မီးပျက်ပြုပြင်က ငွေကြေးပေးရန် မလို

0
387

ထားဝယ်ခရိုင်အတွင်းရှိ မီးသုံးသူ များအနေဖြင့် မီးပျက်ပြုပြင်ရန် ထားဝယ်ခရိုင် လျှပ်စစ်ဖြန့်ဖြူးနေသည့် ကုမ္ပဏီမှ မီးပြုပြင်သူများကို ငွေကြေး တစ်စုံတစ်ရာ ပေးဆောင်ရန် မလိုအပ် ကြောင်း DDPC လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဝန်ဆောင် မှုလုပ်ငန်းထံမှ သိရသည်။
လျှပ်စစ်မီးတိုင်မှ အိမ်အတွင်းတပ် ဆင်ထားသည့်မိန်းခလုတ်ခုံအထိ ပြုပြင်ပါက ငွေကြေးပေးဆောင်ရန် မလိုဘဲ အခမဲ့ဝန်ဆောင်မှု ပေးနေ ကြောင်း DDPC မှ အကြီးတန်း အမှုဆောင် ဒါရိုက်တာက ဆိုသည်။

“ဒီအတွက်နဲ့ ငွေကြေးတောင်းခံ နေရင် ဖုန်းဆက်ပြီး ချက်ချင်းတိုင်ကြား နိုင်တယ်”ဟု အကြီးတန်း အမှုဆောင် ဒါရိုက်တာ ဦးသန်းထွဋ်ဦးက ပြော သည်။
လျှပ်စစ်တိုင်မှ မီတာအထိ ဆားဗစ် ကြိုးလဲလှယ်ချိန်တွင်မူ ကြိုး အတွက် အခငွေကြေးကို အိမ်ရှင်မှ ကျခံရမည် ဖြစ်ပြီးလက်ခ (လဲလှယ် တပ်ဆင်ခ) လုံးဝပေးဆောင်ရန် မလိုကြောင်း ၎င်းက ဆိုသည်။

လျှပ်စစ်တစ်ယူနစ်လျှင် ၃၀၀ ကျပ် ကောက်ခံချိန်က မီးပျက်ပြုပြင်ရန် ခေါ်ယူပါက အခငွေကြေး ပေးဆောင် ရပြီး တစ်ယူနစ်လျှင် ၂၁၀ ကျပ်ဖြင့် စတင်ဖြန့်ဖြူးချိန်မှစပြီး ငွေကြေး တောင်းခံခြင်းကို တားမြစ်လိုက်ခြင်း ဖြစ်သည်။