မြိတ်တွင် တားမြစ်ဆိုးဆေးသုံးငါးပိ စစ်ဆေးတွေ့ရှိ

0
517

မြိတ်ဒေသ၏ နာမည်ကျော် ရေ ထွက်ကုန်တစ်မျိုးဖြစ်သည့် ငါးပိတွင် တားမြစ်ဆိုးဆေးများ သုံးစွဲထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန တိုင်းတာဝန်ခံ ဒေါက်တာ ဟိန်းမင်းထက်အောင်က ပြောကြားသည်။
မြိတ်မြို့ဆိပ်ငယ်ဈေးကြီးနှင့် အောင်မင်္ဂလာဈေးအတွင်း သုံးစွဲရန်၊ စားသုံးရန်မသင့်သော အစားအသောက် နှင့် အလှကုန်များအား ရွေ့လျားစမ်းသပ် ယာဉ်ဖြင့် ဇူလိုင်လ ၃ ရက်နေ့က ဝင် ရောက်စစ်ဆေးခဲ့ရာ အောင်မင်္ဂလာဈေး အတွင်းရှိ ဆိုင်တစ်ဆိုင်ရှိ ငါးပိတွင် ခွင့်မပြုတားမြစ်ဆေးဝါးဖြစ်သည့် Rhodamine B ကိုသုံးစွဲထားသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဆိပ်ငယ်ဈေးကြီးအတွင်းမှာ အစားအသောက် ၃၀ မျိုး အလှကုန်တစ် ချို့နှင့်အောင်မင်္ဂလာဈေးအတွင်းမှ အစားအသောက် ၁၃ မျိုး အလှကုန် ၃ မျိုးတို့အား နမူနာများကို ဝယ်ယူပြီး ဓာတ်ခွဲစစ်ဆေးခဲ့ကြောင်း မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနမှ သိရသည်။
Rhodamine B ပါသည့် အစား အစာကို စားသုံးပါက အစာအိမ် အူလမ်း ကြောင်းရောင်ရမ်းကာပျို့အန်ခြင်း၊ မူးဝေခြင်းကဲ့သို့သော အစာအဆိပ်သင့် သည့် လက္ခဏာများ ဖြစ်နိုင်ကြောင်း တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ကော်မတီ အတွင်းရေးမှူးက ဆိုသည်။
“ရေရှည်ဆိုရင် ကျောက်ကပ်နဲ့ အသည်းကို ဆိုးဆိုးရွားရွား ပျက်စီး နိုင်တယ်၊ ဒါကြောင့် လုံးဝ ခွင့်မပြု တာ” ဟု ကော်မတီ အတွင်းရေးမှူး ဒေါက်တာ ဟိန်းမင်းထက်အောင်က ပြောသည်။

Rhodamine B တားမြစ်ဆေးသုံး ထားသည့် ငါးပိအရောင်းဆိုင်ကို ခံဝန် ရေထိုးစေခဲ့သည်။
“လက်ကားရောင်းတဲ့ဒိုင်ကနေ နမှုနာသုံးမျိုးယူပြီး ထပ်မံစစ်ဆေးနေ တယ်” ဟု ဒေါက်တာ ဟိန်းမင်းထက် အောင်က ပြောသည်။
လက်ကားအရောင်းဒိုင်မှ တားမြစ် ဆိုးဆေးများတွေ့ရှိပါက ခံဝန်ထိုးခိုင်းပြီး ပစ္စည်းများကို သိမ်းဆည်းဖျက်ဆီးသွား မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါ ငါးပိများကို မြိတ်နှင့်ကျွန်း စုမြို့နယ်တွင်းရှိ ပင်လယ်ရွာတို့မှ အဓိက ထွက်ရှိပြီး ယင်းရွာတို့မှတဆင့် မြိတ်နှင့် ရန်ကုန်ဈေးကွက်အထိ တင်ပို့ ရောင်းချနေကြသည်။

“လူတွေက မလုပ်သင့်တဲ့အရာကို လုပ်ထားတော့ စားသုံးတဲ့သူတွေမှာ ရောဂါတွေရနိုင်တယ်ဒီလိုမျိုး စစ်ဆေး ပေးတာကောင်းပါတယ်။”အားလုံးအတွက် အကျိုးရှိတာပေါ့”ဟု အောင်မင်္ဂလာဈေးမှ ကုန်စုံအရောင်းဆိုင်ရှင် ဒေါ်နွဲ့ရီက ပြော သည်။
တားမြစ်ဆေးဝါး များသုံးစွဲထား သည့် စားသောက်ကုန်များကို နောက်တစ်ကြိမ်ထပ်မံရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိပါက အမျိုးသား အစား အသောက် ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရ သည်။

ထို့ပြင် ယိုနှင့် ကွမ်းသီးခြောက် များတွင် မှိုမတက်အောင် အသုံးပြုသည့် ဆာလဖာဒိုင်အောက်ဆိုက်များကိုတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်း ဆာလဖာဒိုင်အောက်ဆိုက် သည် သတ်မှတ်ထားသည့် ပမာဏထက် ပါဝင်မှုရှိမရှိကို နေပြည်တော်ရှိ အစား အသောက်ဓာတ်ခွဲခန်းတွင် စစ်ဆေးသွား မည်ဖြစ်ကြောင်း ဒေါက်တာဟိန်းမင်း ထက်အောင်က ပြောပြသည်။

ဈေးကွက်အတွင်း သုံးစွဲရန်မသင့် ကြောင်း ကြေငြာထားပြီးဖြစ်သည့် Polla(Gold Face)? Garnibo? Quili(tpdrf;)ESifh Zintane စသည့် အလှကုန်ပစ္စည်းတချို့အားသိမ်း ဆည်းခဲ့ကြောင်း မြိတ်ခရိုင် အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးဌာန ထံမှ သိရသည်။