အလုပ်သမားပတ်စပို့စ် အေးဂျင့်ဈေးကွက်တွင် ခုနှစ်သောင်းခွဲအထိ ပေါက်ဈေးရှိ

0
689

ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ပြုလုပ်ပေး သည့် passport for Job (PJ) အမျိုး အစား အလုပ်သမား ပတ်စပို့စ် စာအုပ် တစ်အုပ်ပြုလုပ်လျှင် အေးဂျင့်ဈေးကွက် တွင် ကျပ် ခုနှစ်သောင်းခွဲ ပေါက်ဈေး ရှိနေကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများထံမှ သိရသည်။

အေးဂျင့်များမှ ပြည်ပအလုပ်အကိုင် အလုပ်ခေါ်စာများ ပြုလုပ်ပေးခြင်း၊ ကုမ္ပဏီထောက်ခံချက် ထုတ်ပေးခြင်း ရုံးပိုင်ဆိုင်ရာ ကိစ္စများ ညွှန်ပြခြင်းတို့ကို ပြုလုပ်ပေးသည့်အတွက် ဝန်ဆောင်ခ ယူခြင်းဖြစ်ကြောင်း ပတ်စပို့ ပြုလုပ်ပေး သည့် အေးဂျင့်ရုံးများထံမှ သိရသည်။
အလုပ်သမားပတ်စပို့မှ လွဲ၍ အခြား ပတ်စ်ပို့များကိုမူ အေးဂျင့် အနေဖြင့် ဝန်ဆောင်ခယူကာ လုပ်ဆောင်ပေးခြင်း မရှိဘဲ ကိုယ်တိုင် သွားရောက်ပြုလုပ်ရန် လမ်းညွှန်ပေးသည်ဟု ယင်းရုံးများထံမှ သိရသည်။

ထိုင်းနိုင်ဘက်မှ အလုပ်ခေါ်စာ ၊ သူဌေးအာမခံ နှင့် မြန်မာအလုပ်သမား ရုံးက ထုတ်ပေးသည့် အလုပ်သမား မှတ်ပုံတင်ရှိပါက ကိုယ်တိုင်လာရောက် လျှောက်ထားနိုင်ပြီး သတ်မှတ်ဈေး ကျပ် နှစ်သောင်းခွဲသာ ကျသင့်မည်ဖြစ်ကြောင်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ကော့သောင်းတာဝန်ခံ ဒုရဲမှူးကြီးက ဆိုသည်။

” ကိုယ်တွေကလည်း ရုံးပိုင်ဆိုင်ရာ တွေ မကျွမ်းကျင်တော့ အေဂျင်းတွေကိုပဲ အားကို လုပ်ခိုင်းရတာပေါ့” ဟု ပတ်စ ပို့လာရောက် လျှောက်ထားသူ ဒေါ်ဖြူဝင်း က ဆိုသည်။

ကော့သောင်း နိုင်ငံကူးလက်မှတ် ထုတ် ပေးရေးစခန်း စဖွင့်ချိန်တွင် ပတ်စ်ပို့ပြုလုပ်သူ တစ်ရက် ၅၀ ဦး အောက်သာရှိခဲ့ပြီး လက်ရှိတွင်မူ ပတ်စ်ပို့ လာရောက်ပြုလုပ်သူ တစ်ရက် ၁၀၀ ဦး ခန့်ရှိကြောင်း ယင်းစခန်းထံမှ သိရသည်။