၂၀၂၀ အတွက် ပြင်နေပြီလား

0
484

“၂၀၂၀ အတွက် ဘာတွေ ပြင်နေ လဲ”
အခုချိန် နိုင်ငံရေးပါတီများကို အမေးချင်ဆုံး မေးခွန်းတစ်ခု ဖြစ်သည်။
လက်ရှိ အာဏာရပါတီဖြစ်သည့် NLD ပါတီကိုလည်း မေးချင်သည်။

ယခင်က အာဏာရဖူးသည့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုလည်း မေးချင်သည်။
ရွေးကောက်ပွဲပြီးသော်လည်း လှုပ် ရှားမှု အတန်ငယ်ရှိနေသည့် ထားဝယ် တိုင်းရင်းသားများ ပါတီကိုလည်း မေး ချင်သည်။
ရွေးကောက်ပွဲကာလတွင်သာ မြင်ရ တွေ့ရသည့် ပါတီများကိုလည်း မေးချင် သည်။

နောက် ရွေးကောက်ပွဲအတွက် မည် သို့ ပြင်ဆင်နေပါသနည်း။
မေးချင်ရလောက်အောင်လည်း အကြောင်းက ဖန်နေသည်။
လက်ရှိ နိုင်ငံရေး အခင်းအကျင်းက အားရဖွယ်မရှိ။ လူထုက ရွေးကောက် တင်မြောက်ခဲ့သည်။ မျှော်လင့်ချက် များစွာထားခဲ့သည်။ လူကို မကြည့် ပါတီကိုကြည့်ဟူသည့် မူဖြင့် ရွေးခဲ့ကြ သည်။

အသီးသီးသော ရွေးကောက်ခံရသူ များ စင်ပေါ်ရောက်လာသည်။
သို့သော် ကကြိုးက မညက်။ အိမ် စာက မကျေ။ လေ့ကျင့်သား မပြည့် ။ သက်လုံက မကောင်း စသဖြင့် လစ်ဟာမူ များစွာ။
ထိုသို့ အဘယ်ကြောင့် ဖြစ်သနည်း။ အပြောင်းအလဲကို ဖော်ဆောင်မည်ဟု ပြောရင်း အဘယ်ကြောင့် မဖော်ဆောင် နိုင်ကြသနည်း။ မေးခွန်း များစွာ။
ယင်းသို့ လက်ရှိအခင်းအကျင်း အပေါ် အားမရမှုနှင့် မေးခွန်းများစွာကို အတိုင်းအတာတစ်ခုဖြစ်သည့် အဖြေပေး နိုင်သည့် သီအိုရီတစ်ခုကို တလောလေး ကတွေ့ခဲ့သည်။ ယင်းသီအိုရီကို Tim Knoster ဆိုတဲ့ ပုဂ္ဂိုလ်က ဖော်ထုတ်ခဲ့ ခြင်း ဖြစ်သည်။

သူ့သီအိုရီအရ အပြောင်းအလဲတစ် ခုဖြစ်ပေါ်လာရန်အတွက် အနာဂတ်အမြင် ရှိရမည်။ ဖော်ဆောင်မည့် အပြောင်း အလဲအတွက် တစ်ခုတစ်စည်းတည်း ရှိမှု၊ အများဆန္ဒဖြစ်မှု ရှိရမည်။ ကျွမ်းကျင် လိမ္မာမှု ရှိရမည်။ မက်လုံး ရှိရမယ်။ သင့် တင့်လျှောက်ပတ်တဲ့ လူ၊ ပစ္စည်းအရင်း အမြစ် ရှိရမည်။ လုပ်ငန်းအစီအစဉ်တွေ ရှိရမည်။

Tim Knoster က သီအိုရီကိုVision (အနာဂတ်အမြင်)+ Consensu (အစုတစည်းတည်းဖြစ်မှု၊ အများ ဆန္ဒဖြစ်မှု)+ Skill(ကျွမ်းကျင်လိမ္မာမှု)+ Incentives (မက်လုံး)+ Resources (လူ /ပစ္စည်း အရင်းအမြစ် )+ Action Plan (လုပ်ငန်းအစီအစဉ်) = Change (အပြာင်းအလဲ)ဟု ဖော်ညွှန်းသည်။
ထို့အပြင် ယင်းအချက်များအနက် တစ်ခုခု မရှိသည့်အခါ မည်ကဲ့သို့သော အခြေအနေဖြင့် ရင်ဆိုင်ရမည်ကိုလည်း တစ်ခုခြင်း ဖော်ပြထားသည်။ (အသေး စိတ်ကို ပုံမှာကြည့်ပါ။)

အနာဂတ်အမြင် မရှိက မရေရာမှု နှင့် ကြုံရမည်။ မည့်သည့်လမ်း မည်သို့ လျှောက်ရမည် မသိဖြစ်မည်။ လုပ်မည့် လုပ်ငန်းများ၊ ရည်မှန်းချက်များ၊ အနာ ဂတ်အမြင်များသည် အများဆန္ဒနှင့် ထင်ဟတ်မှု မရှိ၊ တစုတစည်းတည်း မရှိ သည့်အခါ အဖျက်အမှောက် ကြုံမည်။
ကျွမ်းကျင်မှုမရှိက ဗျာပါများရမည်။

အပြောင်းအလဲတွင် ပူးပေါင်းပါဝင် ချင်စိတ် ရှိလောက်လည့် ရုပ်ပိုင်းစိတ် ပိုင်းဆိုင်ရာ ဆွဲဆောင်မှုမက်လုံးမရှိသည့် အခါ ခုခံမှု၊ အင်တင်တင် လုပ်မှု၊ ပူး ပေါင်းမှု အားနည်းသည့် အခြေအနေနှင့် ကြုံမည်။
လူ၊ ပစ္စည်း၊ စိတ်ပိုင်းဆိုင်ရာ သင့် တင့်လျှောက်ပတ်သည့် အရင်းအမြစ်များ မရှိသည့်အခါ အအချည်းအနှီးဖြစ်ရမှု များဖြင့် ကြုံမည်။
လုပ်ငန်း အစီအစဉ်မရှိသည့်အခါ လုံးလည်ချာလည်လိုက်ပြီး ပင်ပန်းရမည်။

သို့ဆိုလျှင် တနင်္သာရီတိုင်းသည့် မည်သည့်အခြေဆိုက်နေပါသနည်း။
မြန်မာပြည်ပြည်ကြီးရော စသဖြင့် မေးစရာ မေးခွန်းရှိပါသည်။
သို့ဆိုလျှင် ၂၀၂၀ အတွက် ကြိုပြင် သည့် ကိစ္စနှင့် အပြောင်းအလဲအတွက် သီအိုရီကို ပြောနေသည့်ကိစ္စမည်သို့ ဆက်စပ်ပါသနည်း။
များစွာဆက်စပ်ပါသည်။

လက်ရှိ ဖြစ်ပျက်နေသည့် နိုင်ငံရေး အခင်းအကျင်းကို အထက်ပါ သီအိုရီဖြင့် တိုက်စစ် လုပ်ကြည့်သည့်အခါ လစ်ဟာ နေမှုများကို ကွက်ကွက်ကွင်းကွင်း မြင် လာရမည်ဖြစ်သည်။
နိုင်ငံရေး ဇာတ်ခုံပေါ်သာ ရောက် လာသော်လည်း အနာဂတ်အမြင် မရှိ ဖြစ်နေသလား။

ကိုယ့်တိုင်း၊ ပြည်နယ်၊ နိုင်ငံအတွက် ဟုပြောနေပြီး လုပ်နေသည့် အလုပ်များ သည် အများဆန္ဒနှင့် ကိုက်ညီသလား၊ မကိုက်ညီသလား။ ပန်းတိုင်များသည် စုစည်းထားသည့် ပန်းတိုင် ဖြစ်ပါသလား၊ မဖြစ်သလား။
ကျွမ်းကျင်လိမ္မာမှုကရော အခြေ အနေ မည်သို့ရှိသနည်း။ အစိုးရဖြစ်နေ သူများ အစိုးရလုပ်တတ်ပြီး လွှတ်တော် ရောက်နေသူများ လွှတ်တော်တွင်ကောင်း စွာ အလုပ်လုပ်နိုင်သူ၊ အလုပ်လုပ်တတ် သူ ဖြစ်ပါရဲ့လား။

အပြောင်းအလဲကို ဖော်ဆောင်ချင် စိတ်ဖြစ်စေသည့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင် ရာ ဆွဲဆောင်မှုများ၊ မက်လုံးများ ရှိပါ သလား။
လူ၊ ပစ္စည်း၊ စိတ်ပိုင်းဆိုင်ရာ အရင်းအမြစ်ကရော ဘယ်အခြေဆိုက် နေပါနည်း။
ထိုဇယားကွက်ဖြင့် တိုက်ချလိုက် သည့်အခါ လက်ရှိ နိုင်ငံရေးသမားများ မည်မျှ အိမ်စာလုပ်ခဲ့သည်။ ဝမ်းစာရှိ သည်။ ပြင်ဆင်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။
ဇယားကွက်ကြီး ကိုင်ပြီး ခဲတံတစ် ချောင်းဖြင့် လစ်ဟာနေသည်များကို ဝိုင်းရင်း စိတ်ပျက်လက်ပျက် ဖြစ်မနေစေ လိုပေ။
၂၀၂၀ ရောက်ရန် အချိန် ၃ နှစ် စွန်းစွန်း ကျန်သေးသည်။

ထိုကာလရောက်သည့်အခါ ယခု ကဲ့သို့ ထပ်မခံစားရရန် မည်သို့ ပြင်ဆင် ကြမည်နည်း။
အာဏာရပါတီဟူသည့် စိတ်ဖြင့် တမေ့တမော ဖြစ်မနေဘဲ လာမည့် ကာလ အတွက် မည်သို့ စစ်ကြော ပြင်ဆင်မည် နည်း။
အတိုက်အခံပါတီများသည်လည်း ထိုနည်းလည်းကောင်းပင်။ ရွေးကောက် ပွဲနည်းမှ ဆိုင်းဘုတ် ဖုန်ခါပြီး အာဘောင် အာရင်း သန်သန် မိုးတစ်လုံးလေတစ်လုံး ထပြောမည့်အစား အခုကတည်းက မည် သို့ ပြင်ဆင်မည်နည်း။

အချိန်က မရှိတော့။
အပြောင်းအလဲအတွက် ပါဝင်ပတ် သက်နေသည်ဟူသည့် အစုအဖွဲ့များ သေချာစွာ ပြင်ဆင်သင့်နေပြီ ဖြစ်သည်။
အပေါ်တွင် ပြောခဲ့သည့် နိုင်ငံရေး ပါတီများအပြင် လူမှုရေးအဖွဲ့အစည်း များအပြင် လူထုတစ်ဦးချင်းပါ ပြင်ဆင် သင့်နေပြီ ဖြစ်သည်။
ရှည်လျားထွေပြား များစွာ မပြော ရန်လိုမည်ဟု ယူဆမိပါသည်။

ထို့ကြောင့် Tim Knoster ၏ သီအိုရီကို ဖော်ပြလိုက်ပါသည်။ သေချာ စစ်ကြောပြီး ပြင်ဆင်နိုင်မည်ဟု မျှော် လင့်ပါသည်။
၂၀၂၀ တွင် သည်မိုး သည်လေ သည်လူတွေဖြင့် ကသည့် ဇာတ်ကိုပင် ထပ်ကြည့်ရမည်ဆိုလျှင် ကျွန်ုပ်တို့ တစ် ဦးချင်းစီ၏ ပယောဂမကင်းဟု ပြောရ တော့မည် ဖြစ်သည်။