ပူးပေါင်းရေး ဆွေးနွေးရန် တိုင်းကုန်သည်/စက်မှုအသင်းကို ထားဝယ် ခရိုင်အသင်းကမ်းလှမ်း

0
365

ပေါင်းဆောင်ရွက် နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းရန် တနင်္သာရီတိုင်း ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်းကို ကမ်းလှမ်းထားကြောင်း ထားဝယ်ခရိုင်ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရ သည်။

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းသည် ဒေသ စီးပွားရေးတွင် အရေးပါဆုံး အသင်းဖြစ် သည့်အတွက် သဘောထားကွဲလွဲမှု မရှိ သည့် တစ်သင်းတည်းသော ထားဝယ် ခရိုင်အသင်း ဖြစ်စေရေး ညှိနှိုင်းဆွေး နွေးရန် ယင်းသို့ ကမ်းလှမ်းခြင်း ဖြစ် ကြောင်း ထားဝယ်ခရိုင်ကုန်သည် / စက်မှု အသင်း၏ အတွင်းရေးမှူး ဒေါ်ခင်ညိုညို က ပြောသည်။” ပူးပေါင်းနိုင်မယ်လို့ အများကြီး မျှော်လင့်ထားပါတယ်” ဟု ဒေါ်ခင်ညိုညို က ဆိုသည်။
တိုင်းအသင်းကို ထားဝယ်ခရိုင် အသင်းတွင် ပူးပေါင်းပါဝင်နိုင်ရေး အ တွက် မတ်လ ၁၃ ရက်က စာပို့ကမ်း လှမ်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိ တိုင်းဒေသကြီးကုန်သည် နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း သည်တွင် မြိတ်နှင့်ကော့သောင်း ခရိုင် များမှ ကုန်သည်များမပါဝင်ဘဲ ထားဝယ် ခရိုင်မှ ကုန်သည်များသာ ပါဝင်နေခြင်း ကြောင့် ထားဝယ်၊ မြိတ်နှင့် ကော့သောင်း မှ ကုန်သည်များ ပါဝင်လာစေရန် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင် များက စီစဉ်နေကြခြင်း ဖြစ်သည်။ထားဝယ်ခရိုင်အတွင်းရှိ ကုန်သည် နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ ပူး ပေါင်း၍ အသင်းကို ဖွဲ့စည်းပြီးမှသာ မြိတ်၊ ကော့သောင်းခရိုင်များနှင့် ပူး ပေါင်းပြီး တိုင်းအသင်းကို ဖွဲ့စည်းနိုင် မည်ဖြစ်ကြောင်း ဒေါ်ခင်ညိုညိုက ပြော သည်။

ထားဝယ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း သည် ယခုနှစ်တွင် သက်တမ်း နှစ်နှစ် ပြည့်ပြီ ဖြစ်သည့် အတွက် အလုပ်အမှု ဆောင်အဖွဲ့ရွေးကောက်ပွဲကို လာမည့် ဧပြီလတွင် ကျင်းပရရန်ရှိသဖြင့် ယင်း ရွေးကောက်ပွဲကို တိုင်းအသင်းနှင့် ပူး ပေါင်းဆောင်ရွက်ရန်အတွက် ယင်းသို့ ကမ်းလှမ်းခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့သော်လက်ရှိ တိုင်းဒေသကြီး ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်ကမူ တိုင်းအသင်း အနေဖြင့် မြို့နယ်အသင်း၊ ခရိုင်အသင်းများအပေါ် အခြေမခံဘဲ တိုင်းအတွင်းရှိ ကုန်သည်နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အားလုံးကို ဖိတ်ခေါ်၍ ရွေးကောက်ပွဲတစ်ရပ် ပြု လုပ်ရန် စီစဉ်လျက်ရှိသည်ဟု ဆိုသည်။

” အခု ပို့တဲ့စာနဲ့ပက်သက်ပြီးတော့ သူတို့(ခရိုင်အသင်း)နဲ့ ကိုယ်တိုင်သွား ဆွေးနွေးပါ့မယ်။ ပူးပေါင်းဖို့အတွက် ဘယ်လို နည်းလမ်းတွေနဲ့ သွားနိုင်မလဲ ဆိုတာကို ဆွေးနွေးပါ့မယ်” ဟု ဦးရဲထွဋ် နိုင်က ပြောသည်။တိုင်းအသင်းတွင် အတွေ့အကြုံ ရင့်ကျက်သည့် လူကြီးပိုင်းများစွာရှိပြီး ထားဝယ်ခရိုင်အသင်းတွင်မူ အတွေး အသစ် အမြင်သစ်များရှိသည့် လူငယ် ပိုင်းများသည့်အတွက် ယင်းအသင်းနှစ် သင်းကို ပူးပေါင်းနိုင်ပါက လူကြီးများက လူငယ်များအား အတွေ့အကြုံများ လက် ဆင့်ကမ်းနိုင်မည်ဖြစ်ကြောင်း ဒေါ်ခင် ညိုညိုက ဆိုသည်။

ပြီးခဲ့သည့်နှစ်များက တိုင်းအသင်း နှင့် ထားဝယ်ခရိုင် အသင်းတို့အကြား ပူးပေါင်းရန်အတွက် သဘောထားကွဲ လွဲမှုများ ရှိခဲ့သော်လည်း လက်ရှိတွင်မူ ပူးပေါင်းရန်အတွက် ယင်းနှစ်သင်း စလုံးက ဆန္ဒရှိနေကြောင်း သိရသည်။