မွန်ရှိ ရော်ဘာစက်ရုံများ လူနေရပ်နှင့် ဝေးရာ ပြောင်းရွှေ့ရန်အစီအစဉ်မရ

0
460

မွန်ပြည်နယ်အတွင်းရှိ ရော်ဘာ စက်ရုံများကို ခရီးသွားပြည်သူများ၊ ရပ် ကွက်နေပြည်သူများနှင့် ဝေးရာသို့ ပြောင်းရွှေ့ရန် အစီအစဉ်မရှိဟု မွန်ပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။
ရော်ဘာစက်ရုံများ ခရီးသွားပြည် သူများ အတည်တကျ နေထိုင်နေကြ သော ရပ်ကွက်နေပြည်သူများနှင့် ဝေးရာ သို့ ပြောင်းရွှေ့ပေးရန် အလေးအနက် တိုက်တွန်းကြောင်း အဆိုအတည်ပြုထား သည်နှင့် ပတ်သက်၍ မည်သို့ဆောင် ရွက်နေသည်ကို ဒီဇင်ဘာ လ ၄ ရက် နေ့တွင် ကျင်းပခဲ့သည့် လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး၌ မုဒုံမြို့နယ် မဲ ဆန္ဒနယ်အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်၏ မေးမြန်းချက်အပေါ် ဝန်ကြီးချုပ်က ထိုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒီစက်ရုံတွေ တစ်ခြားတစ်နေရာ ပြောင်းဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး၊ ပိတ် သိမ်းမယ်ဆိုရင်လည်း မွန်ပြည်နယ်ရဲ့ အဓိက စီးပွားရေးလုပ်ငန်း ရပ်ဆိုင်း လိုက်တဲ့ အခြေအနေမျိုး ရောက်သွား မယ်၊ မွန်ပြည်နယ်ရဲ့ စီးပွားရေးကိုလည်း အထိခိုက်မခံနိုင်ဘူး၊ သဘာဝပတ်ဝန်း ကျင်ကိုလည်း အထိခိုက်မခံနိုင်ဘူး”ဟု ဒေါက်တာအေးဇံက ပြောသည်။
ထို့ကြာင့် အဆိုအောင်ပြီးကတည်း က ရော်ဘာစက်ရုံအားလုံးကို ခေါ်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ အစီရင်ခံစာများကို တစ်လအတွင်း တင်ပြခိုင်းခဲ့ကာ အဆိုပါ စီရင်ခံစာများအရ စစ်ဆေးဆောင်ရွက် နေသည်ဟု ဝန်ကြီးချူပ်က ဆိုသည်။

ရော်ဘာစက်ရုံမှ ထွက်ရှိလာသည့် ရေဆိုးများသည် လူနေပတ်ဝန်းကျင်ရှိ ချောင်း၊ မြောင်းများနှင့် ရေတွင်းများ ညစ်ညမ်းမှုဖြစ်စေသည့်အပြင် စက်ရုံမှ ထွက်ရှိသည့် ဆိုးဝါးသည့် အနံ့ အသက်များကိုလည်း ရပ်ကွက်နေ ပြည် သူများနှင့် ဖြတ်သန်းသွားလာသူများ နေ့စဉ်နှင့်အမျှ ရှူရှိုက်နေရသည့်အတွက် စက်ရုံများ လူနှင့်ကင်းဝေးရာသို့ ပြောင်း ရွှေ့ပေးရန် ဒေါ်မြသိင်္ဂီမော်က အဆိုတင် ထားသည်။

ယင်းအဆိုကို ဒုတိယအကြိမ် မွန် ပြည်နယ်လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့သည်။
ဝန်ကြီးချုပ်က ပထမအဆင့် ပညာ ပေးကာလအဖြစ် အချိန်ကာလတစ်ခု သတ်မှတ်ကာ စည်းကမ်းလိုက်နာမှု မရှိ လျှင် ပိတ်သိမ်းရမည်ဟု ပြောသော်လည်း အချိန်ကာလကိုမူ အတိအကျ ထုတ်ဖော် ပြောခြင်းမရှိပေ။

“ပြည်သူတွေ ဒီလောက်ခံစားနေ ရတာတောင် ပညာပေးတဲ့အဆင့်ပဲ ကျွန်မတို့ လုပ်နိုင်သေးမယ်ဆိုရင် ဘယ် ကာလထိ အချိန်ပေးနေရမှာလဲ” ပတ်ဝန်း ကျင်လိုက်နာမှုမရှိရင် ပိတ်မယ်ပြော တယ်၊ ဘယ်အချိန်ထိ စမ်းသပ်နေဦး မှာလဲ။ စမ်းသပ်နေတဲ့ အချိန်မှာ ဆိုးကျိုး တွေ ခံစားနေရတဲ့ ပြည်သူတွေအတွက် ဘယ်သူက တာဝန်ယူ တာဝန်ခံပေးမှာလဲ ပြည်သူလူထုကို မျက်နှာမူပြီးတော့ ထည့်သွင်း စဉ်းစားစေချင်တယ်”ဟု ဒေါ်မြသိင်္ဂီမော်က ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း၌ ရော်ဘာစက်ရုံ ၁၉ ရုံဝန်းကျင်ရှိပြီး စက်ရုံများ အားလုံးကို သဘာဝ ပတ်ဝန်း ကျင် လေ့လာဆန်းစစ်မှုဆိုင်ရာ စစ်ဆေး မှု လုပ်လျက်ရှိသည်။
အဆိုပါ ရော်ဘာစက်ရုံများသည် အရည်အသွေးညံ့သည့် ရော်ဘာအထူ ပြားများ ထုတ်လုပ်သည့် စက်ရုံများဖြစ် ပြီး ပြည်နယ်အစိုးရ၏ငွေကြေး ထောက် ပံ့မှုဖြင့် နိုင်ငံတကာအဆင့်မီ အရည် အသွေးကောင်းရော်ဘာများ ထုတ်လုပ် နိုင်သည့် စက်ရုံ ၃၀ ခန့်ကို တည် ဆောက်ရန် စီစဉ်လျက်ရှိသည်။
မွန်ပြည်နယ်တစ်ခုလုံးတွင် ရော် ဘာစိုက်ပျိုးမြေဧက ၅ သိန်းခန့်ရှိပြီး၊ ဧက ၃ သိန်းကျော်မှာ ရော်ဘာထုတ်လုပ် လျက်ရှိသည်။