စားသောက်ကုန်စစ် ရွေ့လျား ဓာတ်ခွဲခန်းလာမည်

0
528

ထားဝယ်ဒေသ ဈေးများတွင် ရောင်းချနေသည့် စားသောက်ကုန် ပစ္စည်းများ ဓာတ်ခွဲစစ်ဆေးရန် ရွေ့လျား ဓာတ်ခွဲခန်း ကားတစ်စီး ဇူလိုင်လ အတွင်း ရောက်ရှိလာမည်ဖြစ် ကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)ထံမှ သိရသည်။

ဈေးများတွင် ရောင်းချနေသည့် ငပိ၊ ငါးခြောက် အစရှိသည့် စားသောက် ကုန်များတွင် တားမြစ်ထားသည့် ဆိုး ဆေး၊ တာရှည်ခံဆေး ပါဝင်ခြင်းရှိ မရှိကို ဈေးဧရိယာအတွင်း ရပ်နားကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း FDA တိုင်းဒေသကြီး တာဝန်ခံဆရာဝန်က ဆိုသည်။” စားသုံးရန်မသင့် ပစ္စည်းတွေ့ရင် ရောင်းချခွင့် ခဏပိတ်ပြီး နမူနာပစ္စည်းကို နေပြည်တော်ကိုဆက်ပို့ပြီး ထပ်စစ် သွားမယ်” ဟု FDA တိုင်းဒေသကြီး တာဝန်ခံဒေါက်တာ ဟိန်းမင်းထက် အောင်က ပြောသည်။

ပေးပို့လိုက်သည့် နမူနာပစ္စည်း များကို နေပြည်တော်ရှိ ဓာတ်ခွဲခန်းက စစ်ဆေးရာတွင်စားသုံးရန်မသင့် အန္တရာယ်ရှိ စားသောက်ကုန် အဖြစ် အဖြေထွက်ပါက သိမ်းဆည်းဖျက်ဆီး သွားမည်ဟု ၎င်းကဆိုသည်။ထိုင်းနိုင်ငံထုတ် တရားမဝင် စား သောက်ကုန်ပစ္စည်းများ သုံးစွဲမှုများ ပြားသည့် ဒေသဖြစ်သည့် အတွက် ယင်းကဲ့သို့ လာရောက်စစ်ဆေးခြင်းကို ကြိုဆိုရမည်ဖြစ်ကြောင်း ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်နေ ကိုလှသိန်းက ပြောသည်။

“ဒီလိုစစ်ဆေးဖို့လိုသလို စားသောက် ကုန်တွေကို နေပြည်တော် ဓာတ်ခွဲခန်းကို အမြဲတမ်းပို့ပေးပြီး ပုံမှန်စစ်ဆေးရင် ပိုကောင်းမယ်လို့ထင်တယ်” ဟု ကိုလှသိန်း က ဆိုသည်။လာရောက်မည့် ရွေ့လျားဓာတ် ခွဲခန်းယာဉ်သည် ထားဝယ်ဒေသရှိ ဈေး များ၊ ကုန်စုံဆိုင်များရှိ စားသောက်ကုန် များကို ဓာတ်ခွဲစစ်ဆေးပြီး ပုလောမြို့ အထိ သွားရောက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထံမှ သိရသည်။