တနင်္သာရီတိုင်းအတွင်း ဆေးဖြတ်လူနာ ကျွန်းစုအများဆုံး

0
498

တနင်္သာရီတိုင်းအတွင်း လက်ရှိ ဆေးဖြတ် ကုသပေးနေသည့် မြို့နယ် ၅ ခုအနက် ကျွန်းစုမြို့နယ်တွင် ဆေး ဖြတ် လူနာအများဆုံး ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။


မူးယစ်ဆေးစွဲသူများကို စက်တင် ဘာလမှ စပြီး ဆေးဖြတ်ကုသပေးလျက် ရှိရာ ကျွန်းစုမြို့နယ်တွင် ဆေးဖြတ်သူ ၉၄ ဦးရှိကာ အများဆုံးဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးက ပြောသည်။ဆေးဖြတ်ကုသမည့် မူးယစ်ဆေးစွဲ လူနာများကို ဖမ်းဆီးအရေးယူမှု တစ်စုံ တစ်ရာ ပြုလုပ်မည် မဟုတ်ဘဲ လက်ရှိ အချိန်တွင် တိုက်နယ်ဆေးရုံသို့ သွား မည့် လမ်းစရိတ်ပင် ထောက်ပံ့ပေး လျက်ရှိကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူး ကြီး နေမျိုးက ရှင်းပြသည်။

drug_people_dw
ဆေးဖြတ်သူ အများစုမှာ ရေလုပ် သားများဖြစ်ပြီး အများစုမှာ ဆေးသုံး ချိန် မကြာသေးသည့်အတွက် ဆေးရုံ တင် ကုသရသူမရှိဘဲ တစ်ပတ်စာ သောက်ဆေးပေးကာ အိမ်ပြန်ကုသရသူ များကြောင်း ၎င်းက ပြောသည်။လက်ရှိတွင် မြိတ်မြို့နယ် ပြည် သူ့ဆေးရုံ၊ ကျွန်းစုမြို့နယ်ဆေးရုံ၊ ကံ  မော်တိုက်နယ်ဆေးရုံ၊ တနင်္သာရီမြို့နယ် ဆေးရုံ၊ တကူတိုက်နယ်ဆေးရုံ၊ ဘုတ် ပြင်းမြို့နယ် ပြည်ကြီး မဏ္ဍိုင်ဆေးရုံနှင့် ကော့သောင်းမြို့နယ်ဆေးရုံ စသည်တို့ တွင် ကုသပေးလျက်ရှိသည်။
ကျန်သည့် ထားဝယ်ခရိုင်အတွင်း ၄ မြို့နယ်နှင့် ပုလောမြို့နယ်တို့တွင် လည်း ဆေးဖြတ် အစီအစဉ်များ ပြုလုပ် သွားမည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရ သည်။တိုင်းအတွင်း မြို့နယ်များရှိ မူး ယစ်ဆေး သုံးစွဲနေသည့် ဦးရေနှင့် နှိုင်း ယှဉ်ပါက ဆေးဖြတ်သူဦးရေ အင်မတန် နည်းနေသေးသည်။

 
ဆေးဖြတ်ကုသမည့်သူများကို မဖမ်းဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသော်လည်း ဖမ်းမည်ကို စိုးရိမ်နေ သူများ၊ နောက်ပိုင်းအတွင်း သံသယဖြင့် စောင့်ကြည့်မည်ကို စိုးရိမ်သူများရှိဆဲ ဖြစ်သည်။