တိုင်းတွင်း တည်ဆောက်ရေး လုပ်ငန်း လေးပုံတစ်ပုံ စံမမီ၊ ပညာ /ကျန်းမာ အများဆုံး

0
365

တနင်္သာရီတိုင်းအတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါ စနစ်ဖြင့် တည်ဆောက်နေသည့်  ဆောက်လုပ်ရေး လုပ်ငန်း လေးပုံတစ်ပုံ (၂၅ ရာခိုင်နှုန်း)ခန့်မှာ သတ်မှတ် စံချိန်စံညွှန်း မပြည့်မီဟု တနင်္သာရီတိုင်း ဒေသကြီး တည်ဆောက်ရေး လုပ်ငန်း စိစစ်ရေး ကော်မတီ (တိုင်း တည်/ကော်)ထံမှ သိရသည်။


ဒေသခံ ရပ်မိ၊ ရပ်ဖများ တိုင်ကြား ခြင်းနှင့် သက်ဆိုင်ရာ တည် / ကော် အဖွဲ့များက သွားရောက် စစ်ဆေး သည့်အတွက် ယင်းကဲ့သို့ စံချိန်မမီ သည့် အဆောက်အအုံများကို တွေ့ရှိ ခဲ့ကြောင်း အဆိုပါ ကော်မတီအတွင်း ရေးမှူးက ပြောသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ကျန်းမာရေးနှင့် ပညာရေးဌာနများ အ တွက် အဆောက်အဦး ဆောက်လုပ်မှု ပိုမိုများပြားသောကြောင့် ယင်းဌာန များတွင် စံမမီ အဆောက်အအုံများ ပိုတွေ့ရကြောင်း ယင်းကော်မတီမှာ သိရသည်။

 
“စံချိန်စံညွှန်း မမီတဲ့ အဆောက် အအုံတွေက အရောက်အပေါက် နည်း ပါးတဲ့ ဒေသတွေမှာ ဖြစ်တာများတယ်” ဟု ၎င်းက ဆိုသည်။
စစ်ဆေးခံရန် လုပ်ငန်းပေါင်း ၁၉၇ ခု ရောက်ရှိလာပြီး ၁၀၂ ခုကို စစ်ဆေး ပြီးဖြစ်ကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။
သက်ဆိုင်ရာ ခရိုင် ကော်မတီအလိုက် စစ်ဆေးနေသည့် လုပ်ငန်းများလည်း ရှိသေးသည်။ ပင်လယ်ကျွန်းများရှိ ဆောက်လုပ် ရေးလုပ်ငန်းအချို့တွင် ဆားအငန်ဓာတ် ပါဝင်သည့် ပင်လယ်သဲများနှင့် ပင်လယ် ရေများ အသုံးပြုခြင်း၊ အရည်အသွေး မမီသည့် ဘိလပ်မြေအုတ် အသုံးပြုမှုများ တွေ့ရသည်ဟု သိရသည်။

 
အဓိကအနေဖြင့် QC (အရည် အသွေး စိစစ်ရေး) အဖွဲ့များကို လုံလုံ လောက်လောက် ထားသင့်ပြီး ဖြစ်နိုင် မည်ဆိုပါက တစ်ပတ် တစ်ကြိမ်အထိ စစ်ဆေးသင့်ကြောင်း သက်တမ်း ၅ နှစ် ရှိသည့် ဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးက  ထောက်ပြသည်။
“ထားဝယ်မြို့ ပေါ်အနေအထား မှာကို ကောင်းကောင်း မစစ်နိုင်သေးဘူး။ မြို့နဲ့အလှမ်းဝေးရင် ပိုစစ်ရခက်တာ ပေါ့” ဟု ၎င်းက ပြောသည်။
လက်ရှိအစိုးရအနေဖြင့် သမိုင်း မကောင်းခဲ့သူများကို လုပ်ငန်းလုပ်ကိုင် ခွင့်များ ချထားပေးခြင်း မပြုလုပ်သင့် ကြောင်း ထားဝယ်ဒေသခံ ဆောက်လုပ် ရေးကုမ္ပဏီပိုင်ရှင်တစ်ဦးက ထောက်ပြ သည်။

 
ယခုအချိန်တွင် အမည်ပျက် စာ ရင်း (ဘူခေူငျအ) သွင်းခံထားရသော ကုမ္ပဏီများ၊ အဆောက်အအုံ ဖျက်ခိုင်းခံ ရသည်အထိ ရှိခဲ့သော ကုမ္ပဏီများအား လုပ်ငန်းလုပ်ကိုင်ခွင့် ထပ်ပေးသည်များ ကို တွေ့နေရသည်ဟု ယင်းကုမ္ပဏီ ပိုင်ရှင်က ဆိုသည်။
” တချို့က အစိုးရကို လှူမယ်တန်း မယ်၊ အစိုးရနဲ့ ရင်းနှီးအောင်လုပ်ပြီး လုပ်ငန်းလုပ်ခွင့် ရအောင် ကြိုးစားမယ်၊ လုပ်ကိုင်ခွင့်မှာတော့ အတိုင်းထက် အလွန် စေတနာ နည်းနေကြတုန်းပဲ ရှိ သေး”  ၎င်းက ပြောသည်။

 
သတ်မှတ်စံချိန်မမီသည့် ဆောက် လုပ်ရေးလုပ်ငန်းများကို စစ်ဆေးတွေ့ ရှိပါက စံချိန်မမီသည့် အပိုင်းများကို ပြန်လည်ပြင်ဆင် ခိုင်းနေရသည်ဟု တိုင်း တည်/ကော်ထံမှ သိရသည်။စံချိန်မမီပါက စံမမီသည့် အပိုင်း ကို အားဖြည့် တည်ဆောက်ခိုင်းခြင်း၊ ညံ့ဖျင်းသည့် အပိုင်းကို ပြန်ဖျက်ခိုင်း ခြင်း၊ ၁ နှစ်တာ ကန်ထရိုက် ရုတ်သိမ်း ခြင်းနှင့် အပြင်းထန်ဆုံးအနေဖြင့် အမည် ပျက် စာရင်းသွင်းခြင်းများ ဆောင်ရွက် နိုင်ကြောင်း  သိရသည်။

 
လက်ရှိအစိုးရ လက်ထက်တွင် တိုင်းအတွင်း တင်ဒါစနစ်ဖြင့် တည် ဆောက်နေသည့် ဆောက်လုပ်ရေး လုပ် ငန်းများ သတ်မှတ် စံချိန်စံညွှန်းနှင့် ညီစေရန် ပိုမိုတင်းကြပ်စွာ ကိုယ်တွယ် ဆောင်ရွက်လာသည်။