ဆိုင်ကယ်ပိုင်ရှင်အမည်ပြောင်းအတွက် ဆိုင်ကယ်တန်ဖိုး စံနှုန်းသစ် သတ်မှတ်

0
455

မော်တော်ဆိုင်ကယ်များ ပိုင်ရှင် အမည်ပြောင်းရာတွင် ဝင်ငွေခွန်ကောက် ခံရန် ဆိုင်ကယ်တန်ဖိုး သတ်မှတ်စံနှုန်း သစ်အချို့ကို ဩဂုတ်လ ၁၇ ရက်မှ စတင်ပြောင်းလဲလိုက်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ပြည်တွင်း အခွန်များဦး စီးဌာနထံမှ သိရသည်။

၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်ထုတ် မော်ဒယ်ဆိုင်ကယ်များအတွက် စံနှုန်းကို ပြောင်းလဲ သတ်မှတ်လိုက်ခြင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ်နှင့်အောက် မော်ဒယ်များကို ယခင် နှုန်းထားအတိုင်း ဆက်လက် သတ်မှတ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆို သည်။

ထိုင်းနိုင်ငံထုတ် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်မော်ဒယ်၊ အင်ဂျင်ပါဝါ ၁၂၅ စီစီရှိ ဆိုင်ကယ်များ (Wave I ဖား အစသဖြင့်) ကို တန်ဖိုးစံနှုန်းအဖြစ် ကျပ်၂၂ သိန်း၊ ထိုင်းနိုင်ငံထုတ်CLICK I အမျိုးအစား၊ ၁၂၅ စီစီ ဆိုင်ကယ် များကိုမူ တန်ဖိုးစံနှုန်းအဖြစ် ၂၆ သိန်း သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ဆိုင်ကယ်အမည်ပြောင်း ဆောင် ရွက်ရာတွင် ဆိုင်ကယ်တန်ဖိုး စံဈေးနှုန်း ၏ ၁၅ ရာခိုင်နှုန်းကို ဝင်ငွေခွန် အဖြစ် ပေးဆောင်ရမည် ဖြစ်သည်။
ယင်းကြောင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် မော်ဒယ်၊ အင်ဂျင်ပါဝါ ၁၂၅ စီစီရှိ ဆိုင်ကယ်များကို ဝင်ငွေ အခွန်သုံးသိန်းသုံးသောင်းကျပ်၊ ထိုင်း နိုင်ငံထုတ် CLICK I အမျိုးအစား၊ ၁၂၅ စီစီ ဆိုင်ကယ်များကို ဝင်ငွေခွန် သုံး သိန်းကိုးသောင်းကျပ် ကျသင့်မည် ဖြစ် သည်။

“အရင်မော်ဒယ်အဟောင်းတွေ ကတော့ အရင်ဈေးနှုန်းအတိုင်းပဲ သတ် မှတ်မှာပါ”ဟု တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ရဲထွန်းက ပြောသည်။
ဗီယက်နမ်နိုင်ငံထုတ် ဆိုင်ကယ် များလည်း စံဈေးနှုန်းပြောင်းလဲမှုရှိသည်။

ယင်းကဲ့သို့ မော်ဒယ်မြင့်ဆိုင်ကယ် များကို စံဈေးနှုန်းတိုးမြင့်သတ်မှတ်လိုက် သည့်အတွက် အခွန်နှုန်းထား များလာ ကာ အမည်ပြောင်း လုပ်ဆောင်သူ နည်း လာနိုင်ကြောင်း ထားဝယ်မြို့မှ အသက် ၄၀ နှစ်အရွယ် ဆိုင်ကယ်အကျိုးဆောင် (ပွဲစား)တစ်ဦးကဆိုသည်။
ယင်းကဲ့သို့ အခွန်နှုန်းထားတိုးမြင့် လိုက်ခြင်းမှာ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် တိုးမြှင့်လိုက်ခြင်း ဖြစ်သည်