ငှက်သိုက်တင်ဒါ ကျွန်းအုပ်စု ၃ စုကို တစ်ဦးတည်းအောင်

0
405

တနင်္သာရီတိုင်းဒေသကြီး၏ ငှက်သိုက်ကျွန်းအုပ်စု ၄ စုကို ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် ငှက်သိုက်စုသိမ်းခွင့် တင်ဒါ ပေးခဲ့ရာ ဦးခင်မောင်မြင့် (ငွေပင်လယ်ကုမ္ပဏီ)မှ ကျွန်းအုပ်စု ၃ စုကို တစ်ဦးတည်း တင်ဒါအောင်ခဲ့ကြောင်း တိုင်းဒေသကြီး သစ်တောဦးစီဌာနထံမှ သိရသည်။

 
ထားဝယ်ဒေသရှိ မော့စကော့ကျွန်း အုပ်စု၊ ကျွန်းစုမြို့နယ်ရှိ ရေအေးကျွန်း အုပ်စု၊ ပုလောမြို့နယ်ရှိ မလိကျွန်း အုပ်စုတို့အား ငွေကျပ်သိန်း ခုနစ်ထောင်ကျော်ဖြင့်မြိတ်အခြေစိုက် ငွေပင်လယ်ကုမ္ပဏီမှ တင်ဒါအောင်ခဲ့ခြင်း ဖြစ်သည်။

 

နာမည်ကျော် အသဲပုံကျွန်း ပါဝင်သည့် ကော့သောင်းမြို့နယ်မှ ကဆိုင်းလှနှင့် ကော့ငါးကျွန်းအုပ်စုအား ခရီးသွားလုပ်ငန်းကုမ္ပဏီတစ်ခုဖြစ် သော Grand Andaman Islands ကုမ္ပဏီမှ တင်ဒါအောင်ခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် ယင်းတင်ဒါပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်တင်ဒါဆွဲသူ ၅ ဦးရှိခဲ့ကြောင်း သိရသည်။