ထားဝယ်ပါတီ ထုတ်ပြန်ချက် အစိုးရကို သိက္ခာချသလိုဖြစ်နေဟု တိုင်းရဲမှူးပြော

0
461

လောင်းလုံးမြို့နယ် အတွင်းရှိ ဘူး ထောင့်ကမ်းခြေတွင် ဥပဒေမဲ့ သစ်ခိုး ထုတ်မှုများ၊ တူမီးသေနတ်ကိုင် ခြိမ်း ခြောက်ခြင်းကြောင့် ဒေသခံများ ကြောက် ရွံ့ပြီး အချို့မှာ နေအိမ်စွန့်ခွာသွားရ သည်အထိ ဖြစ်ပေါ်လျက်ရှိသည်ဟူသည့် ထားဝယ် တိုင်းရင်းသားများပါတီက ထုတ်ပြန်သည့် ကြေညာချက်မှာ အစိုးရ ကို သိက္ခာချသကဲ့သို့ ဖြစ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောကြားလိုက်သည်။


ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် ထားဝယ်တိုင်းရင်းသားများပါတီ၏ ထုတ်ပြန်ချက်တွင် ပါသည့် အချက်များ နှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့အပါအဝင် တာဝန်ရှိသူများက သွားရောက်စစ်ဆေး ရာ ယင်းဖြစ်စဉ်များ လုံးဝမရှိဟု တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောသည်။

 
” ဒါက အစိုးရကို သိက္ခာချသလို ဖြစ်နေတယ်၊ ဒီလိုမျိုး နောင်မဖြစ်အောင် အစိုးရကိုယ်စား တောင်းဆိုလိုတယ်” ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောသည်။ထားဝယ် တိုင်းရင်းသားပါတီကမူ ထုတ်ပြန်ချက်မှာ တစ်ဦးတစ်ယောက် သဘောထားဖြင့် ထုတ်ပြန်ခြင်း မဟုတ် ဘဲ ကြေညာချက်ပါ အချက်အလက်များ မှာ လုံးဝမှားယွင်းမှုမရှိကြောင်း ထားဝယ် တိုင်းရင်းသားများပါတီ (ဗဟို) ဒု – ဥက္ကဋ္ဌ က အာမခံ ပြောကြားသည်။ ” အစိုးရကို သိက္ခာကျစေချင်တဲ့ ဆန္ဒလုံးဝမရှိဘူး၊ ထောက်ပြတာပဲ ရှိ တယ်” ဟု ထားဝယ်ပါတီ ဒုဥက္ကဋ္ဌ ဦးမောင်မောင်အေးက ဆိုသည်။

 
သစ်ခိုးထုတ်မှုများနှင့် သေနတ် ကိုင် ခြိမ်းခြောက်မှုများတွင် သက်ဆိုင်ရာ ဌာန အောက်ခြေ ဝန်ထမ်းအချို့ ပါဝင် ပတ်သက်နေသည်ကို သေချာသည့် အချက်အလက်ဖြင့် ထောက်ပြနိုင်ပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိချင်ကြောင်း ၎င်းက မေးခွန်းထုတ် သည်။
တိုင်းရဲမှူးကမူ ဘူးတောင့်ကမ်း ခြေသို့ သွားရောက် စစ်ဆေးစဉ်တွင် ဒေသခံ ရေလုပ်သား ၁၇ ဦးခန့်ကို မေး မြန်းရာတွင်လည်း သေနတ်ကိုင်ခြိမ်း ခြောက်သည့် ဖြစ်စဉ်မျိုး မတွေ့ရသကဲ့ သို့ စီးပွားဖြစ် သစ်ခိုးထုတ်မှုများ လည်း မတွေ့ရဟု ပြောပြီး ပါတီအနေဖြင့် ၎င်းတို့၏ ကြေညာချက် ထုတ်သည့်အပေါ် တာဝန်ယူသင့်သည်ဟု ယူဆကြောင်း ပြောသည်။

 
ထားဝယ် တိုင်းရင်းသားပါတီဘက် ကမူ ပါတီမှ ထုတ်ပြန်ထားသည့် ကြေ ညာချက်ကို ရုတ်သိမ်းမည်မဟုတ်ဘဲ ယင်းကိစ္စအား အရေးယူဆောင်ရွက်မှု မရှိပါက ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် ပြည်ထောင်စုအဆင့်ထိ တိုင် ကြားသွားမည်ဖြစ်ကြောင်း ပါတီ ဒု ဥက္ကဋ္ဌက ပြောသည်။

 
ယင်းကမ်းခြေတွင် သစ်ခိုးထုတ်မှု၊ သေနတ် ကိုင်ခြိမ်းခြောက်မှုများ အပါ အဝင် လောင်းလုံးဒေသ အေးချမ်းတည် ငြိမ်ရေးအတွက် သတင်းအချက် အလက် များ ဖလှယ်ရန် နိုဝင်ဘာလ ၃ ရက်က လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် မြို့နယ်အဆင့် ဌာနဆိုင်ရာ အချို့နှင့် ထားဝယ်တိုင်းရင်းသားများ ပါတီတို့ တွေ့ဆုံခဲ့ကြကြောင်း မြို့နယ် အုပ်ချုပ်ရေ