ဘုတ်ပြင်းတွင် ဘိန်းစာမှုန့်တင်လာသည့် လှေတစ်စီးဖမ်းမိ

0
409

ဘုတ်ပြင်းမြို့နယ် မြန်မာ့ပင်လယ် ပြင်တွင် ဘိန်းစာမှုန့်တင်ဆောင်လာ သည့် စက်လှေတစ်စီးကို ဩဂုတ်လ ၈ ရက်က ဖမ်းမိခဲ့ကြောင်း ကော့သောင်း မြို့မရဲစခန်းထံမှ သိရသည်။

ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ နယ်ခွဲ ဝါးကျွန်း၏ အရှေ့တောင်ဘက် မြန်မာ့ပင်လယ်ပြင်တွင် မောင်းနှင် လျက်ရှိသည့် စက်လှေတစ်စီးအား လုံခြုံရေးဆောင်ရွက်နေသော ကမ်းခြေ စောင့် စက်ရေယာဉ်(၄၂၆)မှ ခေါ်ယူ စစ်ဆေးခဲ့ရာ ဘိန်းစာမှုန့် ၈၀၂ ထုပ် (၈၀၂၀၀ဂရမ်)ခန့်အား တွေ့ရှိခဲ့ကြောင်း အထက်ပါ ရဲစခန်းထံမှ သိရသည်။

ဘိန်းစာမှုန့်များနှင့်အတူ ဖမ်းမိ သည့် အမျိုးသားအား ကမ်းခြေစောင့် စက်ရေယာဉ်မှ ကော့သောင်းမူးယစ်ရဲ တပ်ဖွဲ့စု(၃၄)ထံ လွှဲပြောင်းပေးခဲ့ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ဘိန်းစားမူန့်များကို မကြုံကလက် ကျေးရွာ ၊ ညောင်ပင်အော်အနီးနေသူထံမှ ပြန်ရောင်းရန် တဆင့်ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ဘိန်းစာမှုန့်များနှင့် ဖမ်းမိခဲ့ သူက ထွက်ဆိုခဲ့သည်ဟု ကော့သောင်း မြို့မရဲစခန်းမှ စခန်းမှူးက ဆိုသည်။

ဘိန်းစားမူန့်များနှင့်ဖမ်းမိခဲ့ သူအား တရားဥပဒေအရ အမှုဖွင့်အရေးယူရန် ကော့သောင်းမြို့မရဲစခန်း တွင် အမူဖွင့် ထားကြောင်း သိရသည်။