ဆီအိုးကြီးအိပ်မက် ဘယ်သူ့ အတွက်လဲ

0
473

တနင်္သာရီတိုင်းအတွင်း ဆီအုန်း စိုက်ခင်းသစ်များဖော်ဆောင်ရန် လျှောက် ထားလာပါက စိစစ်ခွင့်ပြုပေးသွားမည် ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီး ဦးမြင့်စန်းကပြောသည်။
လက်ရှိအစိုးရ လက်ထက်တွင် တိုင်းအတွင်း ဆီအုန်းစိုက်ခင်းသစ်များ ခွင့်ပြုမှု မရှိသေးသော်လည်း သစ်တော နှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်ဘဲ မြေနေရာသင့်တော်ပါက ခွင့်ပြုသွားမည် ဟု ဝန်ကြီးဦးမြင့်စန်းက ဆိုသည်။

“ဘာကြောင့်ဆို ဒီလိုရင်းနှီးမြှုပ်နှံ မှုတွေ လာသမျှ ကန့်ကွက်နေရင် တစ် ယောက်မှာ လာတော့မှာ မဟုတ်ဘူး၊ ခုတောင်လူ(ရင်းနှီးမြှုပ်နှံသူ)တွေ တော် တော်လန့်ကုန်ပြီ”ဟု ဝန်ကြီး ဦးမြင့်စန်း က ပြောသည်။
တနင်္သာရီမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ ကမူ ဆီအုန်းစိုက်ခင်းသစ်များ ခွင့်မပြု သင့်သေးဟု ပြောသည်။
“လက်ရှိဆီအုန်းကုမ္ပဏီတွေမှာ မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုတွေ ရှိ တယ်၊ ဒီပြဿနာတွေတောင်မှ ရှင်းလို့ မပြီးသေးတဲ့ အနေအထားမှာ နောက် ထပ်ထပ်တိုးမယ့် အနေအထားကိုတော့ ကျွန်တော့်အနေနဲ့တော့ သဘောမကျ ဘူး”ဟု ဦးရဲမြင့်ဆွေက ပြောသည်။

တိုင်းအတွင်း ဆီအုန်းအရေး သုတေသနပြုနေသည့် အဖွဲ့များအနက် တစ်ခုဖြစ်သော တာကပေါအဖွဲ့မှ နော်ပီ သလောကလည်း တနင်္သာရီတိုင်းအတွင်း ရှိ ဆီအုန်းစိုက်ခင်းများက ဒေသခံများ အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီး ပေးနိုင်ခြင်းမရှိဟု ပြောသည်။
ကုမ္ပဏီများက လုပ်အားခထက် ဈေးသက်သာသည့် မြန်မာပြည်အပေါ် ပိုင်းမှ အလုပ်သမားများကိုသာ အစု လိုက်အပြုံလိုက်ခေါ်ယူလာသဖြင့် ဒေသခံများ လူမှုရေးပြဿနာများ ကြုံ တွေ့ရကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် ဆီအုန်းကုမ္ပဏီများနှင့် ဒေသခံများကြား နယ်မြေ အငြင်းပွားမှု များ ကြုံရပြီး ဒေသခံအချို့မှာ ပိုင်နက် ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှု စသည်တို့ ဖြင့် တရားစွဲဆိုခံရခြင်းများ ရှိခဲ့သည်။
တာကပေါအဖွဲ့အပါအဝင် အရပ် ဘက်အဖွဲ့အစည်း ၁၂ ခုက ၁၈ လတာ သုတေသနပြုကာ အစိမ်းရောင်ကန္တာရ(တနင်္သာရီတိုင်းမှ ဒေသခံများMSPP ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းကို ငြင်းဆန် အန်တုမှု အစီရင်ခံစာ)ကို ၂၀၁၆ ဒီဇင် ဘာတွင် ထုတ်ပြန်ခဲ့သည်။

ယင်းအစီရင်ခံစာတွင် စစ်အစိုးရ နှင့် နီးစပ်သော ကုမ္ပဏီများသို့ ဆီအုန်း စိုက်ပျိုးရန်အတွက် တနင်္သာရီ တိုင်းတွင် ဧကပေါင်း ၁၈ သိန်းကျော် ချထားပေး ခဲ့ရာ တနင်္သာရီမြို့နယ်ရှိ MSPP ကုမ္ပဏီ၏ဆီအုန်းစိုက်ခင်းတစ်ခုတည်း ကြောင့်ပင် ကျေးရွာ ၁၃ ရွာကို ဆိုးဝါး သည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး ဆိုင်ရာထိခိုက်မှုများကို တိုက်ရိုက်၊ သွယ် ဝိုက်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

ယင်းဒေသခံများ၏ ကွမ်း၊ သီဟိုဠ် စသည့် ဥယျာဉ်ခြံမြေ ဧက ၆၀၀၀ ကျော် ကို ရှင်းလင်းခံခဲ့ရသည်ဟု အစီရင်ခံစာ တွင် ဖော်ပြသည်။
တနင်္သာရီတိုင်းအတွင်း ဆီအုန်း ကုမ္ပဏီ ၄၄ ခုရှိပြီး အချို့ကုမ္ပဏီများမှာ အမှန်တကယ်စိုက်ပျိုးရမည့် ဧရိယာ ပြည့်မီအောင် စိုက်ပျိုးထားသည်ကို မတွေ့ရဘဲ သစ်ထုတ်ယူလိုသဖြင့် ဆီ အုန်းကို ဟန်ပြစိုက်ပျိုးထားခြင်းများ သာရှိကြောင်း သုတေသန ပြုလုပ်ထား သည့်အဖွဲ့များက ပြောကြသည်။

အစိုးရဌာန၊ အရပ်ဘက်အဖွဲ့အစည်း များ၊ ဒေသခံများဖြင့် ဖွဲ့စည်းထားသော”မြို့နယ်ဆီအုန်းကဏ္ဍ ဆန်း စစ်လေ့လာ ခြင်း ကွင်းဆင်းတိုင်းတာရေးလုပ်ငန်း အဖွဲ”မှ ရေဖြူမြို့နယ်ရှိ ဒေါ်ရီရီဝင်း (ရွှေပဒုမ္မာ) ဆီအုန်းစိုက်ခင်း ၆၁၁ ဧက အား ကွင်းဆင်းစစ်ဆေးရာ အမှန်တစ် ကယ် စိုက်ပျိုးရမည့် ဧရိယာ၏ ၁၀ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးထားကြောင်း ကွင်းဆင်းတိုင်းတာရေး လုပ်ငန်းအဖွဲ့ ခေါင်းဆောင် ဦးလှဝင်းအောင်(ရေဖြူ မြို့နယ်အုပ်ချုပ်ရေးမှူး)က ပြောသည်။

တနင်္သာရီတိုင်းအတွင်း လုပ်ကိုင် ခွင့်ပြုထားသည့် ဆီအုန်းစိုက်ခင်းများ ထံမှ အမှန်တကယ်စိုက်ပျိုးထားခြင်းမရှိသည့် မြေများကို တိုင်းအစိုးရ စီမံခန့် ခွဲမှုပိုင်မြေအဖြစ် ပြန်လည် သိမ်းယူမည် ဖြစ်ကြောင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့ မော်က တိုင်းအစိုးရသက်တမ်း ပထမ တစ်နှစ်တာတွင်း ပြောကြားခဲ့ဖူးသည်။
ဆီအုန်းစီမံကိန်းမြေများအနက် လေ့လာစစ်ဆေးခဲ့ပြီးဖြစ်သည့် မြေဧက ၆ သိန်းအနက်မှ သုံးသိန်းကျော်ကို ပြန် လည်သိမ်းယူ မည်ဖြစ်ကြောင်း ဝန်ကြီး ချုပ်က ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် ပြောကြားခဲ့ဖူးသည်။

သို့သော် လက်ရှိအချိန်ထိ မည် သည့် ဆီအုန်းစိုက်ကွက်မျှ ပြန်လည် သိမ်းယူခြင်း မတွေ့ရသေးပေ။
ပြန်လည် သိမ်းယူနိုင်ရန် လက်ရှိ တွင် One Map(မြန်မာ)အဖွဲ့နှင့် ပူး ပေါင်းကာ ဆီအုန်းစိုက်ခင်းမြေပုံများ ရေးဆွဲနေကြောင်း ဝန်ကြီးချုပ်က ပြော သည်။
“ဒီမြေပုံတွေထွက်ဖို့ဆိုတာ ကျွန်မ တို့ အစိုးရဆင်းသွားတဲ့အထိ အားလုံး ပြီးပြည့်စုံမှာ မဟုတ်ဘူး”ဟု ဝန်ကြီး ချုပ်က ဩဂုတ်လ ၁၉ ရက်တွင် တနင်္သာရီအပတ်စဉ်သို့ ပြောသည်။

ဆီအုန်းစိုက်ခင်းအသစ်များကိုမူ နည်းစနစ်မှန်မှန်ဖြင့် စနစ်တကျ စိုက်ပျိုး မည်ဆိုက စီပွားရေးအရ ချထားပေးရန် ရှိကြောင်း ဝန်ကြီးချုပ်က ပြောသည်။
လက်ရှိတွင် Kyaw Maw 19 Enterprise Manufacturing ကုမ္ပဏီ မှ တနင်္သာရီမြို့နယ်၊ သိန်ခွန်းအုပ်စု အတွင်း စုစုပေါင်း ဧက ၉၀၀၀ ခန့်ရှိ သော မြေ ၃ ကွက်ကို ဆီအုန်းစိုက်ပျိုးရန် လျှောက်ထားလာသည့်အနက် ဝန်ကြီး ချုပ်၏တာဝန်ပေးချက်အရ ဧက ၄၀၀၀ ကျော်ရှိ မြေတစ်ကွက်အား ဩဂုတ်လ ဆန်းတွင် ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းခဲ့ကြောင်း ဝန်ကြီး ဦးမြင့်စန်း က ပြောသည်။

ယင်းဆင်းစစ်သည့်အကွက်တွင် ဒေသခံများ ဓါးမဦးချ စိုက်ပျိုးထားသည် မှာ ဧက ၉၀၀ ကျော်ရှိသည်ကိုတွေ့ရပြီး ယင်းဓားမဦးချ သမားများနှင့် ညှိနှိုင်း သွားမည်ဟု ကုမ္ပဏီဘက်မှ တင်ပြ ထားကြောင်း ဦးမြင့်စန်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးရဲ မြင့်ဆွေကမူ ယခင်ခေတ်အဆက်ဆက်က ခွင့်ပြုပေးထားသည့် ဆီအုန်းစိုက်ခင်း များကို ပြန်လည်စိစစ်ပြီးလုပ်ငန်း အကောင်အထည်မဖော်သေးသည့် မြေ ကွက်များ၊ သတ်မှတ်ကာလအတွင်း ပြည့်မီအောင် မစိုက်ပျိုးနိုင်သေးသည့် မြေများကို ပြန်လည်သိမ်းယူကာ အမှန် တစ်ကယ် ဆီအုန်းစိုက်မည့်ကုမ္ပဏီသို့ လွှဲပြောင်းချထားပေးခြင်းမျိုးသာ ပြုလုပ် သင့်ကြောင်း ထောက်ပြသည်။

ဝန်ကြီး ဦးမြင့်စန်းနှင့်အဖွဲ့ ကွင်း ဆင်းသည့် သိန်ခွန်းအုပ်စုအတွင်းမှ တောင်သူများက အသစ်ရောက်လာမည့် ဆီအုန်းကုမ္ပဏီနှင့် ထိပ်တိုက်တွေ့ရ မည်ကို စိုးရိမ်ပူပန်နေကြကြောင်း ဦးရဲ မြင့်ဆွေနှင့် ဒေသခံတို့က ပြောကြသည်။

တနင်္သာရီမြို့နယ်အတွင်းမှ MSPPကဲ့သို့သော လက်ရှိဆီအုန်း ကုမ္ပဏီများနှင့် ဒေသခံတောင်သူများ အကြား ပြဿနာဖြစ်ပွားကာ ဥယျာဉ်ခြံ မြေများကို စွန့်ခွာနေကြသည်ကို ကြား သိနေရသဖြင့် ယင်းသို့ ပြဿနာမတွေ့ လိုကြောင်း ချောင်းလမုတွင် ကွမ်း၊ သီဟိုဠ် ၁၀ ဧကခန့် စိုက်ထားသည့်