ကော့သောင်း-ဘုတ်ပြင်းလမ်းတွင် ဇာတ်အဖွဲ့ကားတစ်စီး တိမ်းမှောက်၊ တစ်ဦးသေဆုံး

0
457

ကော့သောင်း – ဘုတ်ပြင်းလမ်းပိုင်း ကရသူရိမြို့နယ်ခွဲ မိုင်တိုင်အမှတ် ၂၉၇ အနီးတွင် မတ်လ ၁၅ ရက်က ဇာတ်အဖွဲ့ ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနရုံးထံမှ သိရသည်။

ကော့သောင်းခရိုင် ခမောက်ကြီးမြို့ နယ်ခွဲ မာဒန်းရွာမှ ဇာတ်ကပြီးပြန် လာသည့် ထားဝယ်အခြေစိုက် စိုးမိုး အောင် ဇာတ်အဖွဲ့သားများ စီးနင်းလာ သည့် ယာဉ်သည် လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း အထက် ပါရုံးမှ သိရသည်။ ယာဉ်ပေါ်တွင် ဇာတ်အဖွဲ့သား ၄၀ ဦးခန့် စီးနင်းလိုက်ပါလာပြီး အမျိုးသား ၁ ဦးသေဆုံးကာ ၁၉ ဦး ဒဏ်ရာ ရရှိ ကြောင်းဘုတ်ပြင်းမြို့နယ် အုပ်ချူပ်ရေး မှူး ဦးအောင်သိန်းလှိုင်က ပြောသည်။

ဒဏ်ရာရသူများအနက် ၅ ဦးမှာ ဘုတ်ပြင်းဆေးရုံတွင် အတွင်းလူနာ အဖြစ် ကုသမှု ခံယူနေပြီး ကျန်သူများမှာ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း မြို့နယ် အုပ်ချူပ်ရေးမှူးထံမှ သိရသည်။

အခင်းဖြစ်ပြီးနောက် ယာဉ်မောင်း မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။