အင်ဂျင်ပါဝါ ၁၂၅ စီစီ နှင့်အထက် ဆိုင်ကယ်များ ယာဉ်စစ်ပြီးမှ သက်တမ်း တိုးပေးမည်

0
486

အင်ဂျင်ပါဝါ ၁၂၅ စီစီနှင့် အထက် ရှိသည့် ဆိုင်ကယ်များကို ဇွန်လ ၁ ရက် နေ့မှစကာ ယာဉ်စစ် ဆေးပြီးမှသာ သက်တမ်းတိုးပေးမည် ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ထံမှ သိရသည်။

ဒေသအတွင်း စီးနင်းနေသော ဆိုင် ကယ်အချို့မှာ လက်ဝယ်ကိုင် ဆိုင်ထား သော ယာဉ်စာအုပ်၊ ဝှီးတက်တို့နှင့် ကိုက်ညီမှု မရှိသဖြင့် ထိုသို့စစ်ဆေးရန် ဖြစ်လာခြင်း ဖြစ်သည်။ယင်းဆိုင်ကယ်မှာ တရားဝင် မှတ်ပုံ မတင်ထားဘဲ အခြား ဆိုင်ကယ်၏ ယာဉ်စာအုပ်၊ ဝှီးတက်တို့ဖြင့် စီးနင်းနေ ခြင်း ဖြစ်သည်။
ထိုကြောင့် ဆိုင်ကယ်သက်တမ်း တိုးရာတွင် စာအုပ်နှင့် ယာဉ်ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးပြီးမှသာ လိုင်စင်သက် တမ်း တိုးပေးတော့မည်ဖြစ်ကြောင်း ကညနဌာနက ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သက်တမ်းတိုး ဆိုင်ကယ်များ များ ပြားသည့်အတွက် ယခင်က ယာဉ်စာအုပ် နှင့် ဝှီးတက်ကို စစ်ဆေးပြီး ဆိုင်ကယ် (အင်ဂျင်) နှင့်တိုက်ဆိုင် မစစ်ဆေးဘဲ သက်တမ်းတိုး ဆောင်ရွက်ပေးခဲ့သည်။ သို့သော် ဆိုင်ကယ်အားလုံး မစစ် ဆေးနိုင်သေးဘဲ ၁၂၅ စီစီနှင့်အထက် ဆိုင်ကယ်များကိုသာ စစ်ဆေးမည်ဟု ဆိုသည်။
“အင်ဂျင်ပိုင်းတွေ ပြောင်းထား ပြင်ထားတာတွေကို အချက်အလက် အမှန်အတိုင်း မှတ်ပုံတင်နိုင်သွားတာ ပေါ့” ဟု ကညန တိုင်းဦးစီးမှူး ဦးကျော်စိန် က ပြောသည်။

ဇွန်လ ၁ ရက်နှင့် ၂ ရက်နေ့များ တွင် ၁၂၅ စီစီ ဆိုင်ကယ် ၁၅ စီးကို ယာဉ်စစ်ဆေးပြီး သက်တမ်းတိုး ဆောင် ရွက်ပေးခဲ့ကြောင်း တိုင်းဒေသကြီး ကညန ရုံးထံမှ သိရသည်။လက်ရှိအချိန် ယာဉ်စစ်ရာတွင် မျက်မြင်အနေအထားဖြင့် စစ်ဆေးနေပြီး နောက်ပိုင်းတွင် စက်ဖြင့် စစ်ဆေးသွား ရန် ရှိကြောင်း တိုင်းဒေသကြီး ကညနရုံး ထံမှ သိရသည်။