ဆယ်(လ်)မွန် သီချင်းသီဆိုရင်း ငါးဇင်ရိုင်း ဥနှိုက်

0
694

ဆယ်(လ်)မွန်ငါးတွေအကြောင်း တွေးကာ၊ ရေးကာနေတုန်း ကိုယ့်နံဘေး တစ်လံကွာက သဘာဝကို တစ်ခါတလေ မေ့ပစ်လိုက်ကြတယ်။
သိပ်အံ့ဩစရာတော့ မဟုတ်ပါဘူး၊၊ လူတွေက အနုပညာဖန်တီးမှုအောက် ရောက်မှာမှ သနားစရာကို သနားစရာလို့ မြင်လာတတ်ကြတယ်၊၊

ဆယ်(လ်)မွန် ငါးလေးတွေ သစ္စာ ရှိကြတယ်၊၊ သတ္တဝါတွေထဲမှာ ထူးထူး ခြားခြား သတ္တဝါတစ်မျိုးဆိုတာ မှန်ပါ တယ်၊၊ ” ဆယ်(လ်)မွန် ငါးတွေဟာ ရေချို မှာမွေးဖွားပြီး ရေငံ(ပင်လယ်)မှာ ကြီးပြင်းတဲ့ ငါးမျိုးဖြစ်တယ်။ မိခင် ဆယ်(လ်)မွန်ငါးဥမှ ၃ လကြာမှာ ငါးသား လောင်းတွေအဖြစ် ထွက်လာပါတယ်။
ရေချိုမှာ ပျမ်းမျှ ၂ နှစ်ခန့် ကြီးထွား အောင်နေပြီးမှ ပင်လယ်ပြင်ကြီးဆီထွက် လာပါတယ်။ ပင်လယ်ပြင်မှာ ၃ နှစ်ကြာ ရင် ကြင်ဖော်ရှာပြီး မိမိတို့မွေးဖွားရာ ရေချိုအရပ်ဆီကိုပြန်ကြပါတယ်။ တချို့ ဆယ်(လ်)မွန်တွေကတော့ ကြင်ဖော် မတွေ့နိုင်ဘဲ ပင်လယ်သမုဒ္ဒရာထဲ ၅ နှစ်အထိ ကြာတတ်ပါတယ်။ ဒီကြား ထဲမှာတော့ လူသားတွေရဲ့ဖမ်းဆီးခြင်းခံရ တာမျိုးရှိပြီး မွေးရပ်ပြန် မျိုးဆက်မပွားနိုင်တာလည်းများတယ်။ဘယ်လောက် ထူးဆန်းတဲ့ သဘာဝ တရားလဲ။

သုတေသီတွေရဲ့ တွေ့ရှိချက်အရ ၁၀ ရာခိုင်နှုန်းလောက်ပဲ မွေးရပ်ပြန် မျိုးပွားနိုင်တာ တွေ့ရှိရပါတယ်။ ဒီလို ဆယ်(လ်)မွန် ငါးတွေရဲ့အကြောင်းကို စာတမ်းအကြီးအငယ် လုပ်ကြ . . .ဆွေး နွေးကြ . . . ရေးကြ . . .သီကုံးသီဆိုကြနဲ့ လူသတင်း လူဆောင်သလို ဆယ်လ်မွန် ငါးတွေရဲ့ ရာဇဝင်ဟာ တချို့နိုင်ငံတွေ က အသိမှတ်ပြုခြင်း ခံကြရတယ်။တချို့နိုင်ငံတွေမှာဆိုရင် မြစ်တွေ ပိတ်ပြီး ဆည်တည်ဆောက်ကြတဲ့အခါ ဆယ်(လ်)မွန်လေးတွေအတွက် လှေကား ထစ်တွေကို ဆည်ဒီဇိုင်းထဲ ထည့် ဆွဲပေး ကြတယ်၊၊ သူတို့လေးတွေ ရေဆန်တက် လို့ရအောင် လုပ်ပေးထားတာ ဆိုကြပါ တော့ဗျာ။ ဒါပေမဲ့ အဲဒီ လှေကားထစ် တွေက အလုပ်မဖြစ်လှဘူးလို့တော့ သိရ ပါတယ်။

” မိုးဦးရေဆန် … မိုးဦးရေဆန် … ဆယ်လ်မွန်ငါးတို့ အပြန်”
တေးရေး ကိုခင်ဝမ်းရဲ့ အနုပညာ ဖန်တီးမှုတစ်ခု … ဆယ်(လ်)မွန်ငါးတွေရဲ့ အကြောင်း ကို ကျွန်တော်တို့ သီဆိုနေချိန် . . . ချီး မြှောက်နေချိန်မှာ အဲဒီဆယ်(လ်)မွန်ငါး တွေနဲ့စရိုက်လက္ခဏာတူတဲ့ ငါးဇင်ရိုင်း လေးတွေ ဥပလုံစီနဲ့ ချက်စား လိုက်ရကြ တယ်၊၊ ရင်နာစရာပါပဲ၊၊

ငါးဇင်ရိုင်းတွေဟာလည်း မိုးကို စောင့်ပြီး ဥပြန်ဥတတ်ကြတယ်ဆိုတာ ကျွန်တော်တို့ အသိထဲမှာ မေ့ထားတတ် ကြတယ်၊၊ မိုးဦးကျပြီဆိုရင် ငါးဇင်ရိုင်းလေး တွေကို ချောင်းတွေ မြောင်းတွေထဲမှာ နေရာယူထား တတ်ကြတယ်။ ဒီလောက် ပဲ သတိထားမိတယ်။ချီးတုံးကြီးမျောလာပြီဆို ငါးဇင်ရိုင်း လေးတွေ ဝိုင်းဆွဲစားတာကို အစွဲပြုပြီး အတန်းထဲက ကောင်လေးတွေ အကြိုက် ခံရတဲ့ ကောင်မလေးတွေကို” ငါးဇင်ရိုင်း ချီးတုံး တုပ်သလို” ဆိုပြီး စနောက်ခဲ့ ဖူးကြတာ မှတ်မိကြမှာပါ၊၊

ငါးဇင်ရိုင်းအကြောင်း ပြောနေတဲ့ အချိန်မှာ တစ်ခုသတိထားရမှာက ငါးဇင် ရိုင်းတွေဟာ ဘာလို့ မိုးဦးကျမှ ပေါ်လာ ပြီး တစ်နှစ်ပတ်လုံး ပျောက်နေတတ်ရတာ လဲ။ ကျွန်တော်တို့ ဒေသမှာ မိုးဦးကျရင် ပြောနေကြတဲ စကားတစ်ခွန်းရှိပါတယ်၊၊ ည မိုးသည်းသည်းမဲမဲရွာပြီဆိုရင် .. ” မနက် ငါးဇင်ရိုင်းတက်တော့မယ်၊၊ (ငါး ဇင်ရိုင်း တွေ ရေဆန်လာတော့မယ်) ငါးဇင်ရိုင်း စားရတော့မယ်” စသဖြင့်ပေါ့။စာဖတ်သူကိုယ်တိုင်လည်းပါမယ်ထင်ပါရဲ့ ။

မိုးဦးကျပြီဆိုရင် … ဒါမှမဟုတ် မိုးဟာ ရာသီဥတု ဖောက်ပြန်လို့ နောက် ကျခဲ့ပြီဆိုရင် မိုးကိုမျှော်နေတာ ကျွန် တော်တို့ လူတွေ သီးသန့်မဟုတ်ဘူးဆိုတဲ့ အချက်တစ်ချက်ကို သတိပြုဖို့ လိုအပ်ပါ တယ်၊၊ ကျွန်တော်တို့တတွေက သောက် ရေ ရှားလို့မျှော်ကြသလိုပဲ။
ငါးဇင်ရိုင်းလေးတွေလည်း သူတို့ ရဲ့ရင်သွေး အတွက် ကိုယ်ဝန် အရင့်ကြီးနဲ့ မျှော်နေကြရတယ်။
မိုးရွာလို့ . . . ဝမ်းပန်းတသာ ရေ ဆန်ပြန်တော့ . . . ပိုက်ကွန်တွေက အ သင့်။

မနှစ်ကဆိုရင် မိုးရွာတာ ၂ရက်ပဲ ရှိသေးတယ်။ ငါးဇင်ရိုင်းတက်နေပြီ။ ကိုယ်ဝန် အရင့်အမာနဲ့ ငါးဇင်ရိုင်းပုံတွေ ဖေ့စ်ဘွတ် ပေါ်မြင်လိုက်ရတယ်။ တကယ် စိတ်မကောင်းစရာပါပဲ၊၊ သူတို့ရဲ့ သဘာဝ တရားကို ကျွန်တော်တို့တတွေ မျက်ကွယ် ပြုရင်း ချက်စားလိုက်ရင်း ဆယ်(လ်)မွန်ငါး အကြောင်း ထမင်းဝိုင်းမှာ ဆွေးနွေးဖြစ် ကြပြန်တယ်။

ကျွန်တော်တို့ တစ်တွေ အနီးအနား က ပတ်ဝန်းကျင်ကို မျက်ကွယ်ပြုထားကြ တာကြောင့် မမြင်မိကြတာပါ။ စာတစ် ကြောင်း ပေတစ်တန်နဲ့ မှတ်တမ်းတွေကို ဖတ်ကြအော်ဟစ်ငြင်းခုန်ကြ ဆွေးနွေးကြ ရင်းအနီးဆုံးကအလှတရား . . . သဘာဝ စရိုက်ရဲ့ ကြည်နူးစရာ လေးတွေ မေ့ထား ကြတယ်။
ဒီလိုမေ့ထားကြလို့ ဘယ်သတ္တဝါ တွေဘယ်လို မျိုးတုန်းခဲ့ပြီ ဆိုတာလည်း မှတ်တမ်း မရှိပြန်ဘူး။
ကျွန်တော်တို့တစ်တွေ ဘာတွေများ လုပ်ပေးနိုင်မလဲ . . ။

သဘာဝက သဘာဝဆိုပေမယ့် လည်း ဆယ်လမွန် သီချင်းသီကြူးပြီး ငါးဇင်ရိုင်းဥကို နှိုက်စားရတာကတော့ သိပ်ဘဝင် မကျစရာပါဘဲ။