ကျိုက်မရောတွင် ရှေးဟောင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနပြုမည်

0
446

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်းတွင် ရှေးဟောင်းယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင် ရာ သုတေသနတစ်ရပ် ပြုလုပ်မည်ဟု မွန်ပြည်နယ်လွှတ်တော်ထံမှ သိရ သည်။
အဆိုပါ သုတေသနကို မွန်ပြည် နယ်လွှတ်တော်နှင့် မော်လမြိုင်တက္က သိုလ်သမိုင်းဌာန၊ ပထဝီဝင်ဌာန၊ ရူပ ဗေဒဌာန၊ မြန်မာစာဌာနနှင့် ဘူမိဗေဒဌာ နတို့မှ ဆရာ၊ ဆရာမတို့နှင့် ပူးပေါင်း၍ နိုဝင်ဘာလတွင် စတင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ် တော် ဒု-ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

“ကျိုက်မရောမြို့နယ် အတွင်းမှာ ဆိုရင် သဘာဝလိုဏ်ဂူတွေ အများကြီး ရှိတယ်။ ဒါပေမယ့် ဘယ်သူမှ သုတေ သန မလုပ်ကြဘူး။ တန်ဖိုးလည်း မသိကြဘူး။ တချို့နေရာတွေမှာဆိုရင် ရှေးဟောင်းဘုရားတွေ။ ဆင်းတုတော် တွေ ရှိနေတယ်။ ဒါတွေကို သုတေသန လုပ်ပေးနိုင်ရင် တစ်ချိန်မှာ ကျိုက်မရော မြို့နယ်အတွင်းမှာ ရင်းနှီးမြှုပ်နှံဖို့ ကုမ္ပဏီတွေ ပြောလာကြမယ်”ဟု ၎င်းက ပြောသည်။

သုတေသနပြုရာတွင် ရှေးဟောင်း ဘုရားနှင့် ကျောက်စာများ၊ ထုံးကျောက် ဂူများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ အင်းများနှင့် ရေပူစမ်းများ စသည့် ခေါင်းစဉ်ခွဲ ၃ခုဖြင့် ပြုလုပ်သွားမည် ဖြစ်သည်။
သုတေသနကို နိုဝင်ဘာလမှ စတင်ပြီး ၂၀၁၈ခုနှစ် ဇွန်လအထိ ၈ လ အတွင်း အပြီးလုပ်ဆောင် သွားမည်ဟု သုတေသနပြုသူများထံမှ သိရသည်။
သုတေသနမှ ရရှိလာမည့်အချက် အလက်များကို စာတမ်းပြုစုသွားမည့် အပြင် စာတမ်းဖတ်ပွဲတစ်ရပ်ကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း သုတေသ နပြုသူများက ပြောသည်။

ကျိုက်မရောမြို့နယ်အတွင်းတွင် ခရုံဂူ၊ ဖားဘောင်ဂူ၊ စပယ်ဂူ၊ မယ်ဂရိုဂူအ စရှိသည့် သဘာဝ ထုံးကျောက်လိုဏ်ဂူ များတည်ရှိပြီး လိုဏ်ဂူများအတွင်း၌ ရှေး ဟောင်းအုတ်ခွက်ရုပ်ပွားတော်များ ဆင်းတုတော်များလည်း တည်ရှိသည်။
အဆိုပါ ဂူများအနက်မှ ခရုံဂူတစ် ခုသာ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေး ဟောင်း သုတေသန အမျိုးသားပြ တိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနတို့မှ ၁၉၇၅ ခုနှစ်မှစ၍ ထိန်းသိမ်းထားသည်။