လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်ဧရိယာပါကျွန်းတွင် ရွှေတူးရန် တိုင်းအစိုးရ သဘောတူမည်မဟုတ

0
452

လန်ပိ အဏ္ဏဝါ အမျိုးသား ဥယျာဉ် ဧရိယာပါ ဘိုလော့ကျွန်း(ခ) ခါးပြတ် ကျွန်းတွင် ရွှေတူးဖော်မည့်ကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုအစိုးရက သဘောထားမှတ်ချက် တောင်းခံလာ ပါက တိုင်းအစိုးရအနေဖြင့် “ခွင့်မပြု သင့်” ဟု သဘောထားမှတ်ချက်ပေး မည်ဖြစ်ကြောင်း  တနင်္သာရီတိုင်း ဒေသ ကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက ပြောသည်။


ယင်းကျွန်းသည် ကော့သောင်း မြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု မကြုံဂလက်ကျေးရွာအနီးတွင် တည်ရှိ သည်။
တနော်သရီ ကညော ဖွံ့ဖြိုး တိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီမှ ခါးပြတ်ကျွန်းပေါ်တွင် ရွှေရှာ ရန် သဲစမ်းသပ်တူးဖော်နေသည်ကို ဒေသခံများက တိုင်ကြားသဖြင့် လန်ပိ အဏ္ဏဝါ အမျိုးသားဥယျာဉ်အုပ်ချုပ် ရေးမှူးရုံးမှ ကန့်ကွက်ခဲ့ပြီး ဇွန် ၉ ရက် က လုပ်ငန်းရပ်ဆိုင်းခိုင်းထားသည်။
“လုပ်ငန်းလုပ်ဖို့  ခွင့်ပြုတာကတော့ ပြည်ထောင်စုဝန်ကြီးအဖွဲ့ကပဲ ဆုံးဖြတ် ပေးလို့ရတယ်၊ ဒါပေမဲ့ ခွင့်မပြုခင် တိုင်း ဒေသကြီးကို သဘောထားမှတ်ချက် တောင်းတယ်၊ တိုင်းဒေသကြီး သယံဇာ တနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး အနေနဲ့ကတော့ ခွင့်ပြုဖို့ သဘော ထားမှတ်ချက် လုံးဝပေးမှာ မဟုတ်ဘူး” ဟု ဝန်ကြီး ဦးမြင့်မောင်က ဆိုသည်။
လန်ပိအမျိုးသား အဏ္ဏဝါ ဥယျာဉ် ဧရိယာသည် သဘာဝပျက်စီးနိုင်သည့် မည်သည့်စီးပွားရေးမျှ လုပ်ခွင့်မရှိဘဲ ကန့်သတ် ဧရိယာထဲတွင် တူးဖော်မှု တစ်စုံတစ်ရာ ပြုလုပ်ပါက  တောရိုင်း တိရိစ္ဆာန် သဘာဝအပင်များ ကာကွယ် ရေးနှင့် သဘာဝနယ်မြေများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ-(၃၅၊၃၆)အရ တရားစွဲဆိုနိုင်သည်ဟု လန်ပိ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
လန်ပိအမျိုးသား အဏ္ဏဝါ ဥယျာဉ်အား ၁၉၉၆ ဩဂုတ် လ ၂၀ ရက်နေ့က သဘာဝဥယျာဉ်နေရာအဖြစ် တရားဝင် သတ်မှတ်ခဲ့ပြီး ဧရိယာ ၅၀၅၂၉ ဧကရှိကာ ယခုရွှေရှာရန် သဲတူးနေသည့်နေရာများသည် အဆိုပါ ဧရိယာထဲတွင် ပါဝင်နေသည်။