ကျောက်ထုတ်ကုမ္ပဏီကို ပေါင်ဒေသခံများ တတိယအကြိမ် ဆန္ဒပြ

0
445

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဥတ္တံ တားကျေးရွာတွင် ကျောက်ထုတ်လုပ်မှု ဆက်လက်လုပ်ကိုင်နေသည့် Long Life Aggregate Co.Ltd ကို ဒေသခံ ၃၀၀ ကျော်တို့က ဇွန်လ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်က ဆန္ဒပြခဲ့ကြသည်။

ကျောက်ထုတ်လုပ်မှုကြောင့် ရေအရင်းအမြစ်ပျောက်ဆုံးခြင်းများ၊ လယ် ယာ ချောင်းမြောင်း ပျက်စီးခြင်းများနှင့် ဥယျာဉ်ခြံမြေ ပျက်စီးမှုများ အစရှိသည့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများရှိနေသည်ဟုဆိုကာ ကျောက်မိုင်း အား ရပ်တန့်ပေးရန် ဒေသခံတို့က နှစ် ကြိမ် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဖြစ်သည်။

သို့သော်လည်း ထူးခြားမှုမရှိဘဲ ကုမ္ပဏီမှကျောက်ထုတ်လုပ်မှု ဆက်လက် လုပ်ကိုင်နေသည့်အတွက် ထပ်မံဆန္ဒပြ ရသည်ဟု ဆန္ဒပြခေါင်းဆောင်တို့က ပြောသည်။