ရှားပါးစာရင်းဝင် ကြံ့သူတော် သားပေါက်တစ်ကောင် ကော့သောင်းတွင် ဖမ်းမိ

0
421

ရှားပါးစာရင်းဝင် ကြံ့သူတော်သား ပေါက်တစ် ကောင်ကို မတ်လ ၁၅ ရက်က ကော့သောင်းခရိုင်၊ ခမောက်ကြီး မြို့နယ်ခွဲ အေးချမ်းသာကျေးရွာ တောအုပ် တစ်နေရာတွင် အရှင်ဖမ်းမိခဲ့သည်။

တောင်ယာခုတ်ရန် တောတွင်းသို့အသွား လမ်းတစ် နေရာတွင် ကြံ့သူတော်သားအမိကို တွေ့ခဲ့ခြင်းဖြစ်ပြီး ကြံ့သူတော်မိခင်ကလန့်ပြီး ထွက်ပြေးသွားစဉ် သား ပေါက်ကို ဖမ်းမိခဲ့သည်ဟု ကြံ့သူတော်ဖမ်းခဲ့သည့် တောင်သူ ဦးစိုးထိုက်က ဆိုသည်။ယင်းကြံ့သူတော် သားပေါက်သည် အလျား ၃၂ လက်မနှင့် လုံးပတ် ၂၃ လက်မခန့်ရှိကြောင်း သိရသည်။

အဆိုပါကြံ့သူတော်အား ကော့သောင်းခရိုင် သစ်တောဦးစီးဌာနသို့ လွဲပြောင်းပေးအပ်ခဲ့သည်ဟု သိရ သည်။
ကြံ့သူတော်ကို မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်ရှိ သစ်တောများတွင် တွေ့နိုင်ပြီး အကောင်ရေ နည်းပါးနေပြီ ဖြစ်သည်။