စက်ဘီးခိုးသည့်ကိစ္စ ဆုံးမသည့်အပေါ် အရှက်ရ ကြိုးဆွဲချ သေဆုံး

0
391

စက်ဘီးခိုးသည့်ကိစ္စအား ဆုံးမ သည့်အပေါ် အရှက်ရပြီးကြိုးဆွဲချ သေဆုံး မှုတစ်ခု မေလ ၁၅ ရက်က ကော့သောင်း မြို့ အေးရိပ်ငြိမ် ရပ်ကွက်တွင် ဖြစ်ပွားခဲ့ ကြောင်း ကော့သောင်းမြို့မရဲစခန်းမှ သိရသည်။

နေအိမ်အတွင်း အမြင့် ၁၀ ပေရှိ ထုတ်တန်းတွင် ကြိုးဆွဲချ သေဆုံးနေ သည်ကို အဖွားနှင့် အဒေါ်ဖြစ်သူတို့က စတင် တွေ့ရှိခဲ့ကြောင်း သိရသည်။
အခင်းမဖြစ်ပွားမီ အသက် ၁၅ နှစ်အရွယ် သေဆုံးသူ မောင် . . . . . . အား စက်ဘီးခိုးယူသည့် ကိစ္စနှင့် ပတ်သက်ပြီး မိသားစုဝင်များက ဆုံးမခဲ့ရာ အရှက်ရပြီး နံနက်စာမစားဘဲ အခန်းထဲ တစ်ယောက်တည်း ကျန်ခဲ့ သည်။

ယင်းသို့ အိမ်တွင် တစ်ယောက် တည်းကျန်ခဲ့ရာ ညနေ ၃ နာရီခန့်တွင် သေဆုံးလျက်ရှိသည်ကို မိသားစုဝင် များက တွေ့ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။
အဆိုပါ ကြိုးဆွဲချသေဆုံးမှုအား ဓမ္မတာအတိုင်း ဟုတ်မ^ဟုတ် သေမှု သေခင်း အမှုဖွင့် စစ်ဆေးဆဲ ဖြစ်ကြောင်း သိရသည်။