စားသုံးသူ တိုင်ကြားမှု လက်ခံရေးဌာနဖွင့်ပြီး အချိန်သုံးလကျော် ကြာသည်အထိ တိုင်ကြားသူ မရှိသေးစားသုံးသူ တိုင်ကြားမှု လက်ခံရေးဌာနဖွင့်ပြီး အချိန်သုံးလကျော် ကြာသည်အထိ တိုင်ကြားသူ မရှိသေး

0
589

ကုန်စည်နှင့် ဝန်ဆောင်မှုများ ရယူသုံးစွဲရာတွင် အဆင်မပြေမှုများကို တိုင်ကြားနိုင်သည့် စားသုံးသူ သတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ကို ပြီးခဲ့သည့် ဩဂုတ်လအတွင်းက စတင် ဖွင့်လှစ်ခဲ့သော်လည်း လက်ရှိအချိန်ထိ တိုင်ကြားသူ မရှိသေးကြောင်း တနင်္သာ ရီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

စားသုံးများ၏ မကျေနပ်မှု၊ အဆင် မပြေမှုများကို တိုင်ကြားနိုင်ရန် အဆိုပါ စင်တာကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သော်လည်း ထားဝယ်ဒေသနေ ပြည်သူအချို့က ရုံးဌာနများကို လာရောက်ရန် ဝန်လေး နေကြကြောင်း စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းထွန်းက ဆိုသည်။
“လက်ရှိ ဥပဒေအရကလည်း တိုင်မှ ပဲ အရေးယူလို့ရတယ်”ဟု ဦးဝင်းထွန်း က ပြောသည်။

(CICC) တွင် လာရောက် တိုင် ကြားပါက သတ်မှတ်ပုံစံတွင် အချက် အလက်များ ဖြည့်သွင်း ရန်လိုအပ်ပြီး တိုင်ကြားချက်ကို တိုင်းဒေသကြီး စီမံ/ ဘဏ္ဍာဝန်ကြီး ဦးဆောင်သည့် စားသုံး သူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ကို တင်ပြပြီး ချက်ချင်း ဖြေရှင်းသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းကဲ့သို့ တိုင်ကြားမှုမရှိခြင်းမှာ လူအများစုက မိမိအခွင့်အရေးကို မသိ ကြသေးသည့်အတွက် ဖြစ်နိုင်ကြောင်း ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်နေ ဦးအောင်မိုးသူက ဆိုသည်။
“လက်ကမ်းစာစောင်ပေးတာ အုပ်စုဖွဲ့ ပညာပေးတာမျိုးတွေ ထပ်လုပ် ဖို့ လိုမယ် ထင်ပါတယ်”ဟု ဦးအောင်မိုး သူက ပြောသည်။

လက်ရှိအချိန်တွင် တိုင်ကြားနိုင် ကြောင်း အသိပေးသည့် ဗီနိုင်းများကို ဈေးနှင့် လူစည်ကားသည့် နေရာများ တွင် ကပ်ထားကြောင်း အထက်ပါဌာန ထံမှ သိရသည်။
အဆိုပါ (CICC) စင်တာကို ထားဝယ်မြို့ ဈေးတောင်ဖက်လမ်းရှိ စားသုံးသူရေးရာဦးစီးဌာနတွင် သီးခြား ရုံးခန်းဖြင့် ဖွင့်လှစ်ထားသည်။