တနင်္သာရီတွင် အသေးစား အလတ်စားလုပ်ငန်းအဖွဲ့ဝင် တစ်ဆနီးပါးတိုး

0
498

တိုင်းအတွင်း အသေးစား အလတ် စား (SME) အဖွဲ့ဝင် တစ်ဆနီးပါး တိုးလာကြောင်း အသေးစားနှင့် အလတ် စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ စက်မှုကြီး ကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ခုနှစ်ကSME အဖွဲ့ဝင်အဖြစ် ဝင်ရောက်သူ အသေးစား အလတ်စားလုပ်ငန်းရှင် ၃၈၃ ဦးရှိပြီး ယခုနှစ် အောက်တိုဘာ လအထိ ၇၅၇ ဦး ရှိလာကြောင်း အထက်ပါဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဦးဇော်မျိုးအောင်က ဆိုသည်။
ယင်းအပြင် အဖွဲ့ဝင်အဖြစ် နောက် ထပ်လျှောက်ထားသူ ၁၉၀၀ ဦးခန့် ရှိနေသေးကြောင်း ၎င်းက ဆိုသည်။

“စိုက်ပျိုးရေးလုပ်ငန်းတွေ အဖွဲ့ဝင် အဖြစ် ဝင်ကြတာ များတယ်”ဟု ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မျိုး အောင်က ပြောသည်။
SME အဖွဲ့ဝင်ဖြစ်ကြောင်း ကတ် ပြားရရှိပါက SME ချေးငွေလျှောက် ထားနိုင်ခြင်းနှင့် နည်းပညာဆိုင်ရာ သင်တန်းပံ့ပိုးမှုများ ရရှိနိုင်မည်ဖြစ် ကြောင်း ၎င်းက ရှင်းပြသည်။
SME အဖွဲ့ဝင် ဖြစ်ပါက လုပ် ငန်းတိုးချဲ့ဆောင်ရွက်သည့်အချိန်တွင် အကျိုးရှိမည်ဟု ယူဆသဖြင့် အဖွဲ့ဝင် လျှောက်ရန် ပြင်ဆင်နေကြောင်း ထားဝယ် အခြေစိုက် ရဟယ်ရှင်ခရီးသွား ကုမ္ပဏီ ပိုင်ရှင် ဦးဟိန်းထက်က ဆိုသည်။

“လုပ်ငန်း အတော်များများက ဝင်ဖို့ ဆန္ဒရှိကြတယ်”ဟု ဦးဟိန်းထက်က ပြောသည်။
SME အဖွဲ့ဝင်အဖြစ် လျှောက်ထား ပါက သတ်မှတ်ထားသည့် အချက် အလက် များကို ဖြည့်သွင်းရပြီး အသေးစား လုပ်ငန်းဖြစ်ပါက ငွေငါးထောင်ကျပ်နှင့် အလတ်စား လုပ်ငန်းဖြစ်ပါက ငွေကျပ် တစ်သောင်းကို တရားဝင် ပေးသွင်းရ ကြောင်း အထက်ပါဌာနမှ သိရသည်။

မတည်ရင်းနှီးငွေ ကျပ်သန်း ၅၀၀ နှင့်အောက်ကို အသေးစားလုပ်ငန်းအဖြစ် လည်းကောင်း၊ ကျပ်သန်း ၅၀၁ မှ သန်း ၁၀၀၀ အထိကို အလတ်စား လုပ်ငန်း အဖြစ်လည်းကောင်း သတ်မှတ်ထား ကြောင်း အထက်ပါဌာနထံမှ သိရသည်။