ဒီဇင်ဘာလနှောင်းတွင် သီတဂူမှ မျက်စိအခမဲ့ ခွဲပေးမည်

0
402

ထားဝယ်မြို့ သီတဂူအာရောဂျဒါန ဆေးရုံတော်၏ ၁၀ ကြိမ်မြောက် ကျန်း မာရေးအလှူအဖြင့်  မျက်စိဝေဒနာရှင် များအား အခမဲ့ စမ်းသပ်ခွဲစိတ် ကုသ ပေးမှုကို ဒီဇင်ဘာ ၂၄ ရက်မှ ၃၁ ရက် အတွင်း ပြုလုပ်ပေးသွားမည်ဟု သီတဂူ အကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။


သမားတော်ကြီး ဒေါက်တာမြ အောင် ဦးဆောင်သည့် ဆရာဝန်အဖွဲ့မှ  ဒီဇင်ဘာ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် မျက်စိ စမ်းသပ်ပေးမည်ဖြစ်ပြီး ခွဲစိတ် ကုသရမည့် မျက်စိဝေဒနာရှင်များကို ဒီ ဇင်ဘာ ၂၉ ရက်မှ ၃၁ ရက်အတွင်း ခွဲ စိတ်ကုသပေးမည် ဖြစ်ကြောင်း သိရ သည်။

 
ဘာသာ လူမျိုးမရွေး လာရောက်ကု သနိုင်ပြီး ယခင်က ပါဝါမျက်မှန်လှူဒါန်း ခဲ့သော်လည်း ယခုအကြိမ်တွင်မူ မျက် မှန်လှူဒါန်းခြင်း အစီအစဉ် မရှိဟု သိရ သည်။အခမဲ့ကုသလိုသည့် မျက်စိဝေဒနာ ရှင်များအနေဖြင့် ကိုယ်တိုင်သော်လည်း ကောင်း၊ မိသားစုဝင်တစ်ဦးဦးသော် လည်းကောင်း ဘုမ္မော်ရပ်ကျန်းမာရေး လမ်း၊ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ အတွင်းရှိ သီတဂူအာရောဂျဒါန ဆေးရုံ တော်ရုံးခန်းတွင် ကြိုတင်စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။