ကော့သောင်းလေဆိပ်အဆင့်မြှင့်မည်

0
437

တိုင်းအတွင်းရှိ ကော့သောင်း လေဆိပ်ကို အဆင့်မြှင့်တင်နိုင်ရန် ပြည် ထောင်စု အစိုးရထံ တင်ပြထားကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ပြောကြားသည်။

ကော့သောင်းတွင် ခရီးသွားလုပ် ငန်းများ တိုးတက်လာပြီး နိုင်ငံခြားသား များဝင်ထွက်မှုများလာသည့်အတွက် လေဆိပ်ကို တိုးချဲ့အဆင့်မြှင့်နိုင်ရန် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းက ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဦးကြည်လှိုင်က ဆိုသည်။

“လေယာဉ်ပြေးလမ်းအပြင် အဆောက် အအုံတွေကိုပါ တိုးချဲ့အဆင့်မြှင့်ဖို့ တင်ပြထားတယ်” ဟု ဝန်ကြီး ဦးကြည်လှိုင် က ပြောသည်။
တိုင်းအတွင်းရှိ လေဆိပ် ၃ ခုကို တိုးချဲ့ရန် အစီအစဉ်ရှိပြီး လက်ရှိတွင် ကော့သောင်းလေဆိပ်မှာ နိုင်ငံခြားမှ တိုက်ရိုက် ပျံသန်းဆိုက်ကပ်နိုင်သည့် အတွက် တိုးချဲ့ရန် အစီအစဉ်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာနက တောင်းဆိုသည့်အတွက် ကော့သောင်းလေဆိပ်ကို ယခုနှစ်တွင် အဆင့်မြှင့်သွားမည်ဖြစ်ကြောင်း လေ ကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီး ဌာန တာဝန်ရှိသူ၏ ပြောကြားချက် ကို ကိုးကား၍ ပြည်တွင်းထုတ် ၇ Dပေ သတင်းစာတွင် ဖော်ပြထားသည်။
ကော့သောင်းလေဆိပ် အပါအဝင် ပြည်တွင်းလေဆိပ် ၃ ခုကို အဆင့်မြှင့်ရန် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရရှိထားပြီးဖြစ်ကာ ယခုနှစ်တွင် တင်ဒါ ခေါ်ယူသွားရန်ရှိကြောင်း7 Day သတင်းစာ တွင် ဖော်ပြချက်အရ သိရသည်။