ထားဝယ်မြို့က ဘုရားပြတိုက်

0
640

အခုနောက်ပိုင်းနှစ်တွေမှာ ထားဝယ် မြို့ကို ရှင်ကိုးရှင်ဘုရားတွေနဲ့တွဲပြီး စိတ် ဝင်စားမှုပိုလာကြတာ သတိထားမိပါတယ်။ ရှင်ကိုးရှင်ဘုရားတွေဟာ ထားဝယ်ဒေသ ရဲ့အမှတ်သင်္ကေတ သဘောမျိုးဖြစ်လာ သလို မြို့ရဲ့ ကျက်သရေဆောင်တန်ခိုး ကြီးဘုရားတွေအဖြစ်နဲ့လည်း အနယ်နယ် အရပ်ရပ်က ဘုရားဖူးဧည့်သည်တွေအ ကြား ထင်ရှားလာပါတယ်။

တကယ်တော့ ထားဝယ်ဒေသမှာ ရှင်ကိုးရှင်ဘုရားတွေအပြင် တခြားစိတ် ဝင်စားဖို့ကောင်းတဲ့ ရှေးဟောင်းစေတီတွေ တော်တော်များများ ရှိနေသေးတာပါ။
အဲဒီဘုရားတွေကို ထားဝယ်မြို့ပေါ်နဲ့ အနီးအနားဝန်းကျင်က ရပ်ရွာတွေမှာ လေ့လာဖူးမြော်နိုင်ပါတယ်။ ထားဝယ် ဒေသကိုရောက်လာတဲ့ သာမန်ဘုရားဖူး ဧည့်သည်တွေအတွက် ရှင်ကိုးရှင်ဘုရား တွေဖူးရုံနဲ့ လုံလောက်တယ်လို့ ဆိုရမှာ ပါ။ ဒီလိုမှမဟုတ်ဘဲ ထားဝယ်ဒေသ သမိုင်းကိုပါ ထဲထဲဝင်ဝင် လေ့လာမယ်ဆို ရင်တော့ ရှင်ကိုးရှင်ဘုရားတွေထဲက တချို့ဘုရားတွေအပြင် ရှင်ကိုးရှင်ဘုရား များ စာရင်းမှာမပါဝင်တဲ့ တခြား ရှေး ဟောင်းဘုရားတွေကိုပါ အချိန်ပေးပြီး လေ့လာရမှာ ဖြစ်ပါတယ် ။

ထားဝယ်မြို့ပေါ်မှာ ကြက်မင်းစေ တီတိုက်ဆိုတာ ရှိပါတယ်။ ဒေသခံတွေ က ကြက်သံတိုင်းဘုရားလို့ ခေါ်ကြတာ ပါ။ ဒီဘုရားတိုက်ကမြို့ပေါ်မှာ တည်ရှိ
နေပေမယ့် လူသိများတဲ့ ရှင်ကိုးရှင်ဘုရား စာရင်းထဲမှာ မပါဝင်ပါဘူး။ ရှင်ကိုးရှင် ဘုရားစာရင်းဝင် မဟုတ်တော့ ထားဝယ် ဒေသကို ရောက်တဲ့သူတိုင်း ဒီစေတီကြီး ဆီ မရောက်ဖြစ်ဘူးပေါ့။

အရင်ကတော့ ကြက်သံတိုင်းဆိုတဲ့ နာမည်ကြားတာနဲ့ကို စိတ်ထဲမှာ နည်း နည်းကြောက်ရွံ့သလိုလို ဖြစ်မိတာပါပဲ။ ကြက်သံတိုင်းဆိုတာကို ဘုရားတိုက် တစ်ခုဆိုတာထက် အဲဒီနေရာဝန်းကျင် ကို ထားဝယ်မြို့ရဲ့ သုသာန်နယ်မြေအဖြစ် ကာလရှည်ကြာစွာ သိထားကြတာမို့ ကျွန်တော်တို့ ငယ်ငယ်ကဆို တော်ရုံ
အကြောင်း ကိစ္စမရှိဘဲ အဲဒီအနီးအနားကို ဖြတ်ပြီး သွားလာလေ့မရှိပါဘူး။ စစ်အစိုး ရလက်ထက် သုသာန်ကို ဖျက်သိမ်းလိုက် ပြီး အဲဒီအနီးနားတဝိုက်မှာ သာသနဗိ မာန်ကြီး၊ တိုင်းအားကစားကွင်းနဲ့ အခွန် လွတ်ဈေးတစ်ဈေးအပြင် ဒေသတွင်းပြေး ဆွဲတဲ့ ကားဂိတ်တစ်ခုကိုပါ ထားရှိလိုက် တော့မှ လူသွားလူလာတွေ များလာတော့ တာပါ။ ကျွန်တော်တို့လည်း အဲဒီနောက် ပိုင်းကျမှ ကြက်သံတိုင်းဘုရားဝင်း (ကြက် မင်းစေတီတိုက်)ထဲကို သေသေချာချာရောက်ဖြစ်တော့တယ်ဆိုပါတော့။

ရာဇဝင်တွေအရကတော့ ကြက်မင်း စေတီ(ကြက်သံတိုင်းစေတီ)ကြီးဟာ အ သောကမင်းကြီးရဲ့ ကောင်းမှုတော်စေတီ တစ်ဆူလို့ ပြောနေကြတာပါပဲ။ ကြက် မင်းစေတီတော်ကြီးလို့ အမည်တွင် စေခဲ့ တဲ့ ကြက်မင်းကို ဦးတည်ပြီး ရေးသား ဖော်ပြကြတဲ့ ဘုရားရာဇဝင်ကိုလည်း မှတ် သားရဖူးပါတယ်။ လက်ရှိ အနေထားမှာ ကြက်မင်းစေတီတော်ကြီးနဲ့တကွ စေတီ တိုက်အတွင်းမှာ ရှေးခေတ်လက်ရာတွေနဲ့ သာသနိက အဆောက်အအုံတွေ၊ ခေတ် လက်ရာအမျိုးမျိုးနဲ့ ဆင်းတုတော်တွေနဲ့ အနုပညာမြောက် ဖန်တီးပြုလုပ်ထားတဲ့ အနုစိတ်လက်ရာတွေကို ပေါများစွာ တွေ့ နေရပါတယ်။

ဘုရားတိုက်အတွင်းမှာ ပင်မစေတီကြီးတစ်ဆူ၊ စေတီငယ်လေး ဆူ၊ အုတ်တိုက်အပါအဝင် ရှေးဟောင်း ဘုရားသိမ်အကြီးအသေး စုစုပေါင်း ၂၃ ခုတွေ့ရပြီး ခေတ်လက်ရာ အမျိုးမျိုးနဲ့ ထိုင်တော်မူ၊ ရပ်တော်မူ လျောင်းတော်မူ ဆင်းတုတော်အကြီး အသေး ဆူ ၉၀ ကို ဖူးတွေ့နေရပါတယ်။ ဒါ့အပြင် သက္ကရာဇ် အတိအကျထည့်သွင်းပြီး မှတ်တမ်းတင် ရေးထိုးထားတဲ့ ရှေးဟောင်းကြေးခေါင်း လောင်း တစ်လုံးကိုလည်း တွေ့ရသေးတာ ပါ။ ထားဝယ်ဒေသတွက် သမိုင်းတန်ဖိုး ကြီးမားတဲ့ ခေါင်းလောင်းတစ်လုံးပဲ ဖြစ် ပါတယ်။ ရှေးဟောင်းကို စိတ်ဝင်စားသူ၊ တစ်ခေတ်ပြီး တစ်ခေတ်ကူးပြောင်းလာခဲ့ တဲ့ မြန်မာမှုလက်ရာတွေကို လက်တွေ့ ကျကျတွေ့မြင်လိုသူတွေနဲ့ ထားဝယ် ဒေသသမိုင်းလေ့လာလိုသူတွေအတွက် တော့ ကြက်မင်းစေတီတိုက်ကြီးဟာ ပြ တိုက်ကြီးတစ်ခုလို ဖြစ်နေတော့ တာပါပဲ။ အဲဒါတွေကို စိတ်ဝင်တစားလေ့လာလို သူတွေအဖို့ ကြက်မင်းစေတီတိုက် တစ် ခုတည်းအတွက်တောင်မှ အချိန်သီးသန့် ပေးပြီး လေ့လာသင့်တယ်လို့ ဆိုချင်ပါ တယ်။

ဆင်းတုတော်များ
ဘုရားတိုက်ထဲက ဆင်းတုတော် တွေကိုလေ့လာကြည့်ရင် အကြမ်းအားဖြင့် သုံးမျိုးသုံးစားလောက်ခွဲနိုင်တယ်လို့ ထင်
ပါတယ်။ စေတီမြောက်ဘက်ဘုရားသိမ် ထဲက အကြီးဆုံးဆင်းတုတော်ကြီးတစ် ဆူ၊ ဘုရားအနောက်ဘက် စင်္ကြသီဟသိမ် ထဲက ဆင်းတုတော်လေးတစ်ဆူ၊ စေတီ အရှေ့ဘက်ရဟန္တာသိမ်ထဲမှာရှိတဲ့ ဆင်း တုတော်တွေနဲ့ ကြက်မင်းသိမ်ထဲက ဆင်း တုတော်လေးတွေဟာ ဒီစေတီတိုက်ကြီးရဲ့ ရှေးအကျဆုံးဆင်းတုတော်တွေဖြစ်နိုင်သလို မူလလက်ရာ အတိုင်းနီးပါး ကျန် နေသေးတဲ့ ဆင်းတုတော်တွေဖြစ်မယ်လို့ ထင်ရပါတယ်။

ဆင်းတုတော်တွေဟာ ခေတ်တစ်ခေတ်ရဲ့ အနုပညာလက်ရာကို အတိအကျဖော်ညွှန်းနေသလို ဖြစ်နေတာ မို့ဖူးတွေ့ရတာ တကယ်ကို ပီတိဖြစ်ရတာ ပါပဲ။ လေ့လာမိသလောက် မြန်မာပြည် အလယ်ပိုင်းက ရှေးဟောင်းဘုရားတွေနဲ့ နှိုင်းယှဉ်ကြည့်ရရင် အခုဖူးတွေ့နေရတဲ့ ရဟန္တာသိမ်ထဲက ဆင်းတုတော်တွေဟာ ကုန်းဘောင်ခေတ်ဦး (သို့မဟုတ်) အမရပူရခေတ်လက်ရာတွေဖြစ်တယ်လို့ ဆိုချင်ပါတယ်။ အဲဒီဆင်းတုတော်တွေ ထဲကမှ မူလလက်ရာ အပီပြင်ဆုံး ကျန် နေတဲ့ ဆင်းတုတော်တွေကို ညွှန်ပြပါ လို့ဆိုရင်တော့ ရဟန္တာသိမ်ထဲက ဆင်းတု တော်တွေကို ညွှန်းဆိုရမှာပါ။

ရဟန္တာသိမ်တော်ဟာ ကြက်မင်းစေ တီကြီးရဲ့ အရှေ့ယွန်းယွန်းမှာတည်ရှိပြီး ဘုရားတိုက်အရှေ့ဘက်က ဝင်လာရာ လမ်းနံဘေးမှာ တည်ရှိပါတယ်။ သိမ်တော် ကိုအပြင်ပန်းက ကြည့်ရရင် ယွန်းထပ်ငါး ဆက် အမိုးမိုးထားတဲ့ ကိုလိုနီခေတ်လက် ရာ အုတ်တိုက်အဖြစ်တွေ့ရမှာပါ။ သိမ်ရဲ့ အဓိက တံခါးပေါက်နဲ့ ပြူတင်းပေါက်အ ပေါ်ပိုင်း လေဝင်ပေါက်တွေမှာ နုရွလှတဲ့ ကိုလိုနီခေတ်လက်ရာ သစ်သားထွင်းပန်း တွေကို တွေ့မြင်ရပါမယ်။ သိမ်ထဲကို ဝင်လိုက်ရင်တော့ မှန်လုံခန်းထဲက ဆင်း တုတော်ကြီးကို သပ္ပါယ်စွာနဲ့ ဖူးမြင်ရမှာပါ။ ထိုင်တော်မူ ဆင်းတုတော်ကြီးရဲ့ လက်ဝဲလက်ရာ အုတ်နံရံမှာ ရပ်တော်မူ ဆင်းတုတော်နှစ်ဆူတွေ့ရပြီး အနောက် ဘက်အုတ်နံရံနဲ့တွဲလျက် အုတ်ပလ္လင်ပေါ် မှာလည်း ထိုင်တော်မူဆင်းတုတော်အ လတ်သုံးဆူကို ဖူးတွေ့ရပါတယ်။

ထူးခြားတာက သိမ်ထဲမှာရှိနေတဲ့ ဆင်းတုတော်အကုန်လုံးကို ခေတ်လက် ရာပုံစံတစ်မျိုးတည်းနဲ့တွေ့နေရပြီး တခြား ဘုရား သိမ်တွေမှာလို နောက်ပိုင်းခေတ် တွေမှ ထည့်သွင်းလှူဒါန်းထားတဲ့ ဆင်း တုတော်တွေကို မတွေ့ရတာပါပဲ။ ဒါပေ မယ့်လည်း အခုဖူးတွေ့နေရတဲ့ ဆင်းတု တော်တွေကို အနည်းနဲ့အများဆိုသလို ပြုပြင်ခဲ့ပုံရပါတယ်။ အဓိက ထိုင်တော်မူဆင်းတုတော်ကြီးကိုတော့ ဦးစားပေးပြုပြင်ခဲ့လိမ့်မယ်လို့ ထင်ရပါတယ်။ ဒါ ကြောင့် ထိုင်တော်မူ ဆင်းတုတော်ကြီးရဲ့ မျက်နာတော်အနေအထား အနည်းငယ်ပြောင်းနေတယ်လို့ ခံစားမိတာပါ။ ဘုရား သိမ်ရဲ့ အနောက်ဘက် နံရံအုတ်ပလ္လင်ပေါ်မှာရှိနေတဲ့ ဆင်းတုတော်သုံးဆူကို တော့ ရွှေချထားတာကလွဲလို့ သူ့မူရင်း လက်ရာအတိုင်း ကျန်နေသေးတယ်လို့ တောင်ဆိုနိုင်ပါတယ်။

ဆင်းတုတော်တွေ မှာတွေ့နေရတဲ့ မဏိတော်နဲ့အတူ ပိန္နဲဆူး ပါတဲ့ ဦးခေါင်းတော်၊ မျက်ခုံးတော်ကုံးကုံး ပုံဖော်ထားတဲ့ ဝိုင်းဝိုင်းစက်စက် မျက်နှာ တော်၊ အဆင့်ဆင့်ပါတဲ့ နားရွက်တော်တို့ နဲ့ သင်္ကန်းတော်အနေထားတို့က ကုန်း ဘောင်ခေတ်ဦး(သို့မဟုတ်) အမရပူရ ခေတ်လက်ရာ ဆင်းတုတော်တွေအဖြစ် ထင်ရှားပေါ်လွင်နေတတ်ပါတယ်။ တနည်းအားဖြင့် ရဟန္တာသိမ်ထဲက ဆင်း တုတော်တွေကို တည်ထားကိုးကွယ်တဲ့ အချိန်ဟာ မြို့စားမင်းနဲလှလက်ရှိ ထား ဝယ်မြို့(သာယာဝတီ)မြို့ကို တည်ထောင် တဲ့ သက္ကရာဇ် ၁၁၁၆ (အေဒီ ၁၇၅၄) ခုနှစ်ဝန်းကျင်မှာ တည်ထားခဲ့ဟန်ရှိတယ် လို့ ဆိုချင်မိပါတယ်။

ဆင်းတုတော်ကြီးရဲ့လက်ဝဲလက်ယာမှာရှိနေတဲ့ ရပ်တော်မူ ရုပ်ပွားတော်နှစ်ဆူက သင်္ကန်းတော်အနေ ထားတွေဆိုရင် ယိုးဒယားဟန်တွေရော စွက်ပါဝင်နေသေးတယ်လို့ ထင်မိတာပါပဲ။

ခေါင်းလောင်း
ကြက်မင်းစေတီတိုက်ထဲမှာရှိတဲ့ နောက်ထပ်အလေးထားပြီး လေ့လာသင့် တာတစ်ခုကတော့ ကမ္ပည်းစာရေးထိုးပါရှိ တဲ့ ရှေးဟောင်းခေါင်းလောင်းငယ်တစ်လုံး ဖြစ်ပါတယ်။ အဲဒီ ခေါင်းလောင်းကို ရဟန္တာသိမ်တောင်ဘက်ဘုရားသိမ်ရဲ့ အပြင်ဘက်မှာတွေ့ရမှာပါ။ ခေါင်းလောင်း ပုံစံက ထားဝယ်ဒေသမှာ တွေ့ရလေ့ရှိတဲ့ ခေါင်းလောင်းပုံစံမျိုးဖြစ်ပေမယ့်လည်း ခေါင်းလောင်း ပေါင်းကိုင်းပေါ်မှာ ကြက် မင်းနှစ်ကောင်ရဲ့ အရုပ်တွေကို ထည့် သွင်းထားတာကတော့ ထူးခြားတယ်လို့ ဆိုရပါမယ်။ ခေါင်းလောင်းမှာ ရေးထိုး ထားချက်တွေက တကယ်ကို စိတ်ဝင်စား ဖို့ ကောင်းပါတယ်။

အထူးသဖြင့် ခေါင်း လောင်းသွန်းလုပ် လှူဒါန်းခဲ့တဲ့ခုနှစ်နဲ့ မြို့နာမည်တွေကို စိတ်ဝင်စားမိတာပါ။ ဒီခေါင်းလောင်းကို မြန်မာသက္ကရာဇ် ၁၁၈၇ ခုနှစ်( အေဒီ ၁၈၂၅ )မှာ မြန်မာ ဘုရင် အမရပူရပြည့်ရှင် မင်းတရားကြီးကို တိုင်တည်ပြီး သွန်းလုပ်လှူဒါန်းတယ်လို့ ဆိုထားပါတယ်။ တကယ်တော့ ထား ဝယ်မြို့ဟာ အေဒီ ၁၈၂၄ ခုနှစ် စက်တင် ဘာလ ၉ ရက်နေ့မှာ ကတည်းက အင်္ဂလိပ်လက်အောက်ကို ကျရောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါဆိုရင် ထားဝယ်မြို့အပါ အဝင် တနင်္သာရီတစ်ခုလုံး အင်္ဂလိပ် လက်အောက်ကို ကျရောက်ပြီး နောက် တစ်နှစ်ကြာမှ (အင်္ဂလိပ်လက်ထက်ရောက် မှ) ဒီခေါင်းလောင်းကို သွန်းလုပ်လှူဒါန်း ခဲ့တယ်လို့ ဆိုရမှာပါ။

ခေါင်းလောင်းစာတစ်နေရာမှာ “အမရပူရအမည်ရှိသော ပြည်ကြီးကို အစိုးရသော သာသနဒါရကာ တရားမင်း မြတ်သည် သာရ၀ဒီ အမည်ရှိသော ဤဒါးဝယ်မြို့၌”လို့ ရေးထိုးပါရှိတာကို သတိပြုမိပါတယ်။ ဒီအချက်ကိုထောက်ရ ရင်ဖြင့် ထားဝယ်မြို့နေ ပြည်သူတို့ဟာ လက်ရှိအခြေနေမှာ တိုင်းတစ်ပါးသား တို့ရဲ့အုပ်ချုပ်မှုအောက်ကို ရောက်နေခဲ့ ပေမဲ့လည်း အထက်မြန်မာပြည်ကို အုပ် စိုးနေဆဲဖြစ်တဲ့ ကိုယ့်ဘုရင် (ဘကြီးတော် စစ်ကိုင်းမင်း)အပေါ် သစ္စာစောင့်သိတုန်း၊ အလေးအမြတ်ထား တုန်းဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။ မတတ်သာလို့ တိုင်း တစ်ပါးသား လက်အောက်ကိုကျရောက်
နေခဲ့ပေမဲ့လည်း ကိုယ်အရှင်ကိုယ့်ဘုရင်ကိုသာ အလေးထားဦးညွှတ်နေသေးကြောင်း ကို ဖော်ပြနေတာပါ။

ဒါ့အပြင် “သာရ၀ဒီ အမည်ရှိသော ဤဒါးဝယ်မြို့၌” ဆိုတဲ့ အချက်ပါရှိနေသေးတာမို့ ခေါင်းလောင်း သွန်းလှူတဲ့အချိန်က ထားဝယ်မြို့သူ မြို့သားတွေဟာ မြို့စားမင်းနဲလှ တည် ထောင်ခဲ့တဲ့ သာရ၀ဒီ(သာယာဝတီ) ဆို တဲ့မြို့ နာမည်အသစ်အပြင် ဒါးဝယ်(ထား ဝယ်)ဆိုတဲ့ မြို့အမည်ကိုလည်း သုံးစွဲခေါ်ဆိုကြမြဲဆိုတာ ထင်ရှားနေပါ တယ်။ ထားဝယ်ဆိုတဲ့နာမည်ကို ပုဂံ ခေတ်ကတည်းက ထင်ထင်ရှားရှား ခေါ် ဝေါ် အသုံးပြုနေခဲ့ကြောင်း အဲဒီခေတ် ထိုးကျောက်စာအရ သိရှိခဲ့ပြီး ဖြစ်ပါ တယ်။

၁၈ ရာစုအလယ်ပိုင်းရောက်လို့ မြို့စားမင်းနဲလှက ဒီဒေသမှာ သာယာ ၀တီမြို့အမည်နဲ့ မြို့သစ်တည်ထောင်ခဲ့ ပေမဲ့လည်း ဒေသခံပြည်သူများအနေနဲ့ ကတော့ မြို့ နာမည်အသစ်နဲ့အတူ ထား ဝယ်ဆိုတဲ့ နာမည်ကို ရှေးအစဉ်အဆက် အတိုင်းခေါ်ဆိုနေခဲ့ကြောင်း ဒီခေါင်း လောင်းစာက သက်သေပြုလို့နေတာပါ ပဲ။ ဒီခေါင်းလောင်းကို ကြက်သံတိုင်း စေတီ(ကြက်မင်းစေတီ) တည်တဲ့အချိန်မှာ တပြိုင်နက် သွန်းလုပ်လှူဒါန်းခဲ့တယ်လို့ မဆိုနိုင်ပါဘူး။ နောက်ပိုင်းကျမှ တည်ရှိ နေပြီးတဲ့ စေတီတိုက်အတွင်းမှာ ဒီခေါင်း လောင်းကို သွန်းလှူခဲ့ပုံရပါတယ်။ ကြက် မင်းစေတီက ခေါင်းလောင်းထက် ပိုရှေး ကျမှာပါ။

အခုပြောခဲ့တာတွေက ခေါင်းလောင်း စာမှာ ကျွန်တော် မြင်မိသလောက် အ ချက်နှစ်ခုကိုသာ ထုတ်နုတ်ပြီး တင်ပြတာ ဖြစ်ပါတယ်။ တကယ်လို့ ခေါင်းလောင်း မှာရေးထားတဲ့ အချက်အကုန်လုံးကို ခြေရာခံပြီး စစ်ထုတ်ကြည့်မယ်ဆိုရင်တော့ ၁၉ ရာစု အစောပိုင်း ထားဝယ်ဒေသ ရဲ့ သမိုင်းပုံရိပ်တော်တော်များများကို ခြေရာခံလို့ရနိုင်ဦးမှာပါ။

အစပိုင်းမှာ ပြောခဲ့သလိုပါပဲ၊ ရှေး ဟောင်းဘုရား ပြတိုက်ကြီးလိုဖြစ်နေတဲ့ ကြက်မင်းစေတီတိုက်ကြီးထဲမှာ လေ့လာ
စရာ ရှေးဟောင်းဗိသုကာ လက်ရာတွေ ပေါများစွာ တွေ့ရှိရပါတယ်။ ခေတ်လက် ရာအစုံအလင်နဲ့ ဆင်းတုတော်တွေ၊ ဘုရားတံကဲပုံစံတွေ၊ မှန်စီရွှေချ လက်ရာ
တွေနဲ့ ဘုရားသိမ်အဆောက်အအုံ ပုံစံတွေကို တစ်နေရာတည်းမှာ တစ်စုတစ် စည်းတည်း လေ့လာခွင့်ရတာမို့ အတော် ပဲ အားရကျေနပ်မိတာပါ။ အခု ဖော်ပြခဲ့
ပြီးတဲ့ အကြောင်းအရာတွေဟာ ရဟန္တာ သိမ်ထဲက ရှေးဟောင်းဆင်းတုတော်တွေနဲ့ ဘုရားတိုက်ထဲမှာ ချိတ်ဆွဲထားတဲ့ ရှေး ဟောင်းခေါင်းလောင်းအကြောင်း တစ် စွန်းတစ်စကိုသာ ကျွန်တော်မြင်တတ်သလောက် ထုတ်နုတ်တင်ပြထားတာ ဖြစ်ပါတယ်။ ကျန်နေသေးတဲ့ ဘုရား တိုက်ထဲက ရှေးဟောင်းဆင်းတုတော်တွေ နဲ့ ဗိသုကာလက်ရာတွေအကြောင်း စုံစုံ စေ့စေ့တင်ပြရရင် စာတစ်စောင်ပေတစ်ဖွဲ့ ရေးသားတင်ပြပါမှ တော်ရာကျနိုင်မှာပါ။ ဒါကြောင့်မို့ ကြက်သံတိုင်းစေတီ (ကြက် မင်းစေတီ) တိုက်အကြောင်းကို ဒီလောက် နဲ့ပဲ အဆုံးသတ်လိုက်ရပါတယ်။

ရှေးဟောင်းလက်ရာတွေကို မြတ် နိုးတန်ဖိုးထားသူ တစ်ယောက်အနေနဲ့ ရဟန္တာသိမ်တော်ထဲက ဆင်းတုတော်တွေ
ကို ဖူးတွေ့ရတာ တကယ်ကို အားရ ကျေနပ်နှစ်သက်မိပါတယ်။ ခေတ်တစ် ခေတ်ကို ကိုယ်စားပြုနေတဲ့အနုပညာ လက်ရာတွေကို ခံစားလေ့လာခွင့် ရခဲ့ရင်၊ ဒါမှမဟုတ် တိကျသေချာတဲ့ ကာလတစ်ခု ကို ရည်ညွှန်းနေတဲ့ ရှေးခေတ်လက်ရာတွေ တည်ရှိရာနေရာတစ်ခုဆီကို ရောက်ခွင့် ရခဲ့ရင် ဒါတွေကို စိတ်ဝင်စားတဲ့သူတစ်ယောက်အဖို့က ကာဆီးပိတ်ဆို့ထားတဲ့ ကန့်လန့်ကာတစ်ခုကို ဖယ်ရှားပြီး အ တိတ်သမိုင်းကြောင်းကို ရှင်းရှင်းလင်း လင်း မြင်ခွင့်ရသလို ခံစားမိတာပါ။ အဲဒီ လို ခံစားသိရှိလာရတဲ့အခါ သက်ဆိုင်ရာ ဒေသရဲ့သမိုင်းကြောင်းကို လေ့လာသိ ရှိနိုင်သလို ဒီဒေသမှာ မှီတင်းနေထိုင်သွားကြတဲ့ လူမျိုးစုတွေရဲ့ သမိုင်းကြောင်းကိုလည်း ဖြည့်စွက်ပြောဆိုလာနိုင်မှာ ဖြစ် ပါတယ်။ မူလလက်ရာပျက်ယွင်းမှုနည်း ပါးတဲ့ ရှေးခေတ်လက်ရာတွေ အခုချိန်ထိ တည်မြဲနေတာဟာ ဒေသသမိုင်းအတွက် သိပ်ကိုတန်ဖိုးကြီးမားတာပါ။

ထားဝယ်ဒေသမှာ အခုလိုမျိုး မူလလက်ရာမပျက် ဘဲ ကျန်နေတဲ့ရှေးဟောင်း လက်ရာတွေ တော်တော်ရှားနေပါပြီ။ ရဟန္တာသိမ်ထဲက ဆင်းတုတော်တွေကို အခုလိုမျိုး ရှေး လက်ရာ မပျက်မယွင်းအောင် ထိန်းသိမ်း စောင့်ရှောက်ခဲ့တဲ့ ခေတ်အဆက်ဆက်က ရှေးထားဝယ်လူကြီးသူမများကို အထူးပဲ ကျေးဇူးတင်မိပါတယ်။ ဒီအတိုင်းပဲ ရှေ့ ဆက်ပြီး ထိန်းသိမ်းသွားရမှာပါ။ ကိုယ် နိုင်ငံကိုယ်ဒေသရဲ့ ရှေးဟောင်းယဉ်ကျေး မှု လက်ရာတွေ မပျောက်ပျက်သွားအောင် ဆက်လက်ထိန်းသိမ်းနိုင်ပါစေလို့ ဆု တောင်းလိုက်ရပါတယ်။

အကိုးအကား ။ ။ထားဝယ်ဥဒါန်း (မောင်သန်းဆွေ – ထားဝယ် )
ရနောင်(ဒွယ်)