ထားဝယ်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုရုတ်တရက် မြင့်တက်

0
370

ထားဝယ်မြို့နယ်တွင် သွေးလွန် တုပ်ကွေး ဖြစ်ပွားမှုမှာ ရုတ်တရက်မြင့် တက်လာကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ပိုးမွှားများမှတစ်ဆင့် ကူးစက်တတ် သော ရောဂါများ ကာကွယ်နှိမ်နှင်းရေး အဖွဲ့(ရပကန)ထံမှ သိရသည်။

ထားဝယ်မြို့နယ်အတွင်း မတ်လ နှင့် ဧပြီလများတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၂၂ ဦးသာရှိရာမှ မေလနှင့် ဇွန်လ အစောပိုင်းတွင် ၉၄ ဦးအထိ ဖြစ်ပွားမှုများလာကြောင်း တိုင်းဒေသ ကြီး (ရပကန) အဖွဲ့ခေါင်းဆောင် ဆရာဝန်က ဆိုသည်။ထားဝယ်မြို့၊ မြို့ပေါ်ရပ်ကွက်များ တွင် ဖြစ်ပွားမှု များပြားပြီး ၃ နှစ်မှ ၈ နှစ်အရွယ်ရှိ ကလေးများတွင် အဖြစ်များ ကြောင်း အဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာ ဇေယျာကျော်က ပြောသည်။

” ကလေးတွေ ဖျားနာလာရင် စနစ် တကျ ကုသမှု ခံယူသင့်တယ်” ဟု ဒေါက် တာဇေယျာကျော်က ဆိုသည်။သွေးလွန်တုပ်ကွေး ရောဂါမဖြစ် စေရန် ဘုရားပန်းအိုး၊ ရေစည်၊ ရေအိုး များကို ပိုးလောက်လန်း မပေါက်ဖွား နိုင်စေရန်လဲလှယ်ပေးသင့်ပြီး ကလေး များ နေ့လယ်ဘက်တွင် ခြင်ထောင်ဖြင့် အိပ်စေသင့်ကြောင်း ၎င်းက အကြံပြု သည်။

ကလေးများ သွေးလွန်တုပ်ကွေး ဖြစ်မည်ကို စိုးရိမ်သဖြင့် အိမ်တွင် ခြင် ဆေးခွေ အမြဲတမ်း ထွန်းပေးထားပြီး ဂရုစိုက်နေရကြောင်းထားဝယ်မြို့ ကရပ်ပြင်မြောက်ရပ်ကွက်မှ ကလေး နှစ်ဦးဖခင်ဖြစ်သူ ဦးနေလင်းကဆို သည်။”ခြင်ဆေးခွေအနံ့ကြောင့် အန္တရာယ် ဖြစ်မှာကိုလည်း စိုးရိမ်လို့ တိုက်ရိုက် မရှူမိအောင် သတိတော့ ထားနေရ တယ်”ဟု ဦးနေလင်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် အသက် ၆၇ နှစ်အရွယ်ထိ သွေးလွန် တုပ်ကွေးဖြစ်ပွားသူရှိခဲ့ပြီး လက်ရှိ အချိန်တွင် အသက် ၃၀ ကျော်အထိ ဖြစ်ပွားမှုရှိသည်ကိုတွေ့ရကြောင်း တနင်္သာရီတိုင်းဒေသကြီး ပိုးမွှားများမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေးအဖွဲ့(ရပကန)ထံမှ သိရသည်။