မွန်တွင် လမ်း၊ တံတားအသုံးပြုခ ပြောင်းလဲကောက်ခံမည်

0
519

မွန်ပြည်နယ်အတွင်းရှိ တိုးဂိတ်များ တွင် ကောက်ခံနေသည့် လမ်း၊ တံတား အသုံးပြုခများကို ဒီဇင်ဘာလ ၁ ရက်မှစ ပြီး ပြောင်းလဲကောက်ခံသွားမည်ဟု မွန်ပြည်နယ်လမ်း ဦးစီးဌာနထံမှ သိရသည်။
လမ်း၊ တံတားအသုံးပြုခ ကောက် ခံရာတွင် ကြုံတွေ့နေရသည့် အကြွေပြန် အမ်း ငွေပြဿနာ အဆင်ပြေရေးအတွက် ကျပ်စွန်း ဆယ်ဂဏန်းစွန်းများကို ရာပြည့် ဂဏန်းနှုန်းများဖြင့် ပြောင်းလဲ ကောက်ခံသွားမည်ဟု မွန်ပြည်နယ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကြည်သွင်ဦးက ပြောသည်။

“အကြွေပြန်အမ်းတဲ့ ပြဿနာ တွေက နောက်ပိုင်းကျတော့ ကြီးလာ တယ်၊ ဥပမာ ၁၈၅ ကျပ်ကျတယ် ၁၅ ကျပ် ပြန်အမ်းဖို့ ခက်တယ်၊ လက်ရှိ အနေအထား အရပေါ့ တချို့ကျတော့လည်း ၂၀၀ ပေး လိုက်တယ်၊ တချို့ကျတော့လည်း မရဘူး ၁၅ ကျပ် ပြန်ပေးဆိုတော့ ဂိတ်နဲ့ ပြဿနာ ဖြစ်၊ ဂိတ်မှာ လည်း အခက်အခဲရှိတယ်၊ ဒါကို BOT ရတဲ့ ကုမ္ပဏီတွေကလည်း တင်ပြတယ်”ဟု ၎င်းက ပြောသည်။

ပြောင်းလဲကောက်ခံရာတွင် ဥပမာ အားဖြင့် ကျပ် ၁၅၀နှင့် အထက်ကောက် ခံ နေသည့် နှုန်းထားများကို ၂၀၀ ကျပ် ဖြင့် ကောက်ခံသွားမည်ပြီး ကျပ် ၁၅၀ အောက် ကောက်ခံနေသည့် နှုန်း ထားများကို ၁၀၀ ကျပ်ဖြင့် ကောက်ခံ သွားမည်ဟု ၎င်းက ဆက်ပြောသည်။
လမ်း၊ တံတားအသုံးပြုခ ပြောင်း လဲ ကောက်ခံခြင်းနှင့် ကောက်ခံမည့်နှုန်း ထားများကို အများပြည်သူများ သိရှိစေ ရန်အတွက် နိုဝင်ဘာလအတွင်း ပညာ ပေးကာလအဖြစ် ဆောင်ရွက်ကာ ဒီဇင်ဘာ ၁ ရက်နေ့မှစပြီး ပြောင်းလဲ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

လမ်း၊ တံတားအသုံးပြုခ ပြောင်း လဲ ကောက်ခံခြင်းအားဖြင့် တိုးဂိတ်တို့ တွင် ကြုံတွေ့နေရသည့် အကြွေပြန်အမ်း သည့် ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု အေးကို မိသားစု ဆောက်လုပ်ရေး ကုမ္ပဏီလီမီတက်က ပြောသည်။
“ဒီလိုပြောင်းလဲကောက်ခံတာက ကျွန်တော်တို့အတွက်လည်း မနစ်နာဘူး၊ လမ်းအသုံးပြုသူဘက်ကလည်း မနစ်နာ ဘူး၊ နှစ်ဦး နှစ်ဖက် အဆင်ပြေတယ်၊ ပြဿနာကို ဖြေရှင်းရာလည်း ရောက် တယ်”ဟု အေးကိုမိသားစု ဆောက်လုပ် ရေး ကုမ္ပဏီလီမီတက်မှ မန်နေဂျာ ဦးမင်းမင်းဦးက ပြောသည်။