ဘုတ်ပြင်းပင်လယ်ပြင်တွင် ငါးဖမ်းလှေတစ်စီး မီးလောင်

0
530

ဘုတ်ပြင်းမြို့နယ် ၊ လငန်းကျွန်း နှင့် ပုလဲကျွန်းအကြားတွင် မြိတ်ဝါတန်း ငါးဖမ်းပိုက်လှေတစ်စီးသည် နိုဝင်ဘာ လ ၃ရက်က မီးလောင် နစ်မြှုပ်မူဖြစ်ပွား ခဲ့ကြောင်း ကော့သောင်းခရိုင်ရဲတပ်ဖွဲ့ ထံမှ သိရသည်။


ဘုတ်ပြင်းမြို့မှ ရေပြင် ၁၁မိုင် အကွာတွင် ဖြစ်ပွားခဲ့ပြီး စက်ခန်း အတွင်းမှစတင် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း အထက်ပါ ရဲတပ်ဖွဲ့က ကနဦး သတင်းထုတ်ပြန်သည်။
အောင်လှစိန် အမည်ရှိ ယင်းငါး ဖမ်းလှေတွင် လှေဦးစီးနှင့်အတူ ငါးဖမ်း လှေလုပ်သား ၂၄ ဦး လိုက်ပါလာပြီး အနီးရှိ ငါးဖမ်းလှေများ၏ အချိန်မီ ကယ်တင်မှုကြောင့် အသက် ဆုံးရှုံးမှု မရှိခဲ့ဟု ဘုတ်ပြင်းမြို့နယ် ကမ်းနီးရေ လုပ်သား ဦးတွက်က ဆိုသည်။
လှေနစ်မြုပ်မှု ဖြစ်စဉ်ဖြစ်ပွားရာသို့ တပ်မတော်(ရေ) စစ်ရေယာဉ် ရောက် လာပြီး လိုအပ်သည့် ကူညီ ကယ်ဆယ် မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။