ကျိုက်ထီးရိုးတောင်ရှိ လုပ်ငန်းများကို တောင်ဖွင့်ပွဲအမီ ချပေးသွားမည်

0
545

မွန်ပြည်နယ်ကျိုက်ထိုမြို့ရှိ သမိုင်း ဝင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် တောင်ပေါ်က လုပ်ငန်းများကို ကျိုက်ထီး ရိုး တောင်ဖွင့်ပွဲနေ့ဖြစ်သည့် သီတင်း ကျွတ် လပြည့်နေ့အမီ ချပေးသွားမည်ဟု ကျိုက်ထီးရိုး ဂေါပကအဖွဲ့ထံမှ သိရ သည်။


kto_mon_octဂေါပကအဖွဲ့က အောက်တိုဘာလ ၆ ရက်တွင် ကျိုက်ထီးရိုးဒေသအတွင်းရှိ လုပ်ငန်းရှင်များ၊ ဆိုင်ရှင်များနှင့် တွေ့ ဆုံသွားမည်ဖြစ်ပြီး လုပ်ငန်းများနှင့်    ပတ်သက်သည့် စည်းမျဉ်း စည်းကမ်းများ ရှင်းလင်း ချပြသွားမည်ဟု ကျိုက်ထိုမြို့ နယ် မဲဆန္ဒနယ် ၁ မှ     ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သည့် ကျိုက် ထီးရိုးဂေါပက အဖွဲ့ဝင် ဒေါက်တာအေးဇံ က ပြောသည်။
“တောင်ဖွင့်ပွဲ လုပ်ဖို့အတွက် တောင်ပေါ် သန့်ရှင်းရေးတွေရော နောက် လိုအပ်တဲ့ တောင်ပေါ်က လုပ်ငန်းတွေ တင်ဒါပေးဖို့ရယ် အဲဒါ တွေ လုပ်နေတယ်၊ တင်ဒါကတော့ ပြီးခဲ့တဲ့နှစ်က ဈေးနှုန်းအတိုင်းပဲ မနှစ် ကလုပ်ခဲ့တဲ့ လူတွေကိုပဲ လုပ်ငန်း ပြန်ချပေးတယ်၊ အချိန်ကလည်း ကပ် နေတယ်” ဟု ၎င်းက ပြောသည်။

 
ကျိုက်ထီးရိုးဆံတော်ရှင် စေတီ တော် ပရိဝုဏ်နှင့် ဆက်စပ်ဧရိယာ အ တွင်း ဆောင်ရွက်နေသော စီးပွားရေးလုပ် ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက် ကြရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကျိုက်ထီးရိုး ယခင်ဂေါပက အဖွဲ့ သည် စီမံခန့်ခွဲမှု၊ ဝန်ဆောင်မှု ညံ့ဖျင်း မှုများနှင့် ပတ်သက်ပြီးတိုင်ကြားမှုရှိ ခဲ့သည့်အတွက် ကျိုက်ထီးရိုး ဂေါပက အဖွဲ့ကို အသစ်ပြန်လည်ဖွဲ့စည်းရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနကဆုံးဖြတ်ပြီး လက်ရှိတွင် ဂေါပက အဖွဲ့အသစ် ဖွဲ့စည်းပြီး ဖြစ်သည်။