မြိတ်တွင် ကြက်သားကြက်ဥ ပြန်ရောင်းချခွင့်ပြုသော်လည်း ဈေးနှုန်း/ ရောင်းအားကျဆဲ

0
444

မြိတ်ဈေးကွက်တွင် ဩဂုတ်လ ၉ ရက်မှစပြီး ကြက်သားကြက်ဥများ ပြန် လည်ရောင်းချခွင့်ပြုခဲ့သော်လည်း ဈေး နှုန်းနှင့် ရောင်းအား ကျဆင်းနေဆဲ ဖြစ် ကြောင်း ကြက်ဥကြက်သားဈေးကွက်မှ သိရသည်။

ထားဝယ်မြို့တွင် ကြက်ငှက်တုပ် ကွေး H5N1 ရောဂါပိုးတွေ့ပြီးနောက် မြိတ်မြို့နယ် စည်ပင်ကော်မတီမှ ဈေး များအားလုံးတွင် ကြက်ဥကြက်သားများ ရောင်းချခွင့်ကို ဇူလိုင်လ ၂၉ ရက်မှ
စတင်တားမြစ်ခဲ့ပြီး ဩဂုတ်လ ၉ ရက် နေ့တွင် ပြန်လည်ရောင်းချခွင့်ပေး ခဲ့ပြီး ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်မှ ၃၀ ရက်နေ့အထိ မြိတ်မြို့နယ် ပင်းအိုကျေးရွာတွင် ကြက်ရာချီသေဆုံး ခဲ့ပြီး ဓာတ်ခွဲခန်း အဖြေအရ H5N1ရောဂါပိုးကင်းရှင်းသည့်အတွက် မြိတ် ခရိုင် မွေး/ကုဌာနမှလည်း ကြက်ဥ၊ ကြက် သားများကို စိတ်ချစွာ စားသုံးနိုင်ပြီဖြစ် ကြောင်း ထုတ်ပြန်ထားပြီး ဖြစ်သည်။
သို့သော် စားသုံးသူ တချို့မှာ မဝံ့မ ရဲဖြစ်နေဆဲ ဖြစ်သည်။

“ကြက်ဥက အရင်က တစ်ရက်ကို အလုံး ၁၀၀၀ ကနေ ၂၀၀၀ ကြားရောင်း ရတယ်။ အခုက အလုံးသုံးရာလောက် ကုန်အောင် မနည်း ရောင်းနေရတယ်။ အရင်းတောင်ရှုံးတယ်”ဟု မြိတ်ဈေးကြီး တွင် ကြက်ဥရောင်းချနေသူ မသန္တာက ပြောသည်။

ကြက်သားဈေးနှုန်းများမှာ ကြက် ငှက်တုပ်ကွေး မဖြစ်မီက တစ်ပိဿာ လျှင် ကျပ် ၆၀၀၀ ပေါက်ဈေးရှိရာမှ ယခုလက်ရှိတွင် ကျပ် ၄၀၀၀ သာရှိပြီး ကြက်ဥဈေးနှုန်းမှာ ယခင်က တစ်လုံး လျှင် ကျပ် ၁၃၀ မှ ယခုလက်ရှိတွင် ကျပ် ၈၀နှင့် ကျပ် ၉၀ တွင်းသာရှိကြာင်း ဈေးကွက်အတွင်းမှ သိရသည်။

“ရောင်းရအောင် ဈေးလျှော့ပြီး ရောင်းနေရတယ်။ အရောင်းအဝယ်က တအားအေးတယ်။ လိုက်စပ်ရောင်း နေ ရတယ်။ ဈေးကျလည်း ဝယ်စားသမား တွေ မဝယ်စားဘူး။ တချို့ကလည်း စားတယ်။ တချို့ကလည်း ဝယ်မစားဘူး”ဟု ထားဝယ်စုဈေးမှ ကြက်သားရောင်း နေသူတစ်ဦးက ပြောပြသည်။