြစ်နေပုံ မရပါဘူး။ လေဆိပ်ဟာ လည်း တော်တော်လည်း ဟောင်းနွမ်းနေ ပါတယ်။ ဆိုက်ရောက်ကောင်တာနဲ့ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်ဟာ လည်း တော်တော့ကို ကြာပါတယ်။ နေ စရာထိုင်ခင်း ပစ္စည်းပစ္စယအပြည့်နဲ့ ဝန်ဆောင်မှုရှိတဲ့ ဟိုတယ်ခန်းကို ရှာရဖို့ ဆိုတာလည်း ခက်ခဲလှပါတယ်။ သို့သော် လည်း ထားဝယ်ရဲ့ အရင်အခြေအနေ ဟောင်းကို တွေ့ကြုံခဲ့ဖူးတဲ့အတွက် ကျွန်တော်တို့ ဝမ်းမြောက်ရပါတယ်။မနက်တိုင်းမှာ ကျွန်တော်တို့ဟာ ထားဝယ်မှာ အသုံးများတဲ့ ခရီးသွားလာ ရေးယာဉ်ဖြစ်တဲ့ မြင်းလှည်းက မြင်းခွာ သံတွေနဲ့ နှုတ်ဆက်တာကို ကြုံရပါတယ်။

ဒီဒေသတစ်ဝိုက်မှာ တွေ့ရတဲ့ အခြား ခရီးသွားလာရေး ယာဉ်တစ်မျိုးကတော့ နွားလှည်းတွေ ဖြစ်ပါတယ်။ ပြီးတော့ အပြစ်ကင်း လှတဲ့ လူသူမရောက်သေးတဲ့ သဲဖြူကမ်း ခြေတွေ၊ လမ်းတစ်လျှောက်က မြင့်မားလှတဲ့ ထန်းပင်တန်းတွေနဲ့အတူ ကျွန်တော်တို့ရဲ့ အာရုံကို ဖမ်းစားစရာ တန်ဖိုးမဖြတ်နိုင်တဲ့ ချစ်စရာ ဆွဲဆောင်မှု တွေက များလှပါတယ်။ ထားဝယ်ကို ထပ်ခါထပ်ခါလာဖို့ ကျွန်တော်တို့ ကိုယ့် ကိုကိုယ် သန္နိဌာန်ချမိပါတယ်။

အဲဒီအချိန်တုန်းက ကျွန်တော်တို့ အဖွဲ့ဟာ ထိုင်းနိုင်ငံက ကော်ပိုရေးရှင်းနဲ့ အဲဒီတုန်းက မြန်မာနိုင်ငံရဲ့ စစ်အစိုးရက စတင်ခဲ့တဲ့ အထူးစီးပွားရေးဇုန်များနဲ့ ဆိပ်ကမ်း စီမံကိန်းဆိုင်ရာ သတင်း အချက်အလက်တွေ မေးမြန်းစုဆောင်းဖို့ ရည်ရွယ်ခဲ့တယ်။ ထားဝယ်က မတူညီတဲ့ ဒေသအများကြီးက ရွာသားတွေကို တွေ့ ဆုံခဲ့ပြီးစီမံကိန်းတွေဟာ ကျွန်တော်တို့ ထင်ထားတာထက်ကို ဒေသခံတွေကို အများကြီး ထိခိုက်မှုရှိလာလိမ့်မယ် ဆိုတာကို သဘောပေါက်ခဲ့ကြတယ်။အချို့ဒေသခံတွေကတော့ မြန်မာစစ် အစိုးရနဲ့ လုပ်ထားတဲ့ရင်း နှီးမြှုပ်နှံမှု ကြောင့် လူတွေ မြေယာဆုံးရှုံး ကုန်မှာကို စိုးရိမ်ကြတယ်။

မြန်မာစစ်အစိုးရက ထိုင်းကုမ္ပဏီ ကြီးကို ထားဝယ်မြို့မှာရှိတဲ့ မြေ ၂၅၀ စတုရန်းကီလိုမီတာ အကျယ်အဝန်းမှာ စီမံကိန်း ပြုလုပ်ဖို့ ၇၅ နှစ် ငှားရမ်းခဲ့ ပါတယ်။ ထားဝယ်လူထုတွေဟာ စီမံကိန်း ကို ရှောင်လွှဲလို့ မရနိုင်လောက်အောင် ထိခိုက်ကြမှာဖြစ်ပြီး အဲဒီအချိန်က ရင်းနှီးမြှုပ်နှံသူတွေက ဘာမှ သေသေ ချာချာ ရှင်းလင်းတာမရှိဘဲ ဒေသခံတွေ ရဲ့ စိုးရိမ်ပူပန်မှု၊ သူတို့အသံတွေကို ပြောဆို နိုင်မယ့်နေရာလည်း မရှိခဲ့ပါ ဘူး။ အများစုကတော့ စီမံကိန်းရဲ့ လုပ် ဆောင်မှုအကြောင်းကိုကုမ္ပဏီ ကိုယ်စား လှယ်တွေဆီက မဟုတ်ဘဲ သတင်းတွေ ကသာ သိရတယ်လို့ ပြောကြပါတယ်။

နယ်စပ်ရဲ့ တစ်ခြားတစ်ဖက်မှာတော့ ထိုင်းရင်းနှီးမြှုပ်နှံသူတွေဟာ နှစ်နိုင်ငံ အစိုးရက ပံ့ပိုးပေးထားတဲ့ စီမံကိန်းရဲ့ တောက်ပနေတဲ့ အခင်းအကျင်းတွေကို အကောင်းဘက်က ပြထားတဲ့ အချက်အ လက်တွေနဲ့သာ ပုံဖော်တင်ပြကြပါတယ်။သို့သော်လည်း ဒေသခံတွေရဲ့ မျက်လုံး တွေကတစ်ဆင့် ဖျတ်ခနဲမြင်ရတဲ့ စီမံ ကိန်းကတော့ လုံးဝကွာခြားလှ ပါတယ်။ကျွန်တော်တို့အဖွဲ့ဟာ စီမံကိန်းမှာ မမြင် နိုင်တဲ့ အဖိုးအခတွေ (ပေးဆပ်ရမှုတွေ) ရှိနေတယ်ဆိုတာကို ထိုင်းနိုင်ငံသားတွေ သိဖို့ ဒေသခံတွေရဲ့ အမြင်ကိုလည်း ထုတ်လွှင့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။နောက်ပိုင်းမှာလည်း ကျွန်တော်ဟာ ထားဝယ်ကို မကြာခဏသွားရောက်ခဲ့ပြီး ဒေသခံတွေဟာ မြင်းလှည်းနဲ့ နွားလှည်း စီးလာတာ တဖြည်းဖြည်း နည်းလာ တာကို တွေ့လာရပါတယ်။ ကိုလိုနီ ခေတ်က ရှေးဟောင်း အင်္ဂလိပ်ယာဉ် တွေလည်း လမ်းတွေပေါ်က နေ ပျောက် ကွယ်လာ နေပါတယ်။ သူတို့ကို အသစ်တင်သွင်း လာတဲ့ယာဉ်တွေက အစားထိုးလာ ခဲ့ပါတယ်။ ထားဝယ်မြို့ လည်း ဒေသခံတွေနဲ့ နိုင်ငံခြားသားခရီး သွားတွေ များပြား လာတာကို ပိုမိုဝန် ဆောင်မှုပေးနိုင်ဖို့ လေဆိပ်ပုံစံအသစ် လည်း ရှိလာပါတယ်။

အခြားအရာတွေအနက် ထားဝယ် တွေဟာ သူတို့ရဲ့အနာဂတ်ကို ဆုံးဖြတ် ရာမှာ အသံပိုရလာပါတယ်။
“တို့ချစ်တဲ့ထားဝယ်”ပွဲတော်မှာ ပါတဲ့ လူငယ်လေးတွေက ခရီးသွားလာ ရေးလုပ်ငန်းကို ကြိုဆိုတယ်လို့ ပြော ကြပါတယ်။ အလုပ်အကိုင် ဈေးကွက်နဲ့ အံမဝင်တဲ့ မြန်မာ့ ပညာရေးစနစ်ကြောင့် လူငယ်မျိုးဆက်တွေဟာ အိမ်နီးချင်း နိုင်ငံတွေ၊ အထူးသဖြင့် ထိုင်းမှာ အလုပ် ရှာဖို့ ရွှေ့ပြောင်းနေကြရပါတယ်။ ဒါပေမဲ့ ထားဝယ်ဟာ အရင်းအမြစ်ပေါ များတဲ့ မြို့ဖြစ်ပြီးခရီးသွားလာရေး လုပ်ငန်းကို မြှင့်တင်ဖို့ လုံလောက်တာ ထက်ပိုတဲ့လှပတဲ့ ကမ်းခြေတွေ၊ ကျွန်း ငယ်တွေ၊ တောတွေအစရှိတဲ့ ယဉ်ကျေးမှု ပေါကြွယ်ဝမှုနဲ့ သဘာဝကပေးတဲ့ အမွေ တွေ အများကြီး ရှိပါတယ်။

ကလုံးထာက ရွာသားတွေကလည်း ပွဲတော်က လူငယ်တွေလိုပဲ အထူးစီးပွား ရေး စီမံကိန်းတွေကို အကောင်အထည် ဖော်ခြင်းထက် ခရီးသွားလာရေးလုပ်ငန်း ကို ဖွံဖြိုးအောင်လုပ်ခြင်းက တိုင်းပြည်အ တွက် ပိုကောင်းတဲ့ နည်းလမ်းဖြစ်မယ်လို့ တစ်သားတည်း မြင်ကြပါတယ်။
“ဦးဇင်းအမြင်မှာတော့ ခရီးသွား လာရေးလုပ်ငန်းဟာ ကလုံးထာက လူတွေအတွက် အကောင်းဆုံး ရွေးချယ် မှုလို့ ထင်တယ်။ ဒီရွာမှာ မြစ်ရှိတယ်။ ရေပူစမ်းတွေ ရှိတယ်။ ပေါများလှတဲ့ သဘာဝတွေ ရှိတယ်”လို့ ကလုံးထာ ဆရာတော်ဦးပညာဝံသက ကလုံးထာ ရွာနဲ့ ထိုင်းနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ ပါဝင်တဲ့ အလှူပွဲအပြီးမှာ သတင်း ထောက်တွေကို မိန့်ကြားပါတယ်။

ဒါပေမဲ့ ထားဝယ်က နဘုလယ် ကမ်းခြေကို ရောက်တဲ့အခါမှာတော့ ကျွန်တော် နောင်တရမိပါတယ်။ ဘာလို့ လဲဆိုတော့ ဒီလောက် ရင်သပ်ရှုမောစရာ ကောင်းတဲ့ ရှုခင်းကို အနာဂတ်မှာ ရေနက်ဆိပ် ကမ်းအဖြစ် အသွင်းပြောင်း တော့မယ်ဆိုတဲ့အချက်ကို စဉ်းစား လိုက်မိလို့ပါပဲ။ ထားဝယ်ရဲ့ ကံကြမ္မာ ဟာ မကြာသေးတဲ့အချိန်က ကျွန်တော် တို့ရဲ့ (ထိုင်းနိုင်ငံ) ရယောင်းခရိုင်က ပျက်စီးယိုယွင်းလာတဲ့ ကမ်းခြေတွေရဲ့ အခြေအနေကို ကျွန်တော့်ကို သတိရစေ ပါတယ်။
ပွဲတော်မှာ ပါဝင်ခဲ့တဲ့ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့က သယံ ဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဦး မြင့်မောင်နဲ့ ကျွန်တော်စကား ပြောခွင့်ရခဲ့ ပါတယ်။ သူကတော့ ဒေသ အစိုးရအနေနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းတွေနဲ့အတူ ခရီးသွားလုပ်ငန်း ကိုလည်း ဖွံ့ဖြိုး ဖို့မြှင့်တင်သွားမယ်လို့ အလေးအနက် ဆိုပါတယ်။ သူကတော့ ဒေသခံတွေကို သူတို့ရဲ့ ဖော်ရွေပျူငှာမှုနဲ့ အတူ ခရီးသွားတွေကို သဘောကျအောင် လုပ်မယ်လို့လည်း ကတိပေးပါတယ်။

ဒေသအစိုးရအနေနဲ့ စက်မှုကဏ္ဍနဲ့ ယှဉ်ရင် ဘဏ္ဍာငွေ ကြီးကြီးမားမား မလို တဲ့ ခရီးသွားလုပ်ငန်းဖွံဖြိုးမှုကို ချက် ချင်းစတင်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။
တိုက်ဆိုင်မှုရှိစွာပဲ မြန်မာနိုင်ငံရဲ့ ဒုတိယသမ္မတဖြစ်တဲ့”ဦးဟင်နရီ ဗန်ထီး ယူ”လည်း ထားဝယ်ပွဲတော်လုပ်နေချိန်မှာ အထူးစီးပွားရေးဇုန် အခြေအနေကို စစ် ဆေးဖို့ ထားဝယ်ကို လာရောက်ခဲ့ပါ တယ်။ သူက အစိုးရအနေနဲ့ အထူး စီးပွားရေးဇုန်စီမံကိန်းရဲ့ ကနဦးအဆင့် ကို ပြီးမြောက်နိုင်ဖို့ ထားဝယ်က လမ်း တွေနဲ့ ကန်ချနဘူရီခရိုင်က ဖူနန်ရွန်ကို ဆက်သွယ်ထားတဲ့လမ်းကို တည်ဆောက် ဖို့ထိုင်းကို တောင်းဆိုသွားမယ်လို့ ပြောခဲ့ပါတယ်။ ကြည့်ရတာ ထားဝယ် ဟာ ခရီးသွားလာရေးလုပ်ငန်းနဲ့ စက်မှု ဇုန်နှစ်ခုအနက် ဘယ်ဖွံဖြိုးရေးကို ရွေးချယ်မလဲဆိုတဲ့ အကျဉ်းအကျပ်ထဲကို ရောက်နေပါပြီ။

ရင်းနှီးမြှုပ်နှံသူတွေက အထူး စီးပွားရေးဇုန် စီမံကိန်းနဲ့ရှေ့ဆက်တိုးနေချိန်မှာ ထားဝယ်က လူထုကတော့ သူတို့ အသံကို ပြည်သူတွေနဲ့ ပြင်ပ ကမ္ဘာကလူတွေရဲ့ အာရုံစိုက်မှုရဖို့ ရုန်းကန်နေရပါတယ်။ ကျွန်တော် ကတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးအရပ်သား အစိုးရအနေနဲ့ (အခုလုပ် ဆောင်နေတာ တွေကို) ခဏရပ်ပြီးသူတို့ရဲ့ လူထုအသံ ကို ပိုနားထောင်ဖို့ မျှော်လင့်ပါတယ်။

PaskornJumlongrach