ဘူးထောင့်ကိုရင်းပြီး ရင်ဘတ်ချင်း နီးပြီလား

0
493
ဘူးထောင့်ကမ်းခြေတွင် သေနတ်ကိုင်သွားနေသူကို ဒေသခံတစ်ဦး မှတ်တမ်းတင်ထားစဉ်

နိုဝင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့ ဘူးထောင့်ကမ်းခြေ။
စွတ်ကျယ်လက်ပြတ်ထဲမှ ထိုး ထွက်နေသော လက်မောင်းအိုး တုတ် ခိုင်ခိုင် နှုတ်ခမ်းမွေးတိုတိုသန်သန်နှင့် အသက် ၄၀ ဝန်းကျင် လူလတ်တစ်ဦး လူအုပ်ထဲမရဲတရဲခြေလှမ်းဖြင့် တိုးဝင် လာသည်။ သူ့မျက်လုံးများက တစုံ တရာကို ထိတ်ရွံ့နေသည့် ယုန်သူငယ်လို နီနီရဲရဲ။ သူ့အကြည့်က ဘေးဝဲယာနှင့် နောက်ကို ခဏခဏ ရောက်နေသည်။ သို့သော် တစုံတရာကို ယတိပြတ် ဆုံး ဖြတ်ထားဟန်ဖြင့် တည်ငြိမ်တိုးသက်စွာ ပြောချလိုက်သည်။


” ဟုတ်ပါတယ်၊ သေချာအောင် ကြည့်ပြီးပါပြီ၊ ဂျာနယ်မျက်နှာဖုံးက ပုံဟာ ကျွန်တော်တို့ ကမ်းခြေပါပဲ..”
သူရည်ညွှန်းသည်မှာ လွန်ခဲ့သည့် အောက်တိုဘာ ၂၄ ရက်နေ့တွင် ထုတ် ဝေသော တနင်္သာရီအပတ်စဉ် မျက်နှာ ဖုံးဓာတ်ပုံ။ သစ်ခိုး ထုတ်သူများက ဒေသခံရေလုပ်သားများကို ခြိမ်းခြောက် နေမှုများကြောင့် ရေလုပ်သားများ စိုးရိမ် နေရသည့်သတင်း။ ယင်းသို့ပြောလာသူက တံငါလုပ် သားများ တင်မြှောက်ထားသည့် ဘူး ထောင့်ခေါင်းဆောင်တစ်ယောက်ဟု ဆိုသည်။

 

ဘူးထောင့်ကမ်းခြေရှိ ပင် လယ်ဘက်မျက်နှာမူထားသော တဲ ကလေးထဲ တံငါလုပ်သား ၁၀ ဦးခန့် ရောက်နေကြသည်။ သူတို့သည် ဘူး ထောင့်သို့ ဒုတိယအကြိမ် ရောက်လာ သည့် မီဒီယာအဖွဲ့ထံ စုဝေးရောက်ရှိ နေကြခြင်း ဖြစ်သည်။
ယင်းဂျာနယ်ထွက်ပြီး မကြာမီ သူတို့ကမ်းခြေသို့ ရဲတပ်သားများ၊ ဝန် ကြီးနှင့် ကိုယ်စားလှယ်များနှင့်သစ်တော ဝန်ထမ်း စသဖြင့် တဖွဲဖွဲ ရောက်လာ သည်ဟု ရွာသားများက ပြောသည်။အောက်တိုဘာ ၂၃ ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီး အပါအဝင် တိုင်း သစ်တောဌာနတာဝန်ရှိသူများ၊ လွှတ် တော်ကိုယ်စားလှယ်များ ဘူးထောင့်သို့ သွားရောက်စစ်ဆေးခဲ့သည်။ အတူလိုက် ပါသည့် သစ်တောအရာရှိတစ်ဦးက ထူး ခြားမှု မရှိဟု ဆိုခဲ့သည်။
ကမ်းခြေရှိ လက်ရှိနေထိုင်သည့် ယာယီတဲ ၃၀ အား ဆက်လက်ထားရှိ ရန်နှင့် ဆောက်လက်စ တဲ ၉ လုံးအား ဖျက်သိမ်းရန် ဝန်ကြီးက ညွှန်ကြား ခဲ့သည်။

 
” ဘာမှ မထူးပါဘူး၊ ထူးတာဆိုလို့ ဘုရားဝတ်တက်ကျောင်း ပြန်ဖျက်ခိုင်းခဲ့ တာပါပဲ” ဟု ယင်းကမ်းခြေနေ ဦးဇော် မင်းလတ်က ပြောသည်။အောက်တိုဘာ ၂၉ ရက် တွင် ထား ဝယ်တိုင်းရင်းသားများပါတီ(ဗဟို)မှ ဘူးထောင့်ကိစ္စ ကြေညာချက်ထုတ် သည်။ ယင်းဒေသတစ်ဝိုက်တွင် ဥပဒေပ သစ်ထုတ်မှုများရှိနေပြီး သေနတ်ကိုင် ခြိမ်းခြောက်လာကြောင်းနှင့် တိုင်းအစိုးရ အဖွဲ့မှ ဖြေရှင်းပေးရန် တောင်းဆိုသည်။

 
အောက်တိုဘာ ၃၀ ရက်နေ့တွင် ထားဝယ်ခရိုင် ရဲတပ်ဖွဲ့မှ ဦးဆောင်ကာ သစ်တောတာဝန်ရှိသူများနှင့်အတူ ဘူး ထောင့်အော်အတွင်းပိုင်း သစ်တောကြိုး ဝိုင်းအတွင်းသို့ ကွင်းဆင်းရှာဖွေ စစ်ဆေးခဲ့ရာ စီးပွားဖြစ် သစ်ခုတ်သူများ နှင့် တဲများမရှိကြောင်း ဒေသလုပ် တူမီး သေနတ်ကိုင်ဆောင်သူများလည်း မရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှ မီဒီယာ များသို့ ရှင်းလင်းခဲ့သည်။
တိုင်းရဲတပ်ဖွဲ့၏ သုံးသပ်တင် ပြချက်မှာ ထားဝယ်တိုင်းရင်းသားများ ပါတီ ကြေညာချက်နှင့် ပတ်သက်၍ ရဲနှင့် သစ်တော ပူးပေါင်း ကွင်းဆင်းခဲ့ရာ ဘူးထောင့်တွင် မည်သူတစ်ဦးမျှ သစ်ခုတ်ထားခြင်းမရှိ၊ တူမီးသေနတ် ကိုင်ဆောင် သွားလာနေသူမရှိ။
” ဒါက အစိုးရကို သိက္ခာ ချသလို ဖြစ်နေတယ်”  ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောခဲ့သည်။

 
ယင်းကမ်းခြေတွင် လုပ်ကိုင် စားသောက်သူအချင်းချင်း နယ်မြေ အငြင်းပွားပြီး မမှန်မကန် စွပ်စွဲခြင်း များကို မီဒီယာများမှ သေချာစွာစိစစ် မှုမရှိဘဲ သတင်းဖော်ပြလာမှုအပေါ် ထား ဝယ်တိုင်းရင်းသားပါတီမှ ကြေငြာချက် ထုတ်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ” ဖြစ်စဉ်၏ကျောရိုးအခြေခံ ” မှတ်တမ်း တွင် တွေ့ရသည်။

 
နိုဝင်ဘာ ၆ ရက်နေ့တွင် ဝန်ကြီး ချုပ် ဒေါက်တာ လဲ့လဲ့မော် ဦးဆောင် သော တိုင်းအစိုးရအဖွဲ့ လောင်းလုံးမြို့ နယ်တီဇစ်ရွာသို့ဆင်းခဲ့သည်။ တီဇစ် စာသင်ကျောင်းတွင် ရွာသားများနှင့် တွေ့သည်။ ဤရွာတွင် သေနတ်ကိုင် ခြိမ်းခြောက်မှု ရှိသလော ဟု မေးခဲ့သည်။ ရှေ့တန်းတွင် ထိုင်နေသည့် ရပ်မိရပ်ဖနှင့် ရွာမျက်နှာဖုံးများက မရှိဟု ဖြေခဲ့သည်။ ရွာသားများလည်း မရှိဟု ဖြေကြသည်။
” မီဒီယာသမားတွေ ကြားတယ် နော်” ဟု ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ဝန်ကြီး ဦးမြင့်မောင်၏ ဖိတ်ခေါ် ချက်အရ ယင်းတွေ့ဆုံပွဲသို့ လိုက်ပါလာ သော မီဒီယာအဖွဲ့သို့ ပြောသည်။

 
ယင်းတီဇစ်ရွာနှင့် ဘူးထောင့် ကမ်းခြေသည် ၂ မိုင်ခန့်ကွာဝေးပြီး ခြေတစ်တန် လှေတစ်တန် သွားရသည်။
နိုဝင်ဘာ ၇ ရက်နေ့တွင် မီဒီယာ သမားများ ဘူးထောင့်သို့ သွားကြသည်။ နယ်မြေအခြေအနေအရ၊ နိုင်ငံသား တစ်ဦး မီဒီယာသမားတို့၏ ရပိုင်ခွင့်အရ ရဲတစ်ဦးခန့် လိုက်ပါစောင့်ရှောက် ပေးရန် တောင်းဆိုသော်လည်း မရခဲ့ပါ။ သို့သော် အရောက်သွားခဲ့ကြသည်။
ကမ်းခြေတွင် သေနတ်လွယ်ကာ လမ်းလျှောက်နေသူကို တွေ့သူတွေ့ပြီး မတွေ့ဟု ဖြေသူလည်းရှိသည်။ ညဘက် သေနတ်ဖောက်သံများ ကြားရဆဲဟု ဆိုကြသည်။ သစ်ခွဲထုတ်နေသည်ကို တိုင်ကြားပါက ဓားဖြင့် ထိုးသတ်မည်ဟု ရွာသားနှစ်ဦးအား တစ်နေရာတည်း တပြိုင်တည်း အပြောခံရကြောင်း ဖြေသည်။

 
” ကိုယ့်ကို ဓားနဲ့ ထိုးသတ်ဖို့ ပြော ဖူးတဲ့လူက ကိုယ့်မြင်ကွင်းမှာ သေနတ် ကိုင်ပြီး သွားနေတော့ ကြောက်တာပေါ၊့ ညဘက်ဆို ဒီမှာ မအိပ်ရဲတော့ဘူး”  ဟု ယင်းရွာသားကထဲမှ တစ်ဦးက ပြောသည်။လောင်းလုံးမြို့နယ်အတွင်း ရပ်ကျေးအသီးသီမှ ၂၀၁၅ ခု ဩဂုတ် လအတွင်း တရားမဝင် တူးမီးသေနတ် ၅၈ လက် လာအပ်ထားကြောင်း တိုင်းရဲ မှတ်တမ်းတွင် ဖော်ပြသည်။
ဘူးထောင့်ကမ်းခြေနောက်ကျောရှိ ပေတက်(ဒေသအခေါ်ဗေတတ်)တောင်ပေါ်မှ ကမ်းခြေသို့ သစ်အငှားဆွဲ ဖူးသူတစ်ဦးက သစ် ၁ တန်ဆွဲလျှင် ၂၀ ရက်ခန့်ကြာပြီး သူ့ကဲ့သို့ သစ်ဆွဲသူ ၅ ဦးခန့် ရှိသည်ဟု ပြောသည်။

 

photo - Aung Thu
photo – Aung Thu

သူ သစ်ဆွဲအငှားလိုက်ခဲ့သည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်ပြီး သစ်တစ်တန်ဆွဲခ ကျပ် ငါးသောင်းမှ ကျပ်တစ်သိန်းကျော်ထိ ရခဲ့ဖူးပြီး ယခုနွေရာသီမှစ၍ မဆွဲတော့ဟု ဆိုသည်။မီဒီယာသမားများ သစ်တောကြိုး ဝိုင်းဧရိယာ     ပေတက်တောင်ဘက် တော    တိုးကြသည်။
တောဆိုသော်လည်း သစ်ပင်ကြီး တစ်ပင်မျှ မရှိ။ ခြုံများသာ။ ကမ်းခြေမှ နှစ်ဖာလုံခန့်အကွာတွင် အခိုင်အမာ ဆောက်ထားသည့် ဓနိမိုး သစ်ကာသစ် ခင်း မြေစိုက် အိမ်ငယ်တစ်လုံးတွေ့သည်။
နောက် တစ်ဖာလုံခန့်တွင် ဒုတိယ အိမ်ငယ်တစ်လုံး ထပ်တွေ့သည်။ ထို အိမ်အောက်တွင် ခွဲသားသစ်များ တွေ့ရ သည်။

 

အိမ်ကြမ်းခင်းအောက်တွင် ၃ ပေခန့်အရှည်ရှိ ချိန်းစော ဖြတ်စက်သွား တစ်ချောင်း ထိုးထားသည်။ ယင်းအိမ် ငယ်၏ အရှေ့ဘက် မလှမ်းမကမ်းတော အုပ်ထဲတွင် ၆ ပေ ပတ်လည်ခန့်ရှိ လွှစာ မှုန့်ပုံကို တွေ့ရသည်။ လွှစာမှုန့်တစ်ဝိုက် တွင် သစ်ခုံတစ်ခုကို မီးရှို့ထားပုံရသော မီးလောင်သစ်ငုတ်တိုများ၊ ရေသွယ်ပိုက် များနှင့် သစ်ခွဲသားအနည်းငယ်တို့ကို တွေ့ရသည်။
ထိုနေရာတောင်ဘက် ချောင်းငယ် တစ်ဘက်ခြမ်းတွင် ပေါင်လုံးအရွယ် ရော်ဘာပင်တောတစ်ကြီးတစ်ခု တွေ့ရ သည်။ ရော်ဘာပင်အလယ်တွင် တဲသာ သာ အိမ်ငယ်တစ်လုံး ရှိနေသည်။ ယင်း ရော်ဘာခင်းအလွန်တွင် ကိုင်းပင်များ ပေါက်နေသည့် ကွင်းပြင်၊ တောင်စောင်း များကို တွေ့ရသည်။ ကွင်းပြင်များအလွန် ပေတက်တောင် စအတက်တွင် သစ်ဆွဲ ရန် စီမံထားသော ဇလီဖားတုံးငယ်များ တွေ့ရသည်။ ယင်းလမ်းနံဘေး ခြုံများ ထဲတွင်ကား ခွဲသားသစ်ပုံများ။

 
အောက်တိုဘာ ၄ ရက်နေ့တွင် လောင်းလုံးသစ်တောဌာန တာဝန်ရှိသူ များက ဘူးထောင့်ကမ်းခြေအနီး တောစပ် တွင် သစ်ခွဲသား ၁ တန်ခွဲကျော် ဖမ်းမိ ခဲ့ပြီး ပိုင်ရှင် စုံစမ်းဆဲဟု တိုင်းသစ်တော ဌာနမှ သိရသည်။အောက်တိုဘာလ ၆ ရက်နေ့တွင် လည်း သစ်တောနှင့် ရဲများပူးပေါင်းကာ တောစပ်များတွင် ရှာဖွေစစ်ဆေးခဲ့ရာ သစ်ခွဲသား ၁ တန်ကျော် (တိုင်းသစ် တောမှတ်တမ်းတွင် ၁ ဒသမ ၅၃၈၄တန်) ထပ်တွေ့ခဲ့ပြီး ပိုင်ရှင်ဖော်ထုတ်ကာ သစ် ၏ ဒေသတန်ဖိုး ၂ ဆ ဖြစ်သည့် ဒဏ်ငွေ နှစ်သိန်းတစ်သောင်း ပေးဆောင်စေ၍ သစ်အား ပိုင်ရှင်လက်သို့ ပြန်အပ်ခဲ့ ကြောင်း တိုင်းရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။
မီဒီယာအဖွဲ့ ပေတက်တောင်မှ ကမ်းခြေသို့ ပြန်အရောက်တွင် တိုင်း အဆင့် အပါအဝင် ရဲတစ်ဖွဲ့ ဘူးထောင့် ကမ်းခြေသို့ ရောက်နေသည်။
ဘူးထောင့်တွင် အမှန်နေထိုင်သူ များကိုရဲက မေးမြန်းသည်။ ရွာသားများက ကျန်တံငါသည်များ မပြောရဲခဲ့သော အကြောင်းအရာများအား မီဒီသမားများ ရှေ့တွင် ထွက်ဆိုခွင့်ရရန် တောင်းဆိုကြ သည်။ရွာသားများကို ခုံပုလေးတွင်ထိုင် ခိုင်းကာ ခုံအမြင့်တွင်ထိုင်နေသော ဒုတိုင်းရဲမှူးကြီးနှင့် လောင်းလုံးမြို့နယ် ရဲမှူးတို့ကမေးခွန်းပေါင်းစုံ မေးမြန်း ကြသည်။

 
အစစ်ခံရသည့် ရွာသားများ ၏ရင်ထဲမှကြောက်စိတ်ကို လှမ်းမြင်ရ ကြောင်း မီဒီယာ သမားများနှင့်အတူ လိုက်ပါလာသော ထားဝယ်ဖွံ့ဖြိုးရေး အဖွဲ့ (DDA)မှ ကိုသန့်ဇင်အောင်က မှတ်ချက်ပြုသည်။” အမှုကျူးလွန်ထားတဲ့ ရာဇဝတ် သားတွေကို စစ်သလို စစ်နေကြတယ်” ဟု ကိုသန့်ဇင်အောင်က ပြောသည်။

လူနေထိုင်သည်ဟု ယူဆရသောသစ်များစုပုံထားသည့် တဲတစ်လုံးကိုဘူးထောင့်ကမ်းခြေမှလေးဖာလုံခန့်အကွာတွေ့ရစဉ်
လူနေထိုင်သည်ဟု ယူဆရသောသစ်များစုပုံထားသည့်
တဲတစ်လုံးကိုဘူးထောင့်ကမ်းခြေမှလေးဖာလုံခန့်အကွာတွေ့ရစဉ်

နိုဝင်ဘာ ၁၀ ရက်နေ့တွင် ထား ဝယ်တိုင်းရင်းသားများပါတီမှ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပသည်။ တိုင်းရဲမှူးကြီး နှင့်အဖွဲ့ တက်ရောက်သည်။

 

ဘူးထောင့် ဒေသခံများလည်း တက်ရောက်ပြီး ရှင်း ကြလင်းကြသည်။ပွဲပြီးခါနီးတွင် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက အစိုးရအဖွဲ့အနေဖြင့် ဘူးထောင့်ကိစ္စအပေါ် အလေးထား ဆောင်ရွက်နေကြောင်း    ပြောသည်။

 

” ထားဝယ် တိုင်းရင်းသားများ ပါ တီ၏ ကြေညာချက်သည် အစိုးရကို သိက္ခာကျအောင် လုပ်တယ်လို့ (အစိုးရ အဖွဲ့က)ခံယူတယ်လို့ မဟုတ်ပါဘူး ခင်ဗျာ။ မရှိပါဘူး”  ဟု ရဲမှူးကြီးနေမျိုးက ပြောသည်။
ယင်းကဲ့သို့သော ဖြစ်စဉ်မျိုး ဖြစ် နေသည်မှာ ကြာပြီဖြစ်ပြီး ပြဿနာ ရပ်များ၊ သတင်းများကို ရဲတပ်ဖွဲ့မှ ရှာဖွေဖော်ထုတ်ရမည်ဟု ထားဝယ်မြို့မှ ဒေါက်တာသန်းဝင်းက ပြောသည်။ရှင်းလင်းပွဲအပြီးတွင် တက်ရောက် သူတိုင်းနီးပါး အပြုံးကိုယ်စီ ဖူးပွင့်နေကြ သည်ကို တွေ့ရသည်။ ယင်းပွဲသို့ အုပ်ချုပ်ရေး၊ ရဲ၊ ပါတီ၊ ပြည်သူ၊ မီဒီယာ တို့ စုံစုံညီညီ တက်ရောက်ခဲ့ သည်ကို တွေ့ရသည်။
” ကျွန်တော်တို့တွေ ရင်ဘတ်ချင်းပို နီးလာပါပြီ”  ဟု ထားဝယ်တိုင်းရင်းသား များပါတီ ဗဟိုအလုပ်မှုဆောင် ဦးလေးလွင် က ပွဲအပြီးတွင် ကြေညာလိုက်လေသည်။