“ြ ပည်သူကို ပြန်ပြန် မခိုင်းပါနဲ “

0
798

ပြောရန် စောသေးသည်ဟု သဘော ပိုက်ကာ နှုတ်ဆိတ်နေပါသည်။ ခုတော့ ပြောရန်အချိန်ကျ ပြောရပါတော့မည်။
အခြား မဟုတ်ပါ။ တိုင်းအစိုးရ အဖွဲ့ဝင်များ လွယ်လင့်တကူ ပြောနေ သော ” ကျွန်မကို တိုက်ရိုက်တိုင်ပါ ” ၊    “ကျွန်တော့်ဆီကို စာနဲ့ ဓာတ်ပုံလေး တွဲပို့ လိုက်ပါ ” ဟူသော စကားများ၏ လားရာ နှင့် သက်ရောက်မှု အတိုင်းအတာကို သတိချပ်မိစေရေး ဖြစ်ပါသည်။


လတ်တလောတွင် ” စံမမီ ဆောက် လုပ်ရေးလုပ်ငန်းများ တွေ့ရှိက ကျွန်မကို တိုက်ရိုက် တိုင်ပါ ” ဟု ဝန်ကြီးချုပ်က ဆိုခဲ့သည်။ ယင်းသည် ပြည်သူ့အသံကို နားထောင်လိုစိတ်ရှိသော အစိုးရဟု ယေဘုယျအားဖြင့် ကောက်ချက် ချနိုင်ပါ သည်။ ကျေးဇူးလည်း တင်ပါသည်။
ပွင့်လင်းရာသီ ရောက်လာပြီ။ ကျောင်း၊ လမ်း၊ တံတား စသည့် အစိုးရ တင်ဒါစနစ် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်နေ ကြသည်ကို တွေ့နေရပါပြီ။ ဆောက် လုပ်မည့် အဆောက်အဦပုံစံ အဆင့်ဆင့်၊ သုံးစွဲမည့် ပစ္စည်းအသေးစိတ်ကို လုပ်ငန်း ခွင်အနီးတွင် ဘေဘုတ်များ ထောင်ပြ ထားရန် တိုင်းအစိုးရအဖွဲ့မှ ညွှန်ကြား ထားသည်ဟု ကြားသိရသဖြင့် တွေ့သည့် နေရာ ရပ်ကာ စပ်စုမိပါသည်။ တချို့ လုပ်ငန်းခွင်များတွင် ဗွီနိုင်းဘေဘုတ်များ ကို တွေ့ရသဖြင့် မဆိုးလှဟု ထင်မြင်မိ ပါသည်။

 

သို့သော် သေသေချာချာ ဖတ်ကြည့် သောအခါမှ အတော်များများက အသေး စိတ် အချက်အလက်များ မတွေ့ရ။ တည်ဆောက်မည့် ပုံစံချော တစ်ပုံနှင့် အတူ တာဝန်ယူ ဆောက်လုပ်သည့်ကုမ္ပဏီ အမည်၊ ဆောက်လုပ်ရေး အဖွဲ့အမည်၊ အင်ဂျင်နီယာအမည်နှင့် ဖုန်းနံပါတ်များ သာ ရေးထားသည်ကို တွေ့ရသည်။

dont_make_people
စံမီ မမီ မည့်သို့ ကြည့်အပ်နည်း။တစ်ဆက်တည်း ဆင်ခြင်ရမည်မှာ အဆောက်အဦတစ်ခု၏    အောက်ခံဖောင် ဒေးရှင်းမှအစ ခေါင်းမိုးအထိ အစအဆုံး ထောင်ပြထားသည့်တိုင် သာမန်အရပ် သားများ နားလည်ဖို့ မလွယ်နိုင်။ တွက် ချက်မှု ပုံစံများက ကျွမ်းကျင် အင်ဂျင်နီ ယာတို့၏ အသုံးအနှုန်းများသာ ဖြစ်လေ သည်။ ပညာရှင် အဆင့်သာ ကြည့်ရန် ဆိုက ဘေဘုတ်ထောင်လည်း မထူးနိုင်။

 
ထပ်ဆင့် အတွေးပွားရမည်မှာ..၊ အကယ်၍ ဆောက်လုပ်ရေး ကုမ္ပဏီ ဘက်မှ သဘောထားကြီးစွာ သာမာန် အရပ်သား  နားလည်နိုင်သည့်     အသုံး  အနှုန်းများဖြင့် ရေးသားထောင်ပြထား သည့်တိုင် မည်သည့် အရပ်သားက အချိန်ပြည့် စောင့်ကြည့် နေနိုင်မည်နည်း။ အားလုံးက ကိုယ့်တာဝန်နှင့်ကိုယ်၊ ကိုယ့် အလုပ်နှင့်ကိုယ်။ လမ်းပေါ်က အရူးပင် သူစားဖို့ သူရှာရသည် မဟုတ်ပါလော။

 
ပြည်သူတစ်ယောက်အနေဖြင့် အစိုး ရအဖွဲ့ထံ စာတစ်စောင်ရေးဖို့၊ စကား တစ်ခွန်း ပြောခွင့်ရဖို့ မည်မျှကြိုးစား အားထုတ်ရသည်ကို သာမန်ပြည်သူ ဘ၀က လာသော အစိုးရအဖွဲ့ဝင်များ သိပြီး ဖြစ်ပါလိမ့်မည်။ ဝေးလံခေါင် သီသော ဒေသများ မဆိုထား အစိုးရရုံး စိုက်ရာ နယ်တစ်ဝိုက်က အရပ်သားများ ပင် ရုံးကနားကိစ္စ အလုပ်ရှုပ် မခံလိုကြ။ တချို့ဆိုလျှင် မီးသတ်ဝတ်စုံ မြင်လျှင်ပင် ဒူးတုန်နေကြဆဲ။
မိမိတို့နှင့် တိုက်ရိုက် မပတ်သက် သည့် လွှဲသာရှောင်သာ တိုင်စာတစ်စောင် အား အချိန်ကုန် ငွေကုန်ခံပြုစုပြီး အစိုးရ အဖွဲ့ရုံး၏ ဂိတ်အဆင့်ဆင့်ကို ဖြတ်ကာ ဝန်ကြီးချုပ်လက်ထဲအရောက် လာပို့မည့် သူ အတော်ပင် ရှားပေလိမ့်မည်။ မိမိ ကိုယ်ကျိုးမပါဘဲ ယင်းသို့ ရွပ်ရွပ်ချွံချွံ တိုင်စာလာပို့သူအား မှတ်တမ်းတင် ဂုဏ် ပြုထိုက်ပေတော့မည်။

 
သို့ကြောင့် ” ကျွန်မကို တိုက်ရိုက် တိုင်ပါ ”  ဟူသည့်စကားသည် မြေပြင် အခြေအနေတွင် အိပ်မက်ဆန်လွန်းနေ သည်။ ယင်းသို့ တိုင်တောလိုသူ ရှိလျှင် ပင် ပြည်သူ့နှင့် အစိုးရကြားမှ အဆင့် ဆင့်သော ဌာန၊ အဖွဲ့အစည်းများအား ရေသာခို အချောင်လိုက်ချင်စိတ် မွေးမြူ စေသလို ဖြစ်စေတော့သည်။ယုံကြည်အားကိုးလောက်သည့် နား နှင့် မျက်စိများ မွေးမြူပြီး ခိုင်မာတောင့် တင်းသည့် သတင်းကွန်ရက်များ ဖြန့် ကျက် တည်ဆောက်ထားရမည်မှာ အစိုးရ တစ်ရပ်၏ တာဝန်သာ။

 
ဆောက်လုပ်ရေး ကိစ္စမျိုးဆိုပါက အင်ဂျင်နီယာကြီး(တတ်သိပညာရှင်)များ ပါဝင်သည့် တင်ဒါလုပ်ငန်း စိစစ်ရေး ကော်မတီများကို ယုံကြည်နိုင်လောက် သည့် အခင်းအကျင်းများအောက်တွင် အားကောင်းမောင်းသန် ဖန်တီးဖွဲ့စည်း ကာ မောင်းနှင်ကွပ်ကဲ စီမံခန့်ခွဲ စောင့် ကြည့်စေခြင်းက ပိုသင့်တော်လိမ့်မည် မဟုတ်လော။

 

ပြည်သူ့ဘဏ္ဍာများ အလေအလွင့် မရှိစေရန် စောင့်ကြည့်ရေး ပြည်သူတိုင်း တွင် တာဝန်ရှိသည်ကို လက်ခံပါသည်။ သို့သော် သာမန်အရပ်သားတစ်ဦးက မိမိ အကျွမ်းမဝင်သည့်ကဏ္ဍတွင် နိုင်နိုင် နင်းနင်း စိစစ်ကာ အချက်အလက်ပိုင်ပိုင် တိုင်တန်းဖို့အရေး ထင်သလောက် မလွယ် နိုင်။

 
သို့ကြောင့် ယင်းကိစ္စများ အပါ အဝင် ပြည်သူကို ပြန်လည် တာဝန်ပေး သည့် အချို့ကိစ္စကြီးငယ်များမှာ ပြည် သူကို မျက်နှာမူသလိုလိုနှင့် ပြည်သူကို ဝန်ပိုစေပြီး ” ပိုးသာကုန်၊ မောင်ပို စောင်း မတတ် ”  ဖြစ်နေပါလိမ့်မည်။
ပြည်သူကို မျက်နှာမူခြင်း၊ ပြည်သူ လူထု၏ ပါဝင်ပူးပေါင်းမှု၊ ပြည်သူ၏ သဘောထားကို အလေးထားခြင်းတို့သည် ပြည်သူအား ခိုင်းခြင်းနှင့် ကွဲပြားပါသည်။
ထပ်ပြောရလျှင် ” တိုင်ပါ၊ စာရင်း ပေးပို့ပါ၊ ဓာတ်ပုံရိုက်ပြီး တင်ပေးပါ၊ လက်မှတ်စုပြီး တောင်းဆိုပါ၊ တရားစွဲ လိုက်ပါ.. ” စသည့် စကားရပ်များသည် ပြည်သူကို ပြန်ပြန်ခိုင်းသလို ဖြစ်နေ သည်။ ပြည်သူကို မလိုအပ်ဘဲ ဝန်ပိစေ သည်။ အလုပ်အကိုင် ပျက်စေ၊ အချိန်ပို ကုန်သည်။
” တိုင်ပါ ” ဆိုသည်နှင့် တိုင်စာ အတွက် အလုပ်ရှုပ်ရသည်။ ဓာတ်ပုံရိုက် ကာ ဓာတ်ပုံဆိုင် ပြေးရသည်။ ကွန်ပြူ တာဆိုင်တွင် ဇယားကွက်စီကာ လက် မှတ် လိုက်စုရပြန်သည်။ တရားစွဲလိုက် ဆိုက ရှေ့နေခ ကုန်ရပြန်သည်။ ရုံးကနား သွားရင်း အချိန်ကုန်ရ ပြန်သည်။ပြည်သူကို မျက်နှာမူချင်းဆိုသည်မှာ ပြည်သူ့ကိုယ်စား အလုပ်လုပ်ခြင်းကို ဆိုလိုကြောင်း မေ့ထားကြလေပြီလော။
သာဓက တစ်ခု ထုတ်ပြလိုသည်။

 
လောင်းလုံးမြို့နယ် သဘော့ဆိပ် ချောင်း ရေတိုက်စားကာ ကမ်းပါးပြို သည်။ ရွာသားများ ကိုယ်ထူကိုယ်ထ ပြုပြင်ကြသည်။ တိုင်းအစိုးရဖွဲ့ဝင် ဝန်ကြီး ၅ ဦးနှင့် ဌာနဆိုင်ရာများ စက်တင်ဘာ ၁၀ ရက်တွင် ဆင်းကြည့် သည်။ ဓာတ်ပုံတဖျတ်ဖျတ် ရိုက်ကြ သည်။ အချက်အလက်များကို မေးကြ သည်။ နောက်ဆုံးတွင် ဝန်ကြီးအဖွဲ့က ကျေးရွာ ခေါင်းဆောင်များအား မှာ ကြားသည်။
” အဖြစ်အပျက် အကျဉ်းချုပ် စာရေး ပြီး မှတ်တမ်းဓာတ်ပုံလေးနှင့် တွဲတင် ပေးပါ ” ဟူ၏။

 
အံ့ဩရပါသည်။ ဝန်ကြီးများ၊ ဌာန ဆိုင်ရာများ ကိုယ်တိုင် ကွင်းထဲ လိုက်လံ ကြည့်ရှု မေးမြန်းပြီးမှ၊ အဖြစ်အပျက် အားလုံး အစိုးရဝန်ကြီးများ ကိုယ်တိုင် မြင်ရ ကြားရပြီးမှ ပြည်သူကို ပြန်ခိုင်းရက် လေခြင်းဟု တွေးတွေးကာ အသည်းနာရ ပါသည်။
ယင်းသို့သော အဖြစ်အပျက်မျိုး မကြာမကြာ ကြားနေရပါသည်။ မထင် မှတ်ပါဘဲ ပြည်သူလူထုကို “လွှတ်ခနဲ ”  ခိုင်းခိုင်းမိနေသော အကျင့်သည် အရိုးစွဲ သွားလျှင် ဖျောက်ရခက်လိမ့်မည်။ ကြာ လျှင် ယင်းကိုပင် အမှန်တရားဟု ထင် လာနိုင်သည်။

 
အစိုးရဆိုသည်မှာ ပြည်သူ့ကိုယ် စား အလုပ်လုပ်ပေးရသော အဖွဲ့ပင် ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် အစိုးရ သည် ပြည်သူ့လစာ စားသည့် ပြည်သူ့ ဝန်ထမ်းဖြစ်သည် (တချို့က ကိုယ့်ကိုယ် ကို ပြည်သူ့အစေခံဟုပင် သုံးလိုက်ကြ သေး)။  ပြည်သူက မိမိတို့၏ နိစ္စဓူဝ ဗာဟီရ အလုပ်များဖြင့် မအားလပ်သော ကြောင့် နိုင်ငံ့အရေး အရာကိစ္စများကို မိမိတို့၏ကိုယ်စား လုပ်နိုင်ရန် ကိုယ်စား လှယ်များ ရွေးချယ် စေလွှတ်ထားခြင်းသာ ဖြစ်သည်။ ယင်းအတွက် နိုင်ငံ့အရေးအရာ လုပ်သည့်(အစိုးရ)အား ပြည်သူက ထိုက် တန်သော လုပ်အားခ(အခွန်ငွေ)များ ပေး ထားပြီးဖြစ်သည်။
ရှင်းရှင်းဆိုသော် ပြည်သူသည် အစိုးရအား အလုပ်လုပ်ရန် လုပ်အားခ ပေးထားပြီး ဖြစ်သည်။ အစိုးရကလည်း ယင်းလုပ်အားခကို ကြည်ဖြူစွာယူ၍ တာဝန်ကျေအောင် ထမ်းပါမည်ဟု ကျမ်း ကျိန်ထားပြီး ဖြစ်သည်။သို့ကြောင့် အစိုးရသည် ပြည်သူကို ပြန်ခိုင်းက ကျမ်းစူးတတ်သည်။ သတိ ချပ်ပါလေ..။
” ကျွန်မတို့က ပြည်သူ့ကျွန်တွေပါ၊ ကျွန်မကတော့ ကျွန်ခေါင်းဆောင်ပေါ့ ”  ဟူသည့် အစိုးရသစ်တက်စဉ် ပြောခဲ့ သည့်စကားကို ပြန်ပြန်သတိရနေစေချင် သည်။
မဲဆွယ်စဉ်ကလည်း တွင်တွင်ပြောခဲ့ ကြဖူးပါသည်။
” ကျွန်တော်တို့ကို ခိုင်းပါ ” ၊ ” ကျွန်မ တို့ကို ခိုင်းပါ ” ။
ပြောရန် စောသေးသည်ဟု သဘော ပိုက်ကာ နှုတ်ဆိတ်နေပါ သေးသည်။ ခုတော့ ပြောရန်အချိန်ကျ ပြီမို့ ပြောလိုက် ရပါသည်။
“ပြည်သူကို ပြန်ပြန် မခိုင်းပါနဲ “။