ကော့သောင်းခရိုင်တွင် လျှပ်စစ်မီးအကြံပြုအဖွဲ့အား ယာယီဖွဲ့စည်း

0
421

ကော့သောင်းခရိုင် လျှပ်စစ်မီးအကြံ ပြုအဖွဲ့အား ယာယီရွေးချယ်ဖွဲ့စည်းခဲ့ ကြောင်း ကော့သောင်းခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဇူလိုင်လ ၄ ရက်က ကော့သောင်း ခရိုင်ဒေသဖွံ့ဖြိုးရေး ပိတ်ပွဲအခမ်းအနား တွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ်ဒေါက်တာလဲ့လဲ့မော်က လျှပ်စစ်ကြီး ကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန် ပြောခဲ့ပြီး နောက် အကောင်အထည်ဖော် ဖွဲ့စည်း လိုက်ခြင်း ဖြစ်သည်။

တိုင်းဒေသကြီးဝန်ကြီးနှင့် လွှတ် တော်ကိုယ်စားလှယ်များ၊ ကော့သောင်း ခရိုင်/မြို့နယ်နှင့် ဘုတ်ပြင်းမြို့တို့မှ လျှပ်စစ်အင်ဂျင်နီယာများ၊ မြို့မိမြို့ဖများ ပါဝင်သည့် ယင်းအဖွဲ့ကို ဇူလိုင် ၈ ရက် က ဖွဲ့စည်းခဲ့ပြီး နာယက ၂ ဦး ၊ အဖွဲ့ ခေါင်းဆောင် ၁ ဦး၊ အဖွဲ့ဝင် ၁၁ ဦး စုစုပေါင်း ၁၅ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
“ဒီအဖွဲ့ကို တိုင်းလျှပ်စစ် ဝန်ကြီး ဌာနကိုတင်ပြထားတယ်၊ တိုင်းအစိုးရ အဖွဲ့က လိုအပ်ချက်တွေ ပြန်လည်ညွှန် ကြားပြီးရင် အတည်ဖြစ်မယ်”ဟု ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ် ရေးမှူး ဦးနေဦးမှ ရှင်းပြသည်။

ကော့သောင်းမြို့တွင် လက်ရှိ လျှပ်စစ်မီး ဖြန့်ဖြူးနေသည့် မြန်မာ့ စိမ်းလန်းကုမ္ပဏီ၏ ဝန်ဆောင်မှု အဆင် မပြေခြင်းများနှင့်ပတ်သက်ပြီး လျှပ်စစ် မီးသုံးစွဲသူများက ဝေဖန်လျက်ရှိနေပြီး လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ကိုင်နေသည့် မြန်မာ့စိမ်းလန်း ကုမ္ပဏီနှင့် မီးသုံးစွဲ သူများအကြား အဆင်မပြေဖြစ်နေသည် နှင့်ပတ်သက်ပြီးဥပဒေအရမူလ လုပ်ကိုင် ခွင့်ရကုမ္ပဏီကသာ တာဝန်ယူ ဖြေရှင်း ပေးရမည်ဖြစ်ကြောင်း ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးထံမှသိရ သည်။